ဆန်မှောင်ခိုဂိုဏ်းများ တရုတ် ဖြိုခွင်းမှုကြောင့် မူဆယ်ဆန် ဈေးကွက် ရပ်ဆိုင်းလုနီးဖြစ်

ဆန်မှောင်ခိုဂိုဏ်းများ တရုတ် ဖြိုခွင်းမှုကြောင့် မူဆယ်ဆန် ဈေးကွက် ရပ်ဆိုင်းလုနီးဖြစ်
ရန်ကုန်၊ ဇွန် ၁၆
တရုတ်နိုင်ငံတွင် ဆန်မှောင်ခိုဂိုဏ်း များကို တရုတ်အာဏာပိုင်များက ဖမ်းဆီး လျက်ရှိရာ ယင်းသို့ဖမ်းဆီးမှုကြောင့် တရုတ် သို့တင်ပို့နေသည့် မူဆယ်ဆန်ဈေးကွက် မှာ အရောင်းအဝယ်မရှိဘဲ ရပ်ဆိုင်း လုနီးဖြစ်နေသည်ဟု မူဆယ်ဆန်ကုန်သည် အသိုင်းအဝန်းက ဆိုသည်။
ဆန်မှောင်ခိုဂိုဏ်းများသည် မြန်မာ နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်များကို တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် ကွမ်စီး ကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တစ်ဆင့် ဆန်တန်ချိန်သုံးသိန်းမှောင်ခို တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဆန်မှောင်ခိုဂိုဏ်းများကို ရဲအရာရှိ ၄၀၀ ကျော်အသုံးပြုခဲ့သည့် ဖြိုခွင်းမှုမှ တရားခံ ၃၉ ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါဆန်မှောင်ခိုမှုသည် ကာလ ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်မည်ဟု ဆင်ဟွာက ဆိုသည်။
ဆန်မှောင်ခိုဂိုဏ်းများကို ဖမ်းဆီးမှု ကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဆန် ဈေးကွက်ရှိ မြန်မာကုန်သည်များ၏ တရုတ်နိုင်ငံဘက်ရှိ ဘဏ်ငွေစာရင်းများ ကိုလည်း တရုတ်အာဏာပိုင်များက ယာယီထိန်းသိမ်းထားလိုက်သည်ဟု မူဆယ်ဆန်ကုန်သည် ဦးမင်းသိန်းက ပြောကြားသည်။
ဘဏ်ငွေစာရင်းများ ထိန်းသိမ်းခံရ သူများတွင် မြန်မာဆန်ကုန်သည်များသာ မက သကြားကုန်သည်များလည်း ပါဝင် သည်ဟု ၎င်းကဆိုသည်။
ထို့ကြောင့် မူဆယ်ခရိုင်အုပ်ချုပ် ရေးမှူးများဦးဆောင်၍ မူဆယ်တစ်ဖက် ကမ်းရှိ ရွှေလီတရုတ်အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း မူဆယ် ဆန်ကုန်သည်များကဆိုသည်။
ဆန်ကုန်သည်များ၏ခန့်မှန်းချက် အရ မူဆယ်ဆန်ဈေးကွက်မှာ လာမည့် သီတင်းတစ်ပတ်ခန့်ကြာသည့်တိုင် အရောင်း အဝယ် ရပ်ဆိုင်းနေဦးမည်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *