နယ်ခြားစောင့်ရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံထားရသူ တရားရုံးထုတ်စဉ် သေဆုံး

နယ်ခြားစောင့်ရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံထားရသူ တရားရုံးထုတ်စဉ် သေဆုံး
ရန်ကုန်၊ ဇွန် ၁၆
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူတစ်ဦးမှာ တရားရုံး အချုပ်ခန်းတွင် သေဆုံးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည် ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အာလီ မူလာဆိုသူကို ဇွန် ၁၅ ရက်နေ့က စစ်တွေ မြို့နယ် တရားရုံးသို့ ရုံးထုတ်လာရာ တရား ရုံးအချုပ်ခန်း၌ ထိန်းသိမ်းထားစဉ် ဗိုက် အောင့်သည်ဟုပြောဆိုပြီး သတိလစ်သွား ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မြို့နယ်တရားသူကြီး၏ ခွင့်ပြုချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အာလီ မူလာကို စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရာ လမ်းခရီးတွင် သေဆုံး ခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် အမှုဖွင့်စစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မောင်တောဒေသတွင် နယ်ခြား စောင့်ရဲစခန်းများကို အကြမ်းဖက်တိုက် ခိုက်ရာတွင်ပါဝင်သဖြင့် ဖမ်းဆီးခံရသူ များအနက် အသက် ၁၆ နှစ်အောက် ကလေးခြောက်ဦးရှိပြီး ယင်းအနက် တစ်ဦး မှာလည်း ရောဂါဖြင့်သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *