တရုတ်နိုင်ငံဘဏ်များတွင် စာရင်းအပိတ်ခံရမှု မူဆယ်တွင် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇွန် ၁၆
တရုတ်နိုင်ငံရှိဘဏ်များတွင် ဖွင့် လှစ်ထားသော ဘဏ်စာရင်းများ အပိတ် ခံရသည့် မြန်မာကုန်သည် ၁၃၂ ဦး အပါအဝင် ကုန်သည် ၃၀၀ ကျော်တို့သည် ဇွန်လ ၂၃ ရက်နေ့က မူဆယ်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော် ထုတ်ကြကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။

၎င်းတို့သည် သက်ဆိုင်ရာခွင့်ပြု မိန့်ဖြင့် ဇွန်လ၂၃ ရက်နေ့တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ “ငါတို့ရဲ့ ချွေးနည်းစာ ပြန်ပေး” “ငါတို့ကို အသက် ရှင်ခွင့်ပေး” “မတရားသိမ်းယူထားသော ဘဏ် အကောင့်များ ပြန်ဖွင့်ပေး” “ငါတို့ကို တရားဝင်တန်းတူ ကုန်သွယ်မှုကိုဆောင် ရွက်ပေး” “တရုတ်-မြန်မာ ဆွေမျိုးပေါက် ဖော်ချစ်ကြည်ရင်းနှီးမှု ဘယ်မှာလဲ” စသည့် အချက် ၁၀ ချက်ပါ ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။

တရုတ်နိုင်ငံဘက်မှ ဘဏ်စာရင်း ပိတ်သိမ်းခံရသော မြန်မာကုန်သည် အများစုမှာ ဆန်၊ ပဲ၊ ပြောင်းကုန်သည် များဖြစ်ပြီး ကုန်သွယ်မှုပြုရာတွင် တရုတ် ကုန်သည်က ကုန်တန်ဖိုးကို တရုတ်နိုင်ငံ ဘက်ရှိ ဘဏ်များတွင် ဖွင့်ထားသောဘဏ် စာရင်းမှတစ်ဆင့် ငွေပေးချေခြင်းဖြစ်သည့် အတွက် မြန်မာကုန်သည်များက တရုတ် နိုင်ငံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီး ကုန်သွယ်ခြင်းဖြစ်ကြောင်း ဆန်ကုန်သည် တစ်ဦးဖြစ်သူ ဦးစိုင်းကျော်မြင့်ကပြော ဆိုသည်။

တရုတ်နိုင်ငံဘက်က ဘဏ်စာရင်း ငါးထောင်ကျော်ကို ဇွန်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်သိမ်းလိုက်ပြီး ယင်းပိတ်သိမ်း ခံရသော ဘဏ်စာရင်းထဲတွင် မြန်မာ ကုန်သည် ၁၃၂ ဦး၏ ဘဏ်စာရင်းများ လည်း ပါဝင်ခဲ့ကြောင်း၊ ယင်းအတွက် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံ ရွှေလီမြို့တွင် တရုတ်ဘက်မှ တာဝန် ရှိသူများနှင့် ဘဏ်ငွေစာရင်းယာယီပိတ် သိမ်းခံရသော မြန်မာကုန်သည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ Mr. Chen Chen က တရုတ်-မြန်မာနယ်စပ်ဒေသ၏ တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသ စီးပွားကုန်သွယ်ရေးရေရှည် ဖွံ့ ဖြိုးတိုး တက်မှုကို မြှင့်တင်ရန်တို့အတွက် လတ်တ လော၌ တရုတ်သက်ဆိုင်ရာဌာနများသည် တရားမဝင်လှုပ်ရှားမှုများကို စုံစမ်းစစ် ဆေးရာတွင် ဥပဒေအရ တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ကုန်သွယ်ရေးလုပ်ကိုင်သော မြန်မာကုန်သည်အချို့၏ ဘဏ်ငွေ စာရင်းများကို ယာယီပိတ်သိမ်းခဲ့ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် နေပြည်တော်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *