မြန်မာကုန်သည်များကို ဘဏ်စာရင်းအသစ်ဖွင့်ပေးရန် တရုတ်ဘက်သို့ တောင်းဆိုထား

မြန်မာကုန်သည်များကို ဘဏ်စာရင်းအသစ်ဖွင့်ပေးရန် တရုတ်ဘက်သို့ တောင်းဆိုထား

ရန်ကုန်၊ ဇွန် ၂၃

မူဆယ်နယ်စပ်တွင် တရုတ်ဘက်မှ ဘဏ်စာရင်းအပိတ်ခံရသည့် မြန်မာကုန် သည်များကို ဘဏ်စာရင်းအသစ်ဖွင့်ပေး ရန် တရုတ်နိုင်ငံသို့ တောင်းဆိုထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဆိုသည်။
ဇွန်လ ၂၃ ရက်က ပြုလုပ်သည့် ဒုတိယသမ္မတ (၁) ဦးဆောင်သည့် အစိုးရ အဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ လစဉ် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တွေ့တဲ့အခါမှာ လောလောဆယ် ပိတ်ထားတဲ့ အကောင့်တွေနဲ့မလုပ်ဘဲနဲ့ အကောင့်သစ်ဖွင့်ပါတဲ့။ အားလုံးလက်ခံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်” ဟု တရုတ်နိုင်ငံဘက်မှ ပြန်ကြားချက် ကို ဦးရန်နိုင်ထွန်းက ပြန်လည်ပြောပြ သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ABC (Agricultural Bank of China) ဘဏ်တွင် ထုတ်ယူခွင့်မရသည့် မြန်မာ ကုန်သည်များ၏ ငွေစာရင်းမှာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့စာရင်းများအရ တရုတ် ယွမ်ငွေ ၁၉၈ ဒသမ ၅ သန်း (ကျပ် ၃၉ ဒသမ ၅ ဘီလီယံကျော်) ရှိသည်ဟု ဦးရန်နိုင်ထွန်းကဆိုသည်။
အဆိုပါစာရင်းကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဆန်ကုန်သွယ်မှုမှာ ပုံမှန် နေ့စဉ် ယာဉ်အစီးရေ ၁၀၀ ရှိရာမှ ဘဏ် စာရင်းအပိတ်ခံရမှုကြောင့် လက်ရှိတွင် အစီးရေ ၆၀ ခန့် ကုန်သွယ်မှုပြုလုပ်နေ ကြောင်း သိရသည်။

ယခုကဲ့သို့ ဘဏ်စာရင်းပိတ်ခြင်း သည် အွန်လိုင်းလောင်းကစားပြုလုပ်သူ များကို ပစ်မှတ်ထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တစ်ဆက်တည်းပင် မြန်မာကုန် သည်များ၏ ဘဏ်စာရင်းများလည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်ဟု တရုတ်သံရုံး က ထုတ်ပြန်ထားသည်။
နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်းရာတွင် အမှန်တကယ်ကုန်သွယ်မှု ပြုလုပ်သူများ၏ စာရင်းကို တရုတ်နိုင်ငံ ဘက်မှ မြန်မာအစိုးရသို့ တောင်းဆိုထားပြီး အဆိုပါစာရင်းပေးပို့ပြီးနောက် ဘဏ် စာရင်းပြန်လည်ဖွင့်လှစ်ရန် အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု တရုတ်ဘက်က ကတိပြုထားကြောင်း ဒုတိယသမ္မတ(၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ ပွဲမှ သိရသည်။

ဘဏ်စာရင်းအပိတ်ခံရသည့် မြန်မာ ကုန်သည်များက ဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် မူဆယ်မြို့၌ ဇွန်လ ၂၃ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *