မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးခံရသည့် တေးသံရှင်ထူးအယ်လင်းနှင့် ကော်ဘရာ အာမခံရ

မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးခံရသည့် တေးသံရှင်ထူးအယ်လင်းနှင့် ကော်ဘရာ အာမခံရ

ရန်ကုန်၊ ဇွန် ၂၃

ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် မူးယစ်ရမ်း ကားခဲ့ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်သော လက်နက်ကိုင်ဆောင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် တေးသံရှင် ထူးအယ်လင်း နှင့် ကော်ဘရာတို့ကို ဇွန်လ ၂၃ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးက အာမခံပေးလိုက် သည်။
ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်အရေးယူခံရသည့် ယင်း တေးသံရှင်နှစ်ဦးမှာ ဇွန်လ ၂၂ ရက် ည ၉ နာရီခန့်က မူးယစ်ရမ်းကားခဲ့သည်ဆိုသော သတင်းမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သောကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့စစ်ဆေးရာ Soluna Vios အမျိုးအစား ငွေမင်ရောင် ယာဉ်တစ်စီးနှင့် အတူ အရက်သေစာသောက်စားထားပြီး ဆူပူရမ်းကားနေသော အဆိုတော် ထူးအယ်လင်းနှင့် ကော်ဘရာတို့ကို တွေ့ရှိ ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အငှားယာဉ်တစ်စီးနှင့် ငြိရာမှ ၎င်းတို့နှစ်ဦးစီးနင်းလာသည့် ယာဉ်ကို ယင်း အငှားယာဉ်ရှေ့ ပိတ်ရပ်ကာ ထူအယ်လင်း က အငှားယာဉ်မောင်းသူကို ယာဉ်ပေါ်က ဆင်းခိုင်းကြောင်း၊ မဆင်းပေးသဖြင့် မှန်ကို ပုဆိန်ဖြင့်ခွဲရာ အငှားယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီးက တောင်းပန် စဉ် ထူးအယ်လင်းက လက်သီးဖြင့်ထိုး ကြောင်း Facebook စာမျက်နှာတွင် သတင်းပျံ့နှံ့ခဲ့သည်။

ယင်းနောက် တေးသံရှင်နှစ်ဦး စီးနင်းလာသည့်ယာဉ်ကို အနီးအနားက ပြည်သူများက ခဲဖြင့်ထုကြပြီး ယင်းနေရာ သို့ ရဲတပ်ဖွဲ့ရောက်လာကာ ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသော စာသားနှင့် အတူ ဓာတ်ပုံများပါ Fခေနဘသသု စာမျက်နှာတွင် သတင်းပျံ့နှံ့ခဲ့သည်။

ယင်းသတင်းပျံ့နှံပြီးနောက် ရဲတပ်ဖွဲ့ က သွားရောက်စစ်ဆေးရာ အရက်သေစာ သောက်စားထားသည့် အသက် ၄၈ နှစ် စိုးလှိုင်ရှိန် (ခ) ထူးအယ်လင်းနှင့် အသက် ၃၅ နှစ် နေလင်းသင်း (ခ) ကော်ဘရာတို့ကို ယင်းနေရာတွင်တွေ့ရပြီး ၎င်းတို့၏ ယာဉ် ပေါ် မှ အရိုးအသွား ၁၉ လက်မရှိ ရဲဒင်း တစ်လက်သိမ်းဆည်းရမိကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြော ကြားသည်။

“ဒီရဲဒင်းကို ဘာကြောင့်ယူလာလဲ ဆိုတာကို သူတို့ခိုင်လုံတဲ့ အကြောင်းပြ ချက်မပေးနိုင်ဘူး။ ဒါကြောင့် ၀ရမ်းမပါ ဘဲ ဖမ်းဆီးနိုင်တဲ့ ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၃၀ အပိုဒ်ခွဲ (က) နဲ့ အမှုဖွင့်အရေး ယူခဲ့တယ်။ ဒီပုဒ်မက ထောင်သုံးလအထိ ချလို့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထူးအယ်လင်း၏ သူငယ်ချင်းဖြစ်သူတစ်ဦးကမူ ယင်းဖြစ်စဉ်တွင် ၎င်းမပါဝင်သော် လည်း အခင်းဖြစ်ညက ထူးအယ်လင်း၏ ယာဉ်နောက်ပိုင်းကို အငှားယာဉ်က ပွတ်ဆွဲမိခဲ့ပြီး မောင်းပြေးသောကြောင့် အငှားယာဉ်နောက်လိုက်၍ ဖြေရှင်းပေးရန် ပြောဆိုစဉ် အချင်းများခဲ့ခြင်းဖြစ်ကြောင်း၊ တေးသံရှင် ထူးအယ်လင်း၏ ယာဉ်မှာ လည်း ခဲနှင့်ပေါက်ခံရသောကြောင့် ကားမှန် ကွဲခဲ့ကြောင်း ပြောဆိုသည်။
တေးသံရှင် ထူးအယ်လင်း၏ ဇနီး ဖြစ်သူကမူ “အခုအစ်ကိုက အရမ်းပင် ပန်းနေလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အခု အချိန်မှာ ဘာမှမပြောချင်ပါဘူး” ဟု The Voice ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ထူးအယ်လင်းနှင့် ကော်ဘရာတို့ကို လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းသတ်မှတ်ပေးခဲ့ ကြောင်း ဒဂုံမြို့နယ်တရားရုံးထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *