ကျွန်အမည်သုံးစွဲခြင်းနှင့်ပတ်သက်၍ ဥပဒေရုံး၏ အကြံပြုချက်အတိုင်း ဆောင်ရွက်သွားမည်ဟုဆို

ကျွန်အမည်သုံးစွဲခြင်းနှင့်ပတ်သက်၍ ဥပဒေရုံး၏အကြံပြုချက်အတိုင်း ဆောင်ရွက်သွားမည်ဟုဆို
ရန်ကုန်၊ ဇွန် ၂၃
ကျွန်ဇာတ်ကားတွင် ကျွန်အမည်ကို သုံးစွဲခြင်းမပြုရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကန့်ကွက်ခဲ့သော်လည်း အသုံးပြုမှုအပေါ် ဥပဒေရုံး၏အကြံပြုချက်ရသည်နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းထွန်းက The Voice သို့ ပြောသည်။
“ဥပဒေရုံးကို မေးထားပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းဖြစ်တဲ့အတွက် ဥပဒေရဲ့အကြံပြုချက်ကို ရယူပါတယ်။ ဥပဒေအကြံပြုချက်ရတာနဲ့ ရှေ့ဆက်ဆာင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါဇာတ်ကားရိုက်ကူးရေး နှစ်ရက်အကြာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) က ရိုက်ကူးခွင့်မပြုကြောင်း အကြောင်းကြားခဲ့ရာ အမှောင်တွေ ရွာချတဲ့ မိုးတိမ် အမည်သို့ပြောင်းလဲခဲ့သည့် အတွက် အဆိုပါဌာနက ရိုက်ကူးခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားရိုက်တာ နှစ်ရက်လောက် ရိုက်ပြီးမှ နာမည်မပြောင်းရင် ရိုက်ခွင့်မပေးဘူးဆိုပြီး ကျွန်တော်တို့ကို အကျပ်ကိုင်လာတယ်။ အကျပ်ကိုင်လာတဲ့အတွက် ကျွန်တော်တို့မှာ လူအင်အား ၈၀ လောက် ရှိတော့ လတ်တလောဖြေရှင်းလိုက်ရတယ်” ဟု ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ဆိုသည်။
ကျွန်ဇာတ်ကားတွင် ပါဝင်သည့် အသုံးအနှုန်းများနှင့်ပတ်သက်ပြီး မင်္ဂလာသာစည်မှ ဒေသခံများက ဇာတ်ကားပြသမှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *