ရေတပ်သုံးမောင်းသူမဲ့လေယာဉ် အိန္ဒိယဝယ်ယူခွင့် အမေရိကန် ခွင့်ပြုဖွယ်ရှိ

ဝါရှင်တန်၊ ဇွန် ၂၃

ပရီဒေါတာအမျိုးအစား ရေတပ် သုံး မောင်းသူမဲ့လေယာဉ်မျိုးကွဲ တစ်ခုကို အိန္ဒိယနိုင်ငံဝယ်ယူရေး အမေရိကန် ပြည်ထောင်စု ခွင့်ပြုပေးဖွယ်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမားလက်ထက်တွင် အမေရိကန်- အိန္ဒိယကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးတက်ထွန်းကားခဲ့သော်လည်း မြောက်ကိုရီးယားကိုထိန်းချုပ်ရေး တရုတ်အကူအညီ ရှာဖွေနေသည့် သမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်တွင် ဝါရှင်တန်နှင့် နယူးဒေလီ ကြား ဆက်ဆံရေးခမ်းခြောက်လျက်ရှိသည်။

ထို့ကြောင့် လက်နက်တပ်ဆင်မထားသည့် ဒေါ်လာ ၂ ဘီလီယံတန် မောင်းသူမဲ့ လေယာဉ် ၂၂ စင်းဝယ်ယူမှုကို နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံမှုတွင် အဓိကစမ်းသပ်ချက်တစ်ရပ်အဖြစ် နယူးဒေလီက ရှုမြင်လျက်ရှိသည်။
အဆိုပါ မောင်းသူမဲ့လေယာဉ်များ ရောင်းချရေးကို အမေရိကန်လွှတ်တော်က အတည်ပြုပေးရန် ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ဧပြီလတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံခဲ့ပြီး နောက်ပိုင်းကာလများတွင် ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း အိန္ဒိယခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခြင်း မရှိသဖြင့် နယူးဒေလီရှိ ခေါင်းဆောင်များကြား စိတ်ကသိကအောက် ဖြစ်လျက်ရှိသည်။

လာမည့် တနင်္ဂနွေနေ့တွင်မှ အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒါမိုဒီ ဝါရှင်တန်မြို့တော်သို့ နှစ်ရက်ကြာသွားရောက်လည်ပတ်မည် ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *