ထိုင်းရောက်မြန်မာလုပ်သားများကို ဖမ်းဆီးမှု လေးလကြာရပ်ဆိုင်း၊ မြန်မာသောင်းချီ နေရပ်ပြန်ထိုင်းရောက်မြန်မာလုပ်သားများကို ဖမ်းဆီးမှု လေးလကြာရပ်ဆိုင်း၊ မြန်မာသောင်းချီ နေရပ်ပြန်

ရန်ကုန်၊ ဇွန် ၃၀

ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို ဖမ်းဆီးမှုအား ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းထားမည်ဟု ထိုင်းအစိုးရက အကြောင်းကြားလာကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြော ကြားသည်။နိုင်ငံခြားသား အလုပ်သမားများကို  ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့်  ယခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမား သောင်းနှင့်ချီ နှစ်နိုင်ငံနယ်စပ် မြ၀တီမြို့မှတစ်ဆင့် နေရပ်သို့ပြန်နေကြကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်သူများထံမှ သိရသည်။

ယင်းသို့ဖမ်းဆီးနေမှုကို ရက်ပေါင်း ၁၂၀ ကြာ ရပ်ဆိုင်းထားမည်ဟု ထိုင်းအစိုးရ က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလ  အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သမာများအနေနှင့် တရားဝင် အထောက်အထားရအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးမောင် မောင်ကျော်က ပြောဆိုသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်း  အလုပ်သမားများအရေးနှင့် ပတ်သက် ၍ မြန်မာ-ထိုင်းနှစ်နိုင်ငံအလုပ်သမား အရေး ကျွမ်းကျင်သူများ အစည်းအဝေးကို  ရန်ကုန်မြို့၌ ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် နှင့် ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ ဆွေးနွေးနေကြသည်။

အဖမ်းအဆီးရပ်ဆိုင်းမှုကို ယင်း အစည်းအဝေးတွင် ထိုင်းနိုင်ငံအလုပ် အကိုင်ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် က အသိပေးခဲ့ခြင်းဖြစ်သည်။ကြီးလေးသည့် ပြစ်ဒဏ်များပါဝင် သည့် နိုင်ငံခြားသားအလုပ်သမားစီမံခန့် ခွဲမှုဆိုင်ရာ ဥပဒေသစ်ကို ဇွန်လ ၂၀ ရက် နေ့တွင် ပြဋ္ဌာန်းပြီးနောက် အထောက် အထားမဲ့၊ အထောက်အထားမစုံ၊ အထောက်အထားလွဲ (အလုပ်၊ အလုပ် နေရာ၊ အလုပ်ရှင် စသည်) တို့ကို ထိုင်းအစိုးရက ဖမ်းဆီးနေခြင်းဖြစ်သည်။ယင်းနောက် အထောက်အထား မရှိသည့် မြန်မာအလုပ်သမားများ မြန်မာ နိုင်ငံသို့ ပြန်လာကြသည်။ ဇွန်လ ၃၀  ရက်နေ့တွင် မြ၀တီမြို့ ကိုးသုံးလုံးဂိတ် (၉၉၉) မှတစ်ဆင့် ညနေ ၆ နာရီခန့်  အထိ ငါးထောင်ခန့်ဝင်ရောက်လာ ကြောင်း မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေး မဟာမိတ်ကော်မတီ-ထိုင်း နိုင်ငံ (AAC) မှ တာဝန်ခံ ဦးရဲမင်းက ပြောကြားသည်။”အခုအထိ တဖွဲဖွဲနဲ့ ပြန်လာနေ ဆဲပါပဲ” ဟု ၎င်းကဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ကမူ အဆိုပါ ဂိတ်မှ မြန်မာအလုပ်သမား သုံးထောင် ကျော်၊ ဇွန်လ ၂၇ ရက်နေ့နှင့် ၂၈ ရက် နေ့တို့တွင်လည်း သုံးထောင်ကျော်ဝင်ရောက် လာကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ဦးမိုးကြိုးက ပြောဆိုသည်။

နေရပ်ပြန်ရန်အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေးထံတွင် သွားရောက်၍ အဖမ်းခံကြောင်းပြကာ နေရပ်ပြန်ကြခြင်းဖြစ်ပြီး  ဘတ် ၃၀၀၀ မှ ၇၀၀၀ အထိ ပေးရကြောင်း၊ ထိုင်းလ၀ကနှင့် မြန်မာပွဲစားများ ပူးပေါင်း က မဲဆောက်မြို့အထိပို့ပေးကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူများထံမှ သိရသည်။မဲဆောက်တွင်လည်း မြန်မာအလုပ် သမားများထံမှ တစ်ဦးလျှင် ဘတ် ၂၀၀၀  ထိုင်းရဲများက ငွေကြေးတောင်းခံမှုရှိနေ သဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့ရကြောင်း  ဦးရဲမင်းက ပြောဆိုသည်။

ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ  အထောက်အထားမစုံသူ၊ အထောက်အထား လွဲမှားသူများကို အထောက်အထား ပြည့်စုံမှန်ကန်အောင် လုပ်ဆောင်ခွင့် ပြုထားပြီး အထောက်အထားမရှိသူများမှာ မြန်မာနိုင်ငံသို့ ပြန်ဝင်၍ တရားဝင်ဖြစ် အောင် လုပ်ရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ  သိရသည်။

အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး ပြင်ဆင်ချိန်အတွက်  ကာလတစ်ခုသတ်မှတ်၍ မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရန်၊ ပြန်ပို့မည်ဆိုလျှင် နှစ်နိုင်ငံ ညှိနှိုင်း၍ တရားဝင်လမ်းကြောင်းဖြင့် စနစ် တကျလွှဲပြောင်းပေးရန် ထိုင်းအစိုးရထံ သို့ ဇွန်လ ၂၉ ရက်နေ့က စာပေးပို့ထား ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *