ဂျီ-၂၀ အစည်းအဝေး မတိုင်ခင်တွင် ဥရောပခေါင်းဆောင်များ နှင့် အမေရိကန် သမ္မတ ဆွေးနွေး

Donald Trump ( Voice)

ဝါရှင်တန်၊ ဇူလိုင် ၎

ဂျီ-၂၀ အစည်းအဝေး မတိုင်ခင်တွင် လွန်စွာ အငြင်းပွားရမည့် အရေးများဖြစ်သော ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေး၊ ရွေ့ ပြောင်းနေထိုင်သူများအရေးတို့ ကို ဥရောပခေါင်းဆောင်များ နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် လတွင်း စစ္စလီကျွန်းတွင် ပြုလုပ်သည့် ဂျီ-၇ အစည်းအဝေးတွင် အမေရိကန် နှင့် အနောက်ဥရောပ ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှု ကြီးကြီးကျယ်ကျယ်ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဂျီ-၂၀ အစည်းအဝေးအတွက် ထရမ့်က သေသေချာချာ ကြိုတင် ပြင်ဆင်လျက်ရှိသည်။

ထို့ အပြင် ထရမ့် နှင့် နေတိုး စစ်အုပ်စုကြား ပထမဆုံး အကြိမ်ဆွေးနွေးမှုမှာလည်း မသေမချာဖြင့် အဆုံးသပ်သွားပြီး စစ်အုပ်စု၏ လားရာနှင့် ပတ်သက်ပြီး မရေမရာဖြစ်နေသည်။

ဂျီ-၂၀ အစည်းအဝေး ကာလတွင် ဂျာမနီ ခေါင်းဆောင် အိန်ဂျလာမာကယ် အပါအဝင် အခြားသော ခေါင်းဆောင်များ နှင့် ထရမ့်သီးခြား ဆွေးနွေးမည်ဖြစ်သလို ရုရှား သမ္မတဗလာဒီမာပူတင် နှင့် ပထမဆုံးအကြိမ် ဆွေးနွေးမှုသည်လည်း ခက်ခဲနိုင်သည်။

ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှု အပါအဝင် အခြားသော အရေးများ နှင့် ပတ်သက်ပြီး ဂျာမန် ခေါင်းဆောင် မာကယ်ကို အမေရိကန် သမ္မတထရမ့် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ထို့ အပြင် လစ်ဗျား ရွေ့ ပြောင်းနေထိုင်မှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှုအတွက် အီတလီ ကို ကျေးဇူးတင်ကြောင်း အီတလီ ဝန်ကြီးချုပ် ဂန်တီလိုနီကို ထရမ့်က သီးခြား ဆက်သွယ်ပြောကြားခဲ့ ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

ကမ္ဘာလုံးချီ သံမဏီ ထုတ်လုပ်မှု အလွန်အကျွံဖြစ်နေခြင်း အပါအဝင် အခြားသော ဈေးကွက် ပုံပျက်စေသည့် ဖြစ်ရပ်များကို လျှော့ချရေး အတွက် ဂျီ-၂၀ နိုင်ငံများကို ထရမ့် အုပ်ချုပ်ရေးအဖွဲ့ က ဖိအား ပေးလျက်ရှိသည်။

ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို့ ၌ ကျင်းပမည့် ဂျီ-၂၀ အစည်းအဝေးတွင် ထရမ့် နှင့် ထိပ်တိုက်တွေ့ နိုင်သည်ဟု ဂျာမနီ ဝန်ကြီးချုပ် မာကယ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခန့်မှန်းပြောကြားခဲ့သော်လည်း ယင်းကဲ့သို့ ဖြစ်ပွားနိုင်ခြေ မရှိဟု ထရမ့် အုပ်ချုပ်ရေး အဖွဲ့ မှ အရာရှိများက မှတ်ချက်ပြုထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *