ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ဖတ်ရှုလေ့လာနိုင်မည့် ဝက်ဘ်ဆိုက်များနှင့် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်မည့် အွန်လိုင်း


7887 Call Center
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်ဆီကို တိုက်ရိုက်ဖုန်းခေါ်ဆို ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၄ နာရီ အချိန်မရွေး ဖုန်းခေါ်ဆိုနိုင်တဲ့ အားသာချက်ရှိပြီး  ဝန်ဆောင်ခအတွက် ပုံမှန်ဖုန်းခေါ်ဆိုခနှုန်း + ဝန်ဆောင်ခ  တစ်မိနစ် ၁၀၀ ကျပ် + အခွန် ၅ ရာခိုင်နှုန်းကို ဖုန်းထဲကနေပဲ ဖြတ်သွားမှာပါ။


Healthare.com.mm
ဒီဝက်ဘ်ဆိုက်မှာတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ၊   သတင်းတွေ၊ ကလေးတွေ ကာကွယ် ဆေးတိုက်ဆေးထိုးအစီအစဉ်၊ နေ့စဉ်အစားအစာတွေရဲ့ ကယ်လိုရီတွက်ချက်နည်းတွေ၊ BMI တွက်ချက်မှုတွေ နဲ့ ကျန်းမာရေးဂိမ်းတွေကိုပါ ကစားနိုင်မှာပါ။


http://dts-medicaleducation.blogspot.in/
ဒေါက်တာတင့်ဆွေရဲ့ ကျန်းမာရေးဆိုင်ရာဆောင်းပါးတွေ၊ သတင်းတွေနဲ့  ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆင်ခြင်ဖွယ်ရာသတိပြုဖွယ်ရာတွေကို ဖတ်ရှုရမှာပါ။   ဒါ့အပြင် ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်သိလိုတာတွေကိုလည်း စာရေးပြီးမေးလို့ ရဦးမှာပါ။ Blog မှာတင်မဟုတ်ဘဲ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/drtintswe/ မှာလည်းဝင်ပြီး လေ့လာနိုင်ပါတယ်။


၁၈၇၇ / ၀၁- ၂၃၉၉၈၇၇
၂၄ နာရီလုံး ကျန်းမာရေးဆိုင်ရာတွေကို မေးမြန်း နိုင်မှာပါ။ ဆရာဝန်တွေပဲ ဖြေကြားပေးမှာဖြစ်ပြီး ၁၈၇၇ ဖုန်းကိုတော့  MPT အမျိုးအစား ဖုန်းအော်ပရေတာတစ်ခုကနေပဲ ခေါ်လို့ရတယ်လို့ဆိုပါတယ်။ ကျန်းမာရေး ဆိုင်ရာပြဿနာတွေကို မေးမြန်းဆွေးနွေးနိုင်တယ်လို့ဆိုထားပြီး မေးမြန်းသူရဲ့ အချက်အလက်တွေကို ပြောစရာမလိုဘူးလို့ ဆိုပါတယ်။ ၁၈၇၇ ဖုန်းကို ခေါ်မယ်ဆိုရင်  တစ်မိနစ်ကို ၂၀၀ ကျပ်ကျသင့်မှာပါ။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *