ပြည်သူစစ်ဆေးစေချင်သည့် ဈေးကိုပါ FDA စစ်မည်

 

ရန်ကုန်၊ ဇူလိုင် ၅

ဈေးများကို ပုံမှန်အတိုင်း ရှောင်တခင် စစ်ဆေးခြင်းအပြင် ပြည်သူကသတင်း ပေးပို့သည့်ဈေးကိုလည်း FDA က စစ်ဆေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန အစားအသောက်  နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊  ရန်ကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စောလှက ပြောကြားသည်။

ဈေးများကို စစ်ဆေးရာတွင် စစ်ဆေး မည့်ဈေးကို ကြေညာ၍မစစ်ဆေးဘဲ အချိန် မရွေး ရှောင်တခင် စစ်ဆေးမည်ဖြစ်ကြောင်း နှင့် ဈေးများကို စစ်ဆေးမှု ပုံမှန်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“စစ်တဲ့အခါမှာ သတင်းထူးခြား တာနဲ့ သတင်းပေးပို့တာဆိုရင်လည်း စစ်မယ်” ဟု ဒေါက်တာခင်စောလှက ဆိုသည်။

နိုင်ငံတစ်ဝန်းကို တင်ပို့ရောင်းချ သည့် ရန်ကုန်တိုင်းရှိ ဘုရင့်နောင်ပွဲရုံကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် FDA က ဈေးကွက်ဆင်း၍ စားသောက်ကုန် နမူနာ ၁၂၁ မျိုးကို ကောက်ယူစစ်ဆေးခဲ့ရာ  ငါးပိနှင့် လက်ဖက်ခြောက်တွင် အန္တရာယ်ရှိ ဆိုးဆေးပါဝင်မှု မတွေ့ခဲ့ရကြောင်း၊ ပဲကြီး လှော်တစ်မျိုးတွင်သာ ခွင့်မပြုဆိုးဆေး  အသုံးပြုထားသည်ကို တွေ့ရကြောင်း FDA၊ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

အများပြည်သူစစ်ဆေးစေလိုသည့်ဈေးကို FDA သို့ အကြောင်းကြားလိုပါက ရန်ကုန်ဌာနခွဲ ဖုန်း ၀၁-၃၇၇၀၂၈-၃၀၊  နေပြည်တော်ရုံးချုပ် ဖုန်း ၀၆၇-၄၀၃၆၀၉၊  Email: [email protected] သို့  ဆက်သွယ်နိုင်သည်။ 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *