အမေရိကန်သမ္မတနှင့် ရုရှားသမ္မတ ပထမဆုံးအကြိမ်တွေ့ဆုံမည်

 

ဟမ်းဘတ်၊ ဇူလိုင် ၇

ဂျီ-၂၀ အစည်းအဝေးပွဲ ကာလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရုရှားသမ္မတပူတင်နှင့် အလုပ်လုပ် နိုင်ရေးနည်းလမ်း ရှာဖွေလိုသည်ဟု အမေရိကန်သမ္မတက ပြောကြားထားသော် လည်း ဆီးရီးယားနှင့် ယူကရိန်းအရေးအပေါ် ရုရှားပြုမူမှု၊ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှား ဝင်ရောက်စွက်ဖက်သည်ဆိုသော စွပ်စွဲမှုများကြောင့် ယင်းရည်မှန်းချက် ပေါ်ပေါက်လာရေး ခက်ခဲမည်ဖြစ်သည်။

ထို့ကြောင့် သမ္မတနှစ်ဦး တွေ့ဆုံရာတွင် မျက်နှာထားနှင့် ကိုယ်နေဟန်မှန်သမျှကို ၎င်းတို့ထုတ်ပြန်သည့် ကြေညာ ချက်စကားလုံးများကဲ့သို့ပင် လေ့လာသုံး သပ်ကြမည်ဖြစ်သည်။

“ဗလာဒီမာပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို ကျွန်တော်စောင့်မျှော်နေပါတယ်။ ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်” ဟု ထရမ့် က ၎င်း၏တွစ်တာတွင် ရေးသားထားသည်။

ရာသီဥတုနှင့် စွမ်းအင်အရေးနှင့် ပတ်သက်သည့် ဂျီ-၂၀ အစည်းအဝေးအပြီးတွင် ဂျာမနီဒေသစံတော်ချိန် ၃ နာရီ ၄၅ မိနစ်တွင် အမေရိကန်နှင့် ရုရှားသမ္မတ နှစ်ဦးတွေ့ဆုံရန် စီစဉ်ထားသည်။

ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူ ညီချက်မှနုတ်ထွက်ထားပြီး ကမ္ဘာ့ခေါင်း ဆောင်များကို ဒေါသထွက်စေခဲ့သည့် သမ္မတထရမ့်သည် ဂျီ-၂၀ အစည်းအဝေးမှ စောစီးစွာ ထွက်ခွာပြီး ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။

အမေရိကန်သမ္မတဟောင်းနှစ်ဦး အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အသီးသီး နှင့် ထိတွေ့ဆက်ဆံဖူးသည့် ဝါရင့်နိုင်ငံရေး သမားပူတင်နှင့် တွေ့ဆုံရာတွင် နိုင်ငံရေးရာလက်သင်တစ်ဦးဖြစ်သည့် သမ္မတထရမ့်ဆွေးနွေးရန် အဆင့်သင့် မဖြစ်မည်ကို အချို့က စိုးရိမ်လျက်ရှိသည်။

တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ တွင် ရုရှားဝင်ရောက်စွက်ဖက်သည်ဆိုသောအချက်နှင့် ပတ်သက်ပြီး အမေရိကန် ပြည်တွင်းတွင် စုံစမ်းမှုများလုပ်ဆောင်နေပြီး ကရင်မလင်အပေါ် တင်းတင်းမာမာဆက်ဆံရန် ထရမ့်အပေါ် ဖိအားများပေါ်ပေါက်လျက်ရှိသည်။

မတည်ငြိမ်မှုဖြစ်အောင် ရုရှားလုပ်ဆောင်မှုအကြောင်းနှင့် ဆီးရီးယားနှင့် အီရန်တို့ကို ထောက်ပံ့မှုရပ်ဆိုင်းရန် ပြီးခဲ့ သည့် ကြာသပတေးနေ့ ပိုလန်မြို့တော် ဝါဆော၌ မိန့်ခွန်းပြောကြားရာတွင် ထရမ့် ထည့်သွင်းပြောကြားထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *