မြန်မာဘောလုံးအသင်း စင်ကာပူနှင့် မလေးရှားကို ကျော်တက်

ရန်ကုန်၊ ဇူလိုင် ၇

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)  က ဇူလိုင်လအတွက် ထုတ်ပြန်လိုက်သည့်  ကမ္ဘာ့အဆင့် သတ်မှတ်ချက်စာရင်းတွင် မြန်မာဘောလုံးအသင်းသည် စင်ကာပူ၊  မလေးရှားနှင့် အင်ဒိုနီးရှားတို့ကို ကျော်ကာ အရှေ့တောင်အာရှဒေသတွင်း အဆင့် လေးနေရာသို့ ရောက်ရှိခဲ့သည်။

ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်  ဘောလုံးအသင်းများမှာ အရှေ့တောင် အာရှ၏ ထိပ်ဆုံးသုံးနေရာကို ပိုင်ဆိုင်ခဲ့ပြီး  မြန်မာ၏နောက်တွင် မလေးရှား၊ စင်ကာပူ၊  လာအို၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့  အသီးသီးရပ်တည်ခဲ့သည်။

မလေးရှားအသင်းမှာ အာရှဖလားခြေစစ်ပွဲတွင် လက်ဘနွန်အသင်းကို  ရှုံးနိမ့်ခဲ့ပြီး စင်ကာပူသည်လည်း တရုတ် (တိုင်ပေ) ကို ရှုံးနိမ့်သဖြင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ကျဆင်းခဲ့ခြင်းဖြစ်သလို  မြန်မာအသင်းအောက်သို့ ရောက်ရှိသွား ခြင်းဖြစ်ကြောင်း ကမ္ဘာကျော် အားကစား သတင်းဌာန ESPN က သုံးသပ်ထားသည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်  ပူပူနွေးနွေး ကွန်ဖက်ဒရေးရှင်းဖလားချန်ပီယံ ဂျာမနီက အဆင့်တစ်နေရာကို  ရယူနိုင်ခဲ့ပြီး ဘရာဇီး၊ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့က ဂျာမနီ၏နောက်တွင် ကမ္ဘာ့ထိပ်တန်းအသင်းများအဖြစ် သတ်မှတ်ခံခဲ့ရသည်။အာရှအဆင့်သတ်မှတ်ချက်တွင်မူ  ကမ္ဘာ့ဖလားခြေစစ်ပွဲ အစောဆုံးအောင်ခဲ့သည့် အီရန်အသင်းက အဆင့်တစ်နေရာ တွင်ရှိနေပြီး ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က ထိပ်ဆုံး ငါးသင်းစာရင်းတွင် ဖော်ပြခံရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *