IS ခေါင်းဆောင် အယ်ဘတ်ဒါဒီ သေဆုံးသည့် သတင်းအတည်ပြုဟု ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ ပြောကြား

ဒမတ်စကတ်၊ ဇူလိုင် ၁၂

 

အစ္စလာမစ်နိုင်ငံတော်စစ်သွေးကြွအဖွဲ့( IS ) ခေါင်းဆောင်အဘူကဘာအယ်ဘတ်ဒါဒီ သေဆုံးသည် ဆိုသည့် သတင်းကို အတည်ပြုသည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြား လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား ရာကွာမြို့တွင် IS တပ်မှူးများ စုဝေးနေစဉ် လေကြောင်းတိုက်ခိုက်မှုမှ တစ်ဆင့် IS ခေါင်းဆောင်ဘတ်ဒါဒီကို သတ်ဖြတ်နိုင်ခဲ့ဖွယ်ရှိသည်ဟု ဇွန်လတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

“ ဒီသတင်းကို ခေါင်းဆောင်တွေကနေရတဲ့ သတင်းတွေကနေ အတည်ပြုပါတယ်။ အဲဒီ ခေါင်းဆောင် ထဲက တစ်ဦးမှာ ဆီးရီးယား အရှေ့ပိုင်း ဒီယာအယ်ဇာမှာ ရှိတဲ့ ပထမတန်းအဆင့် ခေါင်းဆောင် တစ်ဦးလည်းပါတယ်” ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေး အဖွဲ့ မှ ညွန်ကြားရေးမှူး ရာနီ အဒူရာမန်က ပြောကြားသွားသည်။

ပြီးခဲ့သည့် သုံးလတာကာလတွင်း ဆီးရီးယား ဒီယာအယ်ဇာဒေသတွင် ဘတ်ဒါဒီ ရှိနေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။

သို့သော်လည်း အဆိုပါ သတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးဟု IS တိုက်ခိုက်ရေး အမေရိကန် ဦးဆောင်ညွန့် ပေါင်းအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဒီလင်က မှတ်ချက်ပြုထားသလို ကာခ့် နှင့် အီရတ်အရာရှိများကလည်း မှတ်ချက်ပေးခြင်းမရှိပေ။

ယခင်ကလည်း ဘတ်ဒါဒီ သေဆုံးကြောင်း သတင်းအကြိမ်ကြိမ်ပေါ်ထွက်ခဲ့သော်လည်း ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့ သည် ယုံကြည်ရသည့် သတင်းများသာ ထုတ်ပြန်လေ့အုပ်စုဖြစ်သလို IS နှင့် ဆက်နွယ်သည့် ဝက်ဘ်ဆိုက်များနှင့် လူမှုမီဒီယာများတွင် လက်ရှိအချိန်ထိ အဆိုပါအရေး နှင့် ပတ်သတ်၍ ပြောကြားမှု မရှိသေးပေ။

အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်ကြောင်း ၂၀၁၄ ခုနစ်တွင် မိုဆိုးမြို့ရှိ ဗလီတစ်ခုမှ နေ၍ ထုတ်ပြန်ခဲ့သည့် ဘတ်ဒါဒီ သေဆုံးသွားပါက ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် နယ်မြေဆုံးရှုံးမှု ကြုံတွေ့ နေသည့် IS အဖွဲ့ အတွက် ကြီးမားသည့် ထိုးနက်ချက်တစ်ရပ် ဖြစ်မည်။

အီရတ် မြို့ တော်ဘဂ္ဂဒတ် မြောက်ဘက်ရှိ ဆာမာရာဒေသအနီး ဆင်းရဲသားဒေသတစ်ခုဖြစ်သည့် တော့ချီ အရပ်တွင် ၁၉၇၁ ခုနစ်တွင် ဘတ်ဒါဒီ ( မွေးစာရာင်း နာမည် အီဘရာဟင် အီဝက် အယ် ဆာမာရီ ) ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

ဘတ်ဒါဒီ ၏ မိသားစုဝင်များအနက်အချို့သည် ဆွန်နီ အစ္စလာမ်ဘာသာအနက် လွန်စွာ ကွန်ဆာ ဗေးတစ်ဆန်သည့် စလာဖီကို ယုံကြည်သည့် ဘာသာရေးခေါင်းဆောင်များ ဖြစ်သည်။

အီရတ်ကို အမေရိကန် ကျူးကျော်ခဲ့သည့် ၂၀၀၃ ခုနစ်တွင် စလာဖီသောင်းကျန်းမှုအဖွဲ့ သို့ ဘတ်ဒါဒီ ပူးပေါင်းပါဝင်ခဲ့ပြီး အမေရိကန်များ၏ ဖမ်းဆီးမှုခံခဲ့ရသော်လည်း စစ်ရေးခြိမ်းခြောက်မှုမဟုတ်ဘဲ အရပ်သားလှုံဆော်ရေးသမားတစ်ဦးသာဖြစ်သည်ဟု သတ်မှတ်ခံခဲ့ရပြီး တစ်နှစ်အကြာတွင် ပြန်လည် လွှတ်မြောက်လာခဲ့သူဖြစ်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *