အာဇာနည်နေ့မှာ မန္တလေးနဲ့ ကျောက်ဆည်က ဘုရားတွေကို နေ့ချင်းပြန်ဖူးနိုင်မယ့်ခရီးစဉ်

ရုံးပိတ်ရက်ရှည်က သီတင်းကျွတ်တဲ့အခါမှ လာတော့မှာဆိုတော့ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) ပိတ်ရက်မှာ ဘုရားဖူးခရီးထွက်ချင်တဲ့သူတွေအတွက် မန္တလေးနဲ့ ကျောက်ဆည်ခရီးစဉ်ကို ညွှန်ပေးချင်ပါတယ်။

ရန်ကုန်ကနေ မန္တလေးကိုသွားဖို့ဆိုတာ ရက်ရှည်ရှည်နဲ့သွားရတဲ့ခရီးဆိုပေမယ့် နေ့ချင်းပြန် ဘုရားဖူးနိုင်မယ့် ခရီးစဉ်ဆိုတော့ အလုပ်လည်းမပျက်၊ ဘုရားတွေလည်း အစုံဖူးရမယ့်ခရီးစဉ်ဖြစ်တဲ့အပြင် ကျပ်ငါးသောင်းရှစ်ထောင်ပဲ ကုန်ကျမယ့်ခရီးစဉ်လည်းဖြစ် တာကြောင့် ညွှန်ပေးရခြင်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ မန္တလေး၊ ကျောက်ဆည်က တန်ခိုးကြီးဘုရားတွေ၊ ရှေးဟောင်း ဘုရားစေတီတွေကို ဖူးမြော်ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က တည်ထားခဲ့တဲ့ ကျောက်ဆည်မြို့က ရွှေပင် တမုတ်ဘုရားနှင့် ရှင်ပင် ရွှေဆက်သွားဘုရား၊ မန္တလေးမြို့က နာမည်ကျော် ကျောက်စိမ်း စေတီတော်၊ တန်ခိုးကြီးမဟာမြတ်မုနိဘုရားကြီး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ ဂင်းနစ် စံချိန်ဝင်ထားတဲ့ ကုသိုလ်တော်ဘုရား၊ ကုန်းဘောင်မင်းအဆက်ဆက် ကိုးကွယ်ခဲ့တဲ့ စန္ဒမုနိဘုရား ၊ ကြီးမားလှတဲ့ ကျောက်တော်ကြီးဘုရားနဲ့ ကျောက်သပိတ်တော်ကြီး၊ ခမ်းနားထည်ဝါတဲ့ မဟာအတုလဝေယံ အတုမရှိကျောင်းတော်ကြီး၊ ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက်ရဲ့ ကောင်းမှု ရွှေကျောင်းနှင့် မဟာသိမ်တော်ကြီးတို့ကို လည်ပတ်ရမှာဖြစ်ပါတယ်။

ကျပ်ငါးသောင်းရှစ်ထောင်မှာ ကားခ၊ ခရီးစဉ်မှာစားသုံးရမယ့် နံနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ရေသန့်ဘူး၊ စနိုးတာဝါနှင့် သွားတိုက်ဆေး၊ သွားပွတ်တံတို့အပြင် ခရီးစဉ်အတွင်း အမှတ်တရ ဓာတ်ပုံများရိုက်ကူးပေးခြင်းတို့ပါ ပါဝင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့ည ၇ နာရီမှာ ရန်ကုန်ကနေစထွက်ပြီး ဇူလိုင် ၁၉ (အာဇာနည်နေ့)မှာ မန္တလေး၊ ကျောက်ဆည်က ဘုရားတွေကို တစ်နေ့ထဲနဲ့ဖူးမြော်ကာ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် အစောပိုင်း (သန်းခေါင်ကျော်) မှာ ရန်ကုန်မြို့ကိုပြန်ရောက်မှာ ဖြစ်တဲ့အတွက် ရုံး၊ ကျောင်းပြန်တက်ရမယ့်သူတွေလည်း တစ်ရေးတမောအိပ်စက် နိုင်မှာဖြစ်ပါတယ်။

ခရီးစဉ်ရဲ့အသေးစိတ်ကို A.M Star Travel & Tour အမှတ် ၈၃၊ အခန်း ၆၊ ၂၉ လမ်း (အောက်)၊ ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့၊ ဖုန်း¼၀၉ ၅၁၄၀၁၄၃၊ ၀၉ ၇၉၅၆၁၂၄၁၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *