Scholarship Info

 

Murdoch International Postgraduate Studentship in Australia

‘ဩစတြေးလျနိုင်ငံ Murdoch International  က ပါရဂူဘွဲ့အမျိုးအစားတွေဖြစ်တဲ့ Ph.D နဲ့ EdD သင်တန်းတွေ ကို နိုင်ငံတကာကျောင်းသူ ကျောင်းသားတွေ တက်ရောက်နိုင်ဖို့ ပေးအပ်တဲ့ပညာသင်ဆုဖြစ်ပါတယ်။

ဒီပညာသင်ဆုမှာ နေထိုင်စရိတ်၊ ကျောင်းပညာစရိတ်နဲ့ ကျန်းမာရေးအာမခံတို့အပြင် စာတမ်းပြုစုရာမှာ လိုအပ်တဲ့ ခရီးစရိတ်၊ ဆွေးနွေးပွဲစရိတ်  စတာတွေကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

အသေးစိတ်ကို http://our.murdoch.edu.au/Research-and-Innovation/Resources-for-students/ Future-research-students/Admission-and-scholarships/International-student-scholarships/MIPS/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဒီနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး လျှောက်ထားရမှာဖြစ်ပါတယ်။

 

Doctoral Scholarship at National Research University School of Economics

ရုရှားနိုင်ငံ National Research University က School of Economics မှာ ပါရဂူဘွဲ့သင်တန်း တက်ရောက် မယ့်သူတွေကိုပေးအပ်တဲ့  ပညာသင်ဆုဖြစ်ပါတယ်။

ဘောဂဗေဒသဘောတရား၊ ဘောဂဗေဒနဲ့ အမျိုးသားစီးပွားရေး စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ ငွေကြေးလည်ပတ်မှုနဲ့ အကြွေး၊ စာရင်းအင်း၊ ကမ္ဘာ့စီးပွားရေး စတဲ့ ဘောဂဗေဒနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်နယ်ပယ်တွေကို အထူးပြု လေ့လာတက်ရောက်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ကို https://aspirantura.hse.ru/en/acad_asp မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဒီနှစ် အောက်တိုဘာ လ ၁၃ ရက်နေ့ နောက်ဆုံး လျှောက် ထားရမှာဖြစ်ပါတယ်။

 

MCC Scholarship and Stipend

ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူ  ကျောင်းသားတွေကို MCC Institute နဲ့ MCC Polytechnic College က ပေးအပ်တဲ့ပညာသင်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေးဖြစ်ပါတယ်။

ဖွင့်လှစ်မယ့်သင်တန်းတွေက ကွန်ပျူတာသိပ္ပံဘွဲ့၊ စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့၊ အင်ဂျင်နီယာဘွဲ့၊ အိုင်တီ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဒီပလိုမာနဲ့ ဆက်သွယ်ရေးအင်ဂျင်နီယာဒီလိုပမာသင်တန်းတွေမှာ တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ငါးဘာသာနဲ့ ခြောက်ဘာသာ ဂုဏ်ထူးရရှိသူတွေကို ပညာသင်ဆုရာနှုန်း ပြည့်၊ လေးဘာသာဂုဏ်ထူးရရှိသူတွေကို ပညာသင်ဆု ၅၀ ရာခိုင်နှုန်းနဲ့ သုံးဘာသာဂုဏ်ထူးရရှိသူတွေ ကို ၂၅ ရာခိုင်နှုန်း ပညာသင်ဆုပေးမှာဖြစ်ပါတယ်။

အသေးစိတ်ကို http://www.facebook.com/mcc.institute/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၁ ၆၅၂၂၃၇၊ ၀၁ ၆၅၂၂၃၆ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *