ဧရာဝတီမြစ်ရေတက်၍ မြစ်အောက်ပိုင်းနေထိုင်သူများ သတိထားရန်လို

ရန်ကုန်၊ ဇူလိုင် ၁၄

 

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများခဲ့သောကြောင့် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်အောက်ပိုင်းနေသူများသတိထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“ဧရာဝတီထဲကို ချင်းတွင်းကဆင်းလာတဲ့ရေရယ်။ ဟိုးအရင်ရက်ပိုင်းက ဧရာဝတီမြစ်ထဲရေတက်ထားတဲ့ရေရှိလို့ မြစ်ရေတက် လာတာ။ အထက်ဘက်က ဆင်းလာလို့ အောက်ဘက်ကိုရောက်လာပြီးရေတက်တာ” ၎င်းကဆိုသည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ၁၄ ရက်နေ့၌ ပခုက္ကူနှင့် ညောင်ဦးမြို့တို့ တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေကာ လာမည့် ၁၂ နာရီအတွင်း ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်နိုင်ပြီး ဇလွန်တွင်မူ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် မည်ဖြစ်ကာ ဆိပ်သာတွင် နောက်လေးရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *