အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်အဟောင်းခုနစ်သောင်း ဈေးလျှော့ရောင်းမည်

အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်အဟောင်းခုနစ်သောင်း ဈေးလျှော့ရောင်းမည်
ရန်ကုန်၊ ဇူလိုင် ၁၃

နှစ် (၇၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်အဟောင်း ခုနစ်သောင်းကို ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဈေးလျှော့ရောင်းရန် စီစဉ်ထားကြောင်း Yangon Book Plaza ထံမှ သိရသည်။

စာအုပ်များကို ရန်ကုန်မြို့ လမ်းမတော်လမ်း၊ သံဈေး ငါးလွှာရှိ Yangon Book Plaza ၏ နေရာလွတ်များတွင် ခင်းကျင်း ရောင်းချမည်ဖြစ်ပြီး ဈေးအကြီးဆုံး စာအုပ်မှာ ၅၀၀ ကျပ်ဖြစ်၍ ဈေးအနည်းဆုံးစာအုပ်မှာ ၂၀၀ ကျပ်ဖြစ်ကြောင်း ဘာသာပြန်၊ ဝတ္ထု၊ ပုံပြင်၊ ကာတွန်းစသည့် ကဏ္ဍအစုံ စာအုပ်အဟောင်းများ ပါဝင်မည်ဖြစ်ကြောင်း Yangon Book Plaza တည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်က The Voice သို့ ပြောကြားသည်။

“ဒီစာအုပ်တွေကျတော့ ဈေးပေါပေါနဲ့ စာအုပ်များများနဲ့ စာကြည့်တိုက်တွေ လှူချင်တာမျိုး။ စာစဖတ်မယ့်လူငယ်တွေ စာအုပ် တွေဈေးကြီးတယ်ဆိုပြီး မဝယ်နိုင်တဲ့ လူတန်းစားတစ်ရပ်ရှိတယ်။ အဲဒီလူတန်း စားတွေ အဆင်ပြေအောင် ရောင်းထား ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အာဇာနည်များက မြန်မာပြည်သူများကို စာဖတ်စေချင်သည့်ဆန္ဒကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ယခုပွဲကိုပြုလုပ်ရခြင်း ဖြစ်ကြောင်း စားရေးဆရာ မြေမှုန်လွင်က ပြောကြားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *