ဉာဏ်ကောင်းစေတဲ့ အစားအစာ ငါးမျိုး

ကျန်းမာသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် အာရုံစူးစိုက်မှုအားကောင်းစေသလို သတိကောင်းခြင်း၊ သင်ယူလွယ်ခြင်းတွေကိုပါ လွယ်ကူစေပါတယ်။ ကျောင်းတက်နေရတဲ့ ကာလလည်း ဖြစ်တာ ကြောင့် ဉာဏ်ကောင်းစေတဲ့ အစားအစာတွေကိုလည်း စားသင့်ပါတယ်။ နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအစာတွေထဲကမှ ဉာဏ်ကောင်းစေတဲ့ အစားအစာငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ
ကြက်ဥမှာပါတဲ့ Choline နဲ့ Protein (အသားဓာတ်)ဟာ မှတ်ဉာဏ်ကောင်းစေပါတယ်။ အာရုံ စူးစိုက်မှုကိုလည်း ကောင်းစေသလို စွမ်းအင်ကိုလည်း မြင့်စေပါတယ်။

ဆော်လမွန်ငါး
ဆော်လမွန်ငါးဟာ Omega 3 နဲ့ Fatty Acids ကြွယ်ဝတဲ့အစားအစာဖြစ်ပါတယ်။ စိတ်ခံစားမှုကို တိုးတက်စေသလို မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအတွက် အထောက်အပံ့ပေးတဲ့ အစားအစာဖြစ်ပါတယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ Antioxidant မြင့်တဲ့အစားအစာဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ ဦးနှောက်ရဲ့လုပ်ငန်း ဆောင်တာတွေ တိုးတက်ဖို့အတွက် စားသင့်တဲ့ အစားအစာဖြစ်ပါတယ်။

ချောကလက်အနက်
ဦးနှောက်ကိုသွားတဲ့ သွေးကြောလေးတွေအတွက် အလွန်ကောင်းတဲ့ အစားအစာဖြစ်ပါတယ်။ မှတ်ဉာဏ်နဲ့ အာရုံ စူးစိုက်မှုကိုကောင်းစေပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီတွေပါဝင်ပါတယ်။ အာရုံစူးစိုက်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်ပေးတဲ့အစားအစာ ဖြစ်ပါတယ်။

Ref:http://heatlthyhandout.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *