မန္တလေးတောင်ခြေအနီးတွင် သူနာပြုဆရာမထံမှ လုယက်သူများကို ဖမ်းမိ

 

မန္တလေး၊ ဇူလိုင် ၂၁

မန္တလေးတောင်ခြေအနီးတွင် အထက်တန်းသူနာပြု ဆရာမထံမှ လုယက်ခဲ့သူ သုံးဦးကိုကို ဖမ်းမိခဲ့ကြောင်း အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးညွှန့်က ပြောကြားသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမနှစ်ဦးသည် ဇူလိုင်လ ၁၉ ရက်နေ့က နေအိမ်သို့ ပြန်လာစဉ် မန္တလေးတောင်အရှေ့ဘက် မြေငလျင်စခန်းအနီးတွင် နောက်မှ ကပ်လိုက်လာသည့် ဆိုင်ကယ်မှ အမျိုးသားများက လုယက်ခဲ့ကြောင်း အဆိုပါရဲစခန်း မှတ်တမ်းများအရ သိရသည်။

ယင်းသို့ လုယက်သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်၍ လိုက်ပါလာသည့် သူနာပြုဆရာမ ပြုတ်ကျ၍ ဒဏ်ရာများ ရခဲ့ပြီး Gငသညနန ရွှေရောင်ဖုန်းတစ်လုံး၊ ငွေကျပ်ကိုးသောင်းနှင့် ယာဉ်မောင်းလိုင်စင်တစ်ခု စုစုပေါင်း ကျပ်နှစ်သိန်းခွဲတန်ဖိုးခန့် ပါသွားကြောင်း အဆိုပါစခန်းမှ သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ လုယက်မှုကျူးလွန်ခဲ့သည်ဆိုသည့် အသက် ၂၀ အရွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးကာ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ကွင်းဆက်တရားခံများ ထပ်မံပေါ်ပေါက်ရန် ဆက်လက် စုံစမ်းနေကြောင်း ရဲအုပ်မျိုးညွှန့်က ပြောဆိုသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *