ဗီယက်နမ်တောင်ပိုင်းကို ဒေါ်လာ ၃၃၀ နဲ့လည်နိုင်မယ့်ခရီးစဉ်

စိမ်းစိုပြီး သဘာဝတောတောင်တွေနဲ့ လှပနေဆဲဖြစ်တဲ့ ဗီယက်နမ်ကို အလည်သွားချင်သူတွေအတွက် ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်း – မိုးနဲ – ဒါလတ်ဒေသကို သွားမယ့်ခရီးစဉ်ကို ညွှန်ပေးချင်ပါတယ်။

တစ်ဦးကို ဒေါ်လာ ၃၃၀ နဲ့ စရိတ်ငြိမ်းသွားရမယ့် သုံးည အိပ် လေးရက်ခရီးစဉ်ကို မြန်မာမြတ်ချယ်ရီ Travel & Tours က စီစဉ်ပေးမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို လစဉ်နီးပါး ထွက်ပေးနေပြီး လူကြိုက်များတဲ့ ခရီးစဉ် ဖြစ်တာကြောင့် ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိကို ထပ်ပို့ပေးဦးမှာ ဖြစ်ပါတယ်။

ဗီယက်နမ်ခရီးစဉ်မှာ အီဂျစ်လို၊ ဒူဘိုင်းလို သဲကန္ထာရထဲကို ရောက်သွားသလိုခံစားရမယ့် သဲဖြူကန္တာရ၊ သဲဝါကန္တာရနဲ့ သဲနီကန္တာရတွေမှာ Desert Rider တွေ စီးရမှာဖြစ်တဲ့အတွက် အမှတ်တရဓာတ်ပုံတွေ ရိုက်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တုရင်တောင်ပေါ်မှာရှိတဲ့ Truc Lam Pagoda ကို Cable Car စီးပြီး ဖူးမြော်ကြည်ညိုခြင်း၊ ဗီယက်နမ် နိုင်ငံရဲ့ နောက်ဆုံးဘုရင် Bao Dai ရဲ့ နွေရာသီစံနန်းတော်မှာ ဘုရင်မင်းဆက်တွေရဲ့ နန်းဝတ်နန်းစားတွေကို ဝတ်ဆင်ပြီး ဓာတ်ပုံ လှလှလေးတွေလည်း ရိုက်နိုင်ပါသေးတယ်။

ဗီယက်နမ်ရောက်ပြီဆိုမှတော့ သွားသူတိုင်းရော ဗီယက်နမ် လူမျိုးတွေပါဆောင်းလေ့ရှိတဲ့ ဗီယက်နမ်ခမောက် လေးဆောင်းပြီး ဓာတ်ပုံရိုက်ခဲ့ဖို့ တိုက်တွန်းချင်ပါတယ်။

အနုပညာလက်ရာမြောက်စွာနဲ့ တည်ဆောက်ထားတဲ့ အရူးအိမ် Crazy House ၊ ဒါလတ်မြို့ရဲ့ နာမည်ကျော် Datanla နှစ်ထပ်ရေတံခွန်တို့ကို လည်ပတ်ရဦးမှာပါ။

ခရီးအတွင်းမှာ ညစာကို Saigon River Cruise ပေါ်မှာ သီချင်းနဲ့ဖျော်ဖြေတာကိုခံစားပြီး ဟိုချီမင်းအလှကို ကြည့်ရှုရင်း ညစာစားရမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။ အစားအစာအနေနဲ့ ဆိုရင်တော့ ဗီယက်နမ် ခေါက်ဆွဲပြုတ်၊ ဗီယက်နမ် Pan Cake တို့ကို မြည်းစမ်းခဲ့သင့်ပါတယ်။

ခရီးစဉ်အတွင်း Ben Thanh Night Market ၊ ဂျပန် ပစ္စည်းတွေစုံတဲ့ Takashimaya ကုန်တိုက်၊ Branded တွေ စုံတဲ့ Saigon Square တို့အပြင် အရမ်းတန်တဲ့ အဝတ်အစားနဲ့ အကောင်းစားအနွေးထည်တွေကို ဈေး သက်သက်သာသာနဲ့လည်း ဝယ်နိုင်ဖို့ ဒါလတ်မြို့ရဲ့ ညဈေးကို ပို့ပေးမှာဖြစ်ပါတယ်။
တည်းခိုတာကတော့ ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်မှာ တည်းခိုကြရမှာဖြစ်ပါတယ်။

ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို အမှတ် ၁၂၂/၁၂၄၊ ကျိုက္ကဆံလမ်းနဲ့ လမ်း ၁၅၀ထောင့် (United Living Mall အနီး)၊ တာမွေ၊ ရန်ကုန်မြို့က မြန်မာမြတ်ချယ်ရီ၏ ဖုန်း ၀၁ ၅၅၁၂၄၀ ၊ ၀၉ ၅၀၀၃၆၄၇ ၊ ၀၉ ၄၄ ၅၀၀၃၆၄၇ ၊ ၀၉ ၉၆၅၀၀၃၆၄၇ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *