ရန်အောင်နှင့် တွေ့ဆုံခြင်း

ဂျပန်-မြန်မာချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးမယ့် ဇာတိမြေဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ၊ ဇာတ်ကားပြင်ဆင်မှု အပိုင်းတွေနဲ့၊ ဂျပန်မှာသွားရိုက်ရမယ့်အပေါ် ရင်ခုန်မှု၊ လတ်တလော အနုပညာလှုပ်ရှားမှုတွေကို ဂျပန်-မြန်မာချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးမယ့် ဇာတိမြေဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ၊ ဇာတ်ကားပြင်ဆင်မှု အပိုင်းတွေနဲ့၊ ဂျပန်မှာသွားရိုက်ရမယ့်အပေါ် ရင်ခုန်မှု၊ လတ်တလော အနုပညာလှုပ်ရှားမှုတွေကို The Voice က သရုပ်ဆောင်ရန်အောင်နဲ့  မေးမြန်းထားတာဖြစ်ပါတယ်။

“ချစ်ကြည်ရေး ချစ်ကြည်ရေးသာပြောတယ်၊ ကိုယ်တွေက တစ်ဖက်သတ် ချစ်ကြည်ရေးဖြစ်နေတယ်။ တကယ့်အစစ်က မဖြစ်ဘူး။ အခု ဒီကားမှာတော့ တကယ့်အစစ်ဖြစ်တယ်လို့ ယုံကြည်တယ်” ရန်အောင်

Voice : ဇာတိမြေဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ ပြောပြပါဦး။

YA : အစ်ကို့ကို စငှားတာက  ကြည်ဖြူသျှင်က ကိုရန်လေး ဒီလ၊ ဒီရက်မှာ ကားကြီးရိုက်လို့ရမယ့် ရက်လို ချင်တယ်ဆိုတာနဲ့ အစ်ကိုပေးလိုက်တယ်။ နောက်တော့မှ ဒီကားက ဂျပန်ကိုသွားရိုက်မှာသိတော့  အံ့ဩသွားတယ်။ ဇာတ်ကလည်း လက်ထဲမရောက်သေးဘူး။ ဇာတ်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ဇာတိမြေနာမည်နဲ့ လိုက်ပါတယ်။ ဒီကားက နှစ်နိုင်ငံချစ်ကြည်ရေးဆိုတာလည်း ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်တစ်ဝက်၊ မြန်မာတစ်ဝက် အကုန်အကျ စရိတ်တွေခံပြီးတော့ ရိုက်ကြတာဆိုတော့ ဒီကားက မကောင်းမချင်း  ရိုက်မယ်ဆိုတဲ့ကားလို့ ယုံကြည်တယ်။  နောက်တစ်ခုက မကောင်းမချင်း ရုံမတင်ဘူးလို့ ယုံကြည်တယ်။ အဲဒီတော့ ဒီကားက တကယ့်ကို ဒေါင်ဒေါင်မြည်တဲ့ ကားတစ်ကား ဖြစ်မှာပါ။ ဇာတ်လမ်းလေးကကောင်းပါတယ်။ ပြီးတော့ အစ်ကို့အနေနဲ့က ရသစုံလုပ်ခွင့်ရတဲ့ ကားလေးပါ။

Voice: ဒီကားမှာ ကာရိုက်တာ ဘယ်လိုပုံစံလဲ။

YA : ကာရိုက်တာတွေက အစ်ကို အရမ်းလုပ်ချင်တဲ့ ဇာတ်ကောင်တွေပဲ။  အဲဒီလိုလုပ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်တုန်းက လုပ်ခွင့်မရခဲ့ဘူး။ ကာရိုက်တာက အစ်ကိုက ဂျပန်ကိုရောက်သွားတယ်။ ဝတ်မှုံရွှေရည်က အစ်ကို့သမီးပါ။ အောင်ရဲလင်းက အစ်ကိုဖွင့်ထားတဲ့ဆိုင်မှာ အလုပ်လုပ်လာတဲ့ ဝန်ထမ်းတစ်ယောက်ပါ။ မြန်မာပြည်ဖွား ဂျပန်မှာနေထိုင်တဲ့ မိုကီဆာကီဝင်းက သမီးရဲ့ချစ်သူပါ။ သမီးကတော့ သူများနိုင်ငံကို အထင်ကြီးတယ်။ အစ်ကိုတို့က မတတ်သာလို့သာ  ရောက်နေရတယ်။ အစ်ကိုက ကိုယ့်နိုင်ငံကို ကိုယ်အထင်ကြီးတယ်။ အစ်ကိုက ရှမ်းလူမျိုးအဖြစ် သရုပ်ဆောင်ရတယ်။ ရှမ်းလိုတော့ မဝတ်ရပါဘူး။ မြန်မာအင်္ကျီတွေဝတ်ဖို့ ပြင်ထားတယ်။ ဂျပန်မှာ အပြင်ထွက်ကတည်းက အဲဒီမှာရှိတဲ့ သာမန်လူတစ်ယောက်လိုပဲ ဝတ်ဖို့ ပြင်ဆင်ထားပါတယ်။

Voice : အခက်အခဲက ဘာတွေဖြစ်မလဲ။

YA : အစ်ကိုတို့က အရင်တုန်းက ရိုက်ခဲ့ဖူးတယ်။ ရိုက်ခဲ့ဖူးတယ်ဆိုပေမယ့်  ချစ်ကြည်ရေး ချစ်ကြည်ရေးသာ ပြောတယ်၊ ကိုယ်တွေက တစ်ဖက်သတ်ချစ်ကြည်ရေး ဖြစ်နေတယ်။ တကယ့်အစစ်က မဖြစ်ဘူး။ အခု ဒီကားမှာတော့ တကယ့်အစစ်ဖြစ်တယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ ဝန်ကြီးချုပ်လာတယ်။ ဂျပန်ကလည်း ဂျပန်သံအမတ်ကြီးကိုယ်တိုင်တက်တယ်။ ဂျပန်မှာရှိတဲ့ အတတ်ပညာရှင်တွေကအစ ပူးပေါင်းပြီးရိုက်မယ်။ မြန်မာဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေသွားကြမယ်။ အဲဒီလိုပေါင်းရိုက်တဲ့အခါ တကယ်ကို သူတို့လည်း ဒီဇာတ်လမ်းကို တအားကြိုက်တယ်။ အဲဒီလို သိထားတဲ့အတွက် တကယ်ကိုချစ်ကြည်ရေး ဇာတ်လမ်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

Voice : အနုပညာလှုပ်ရှားမှု  ဘာတွေလုပ်နေလဲ။

YA : အရိပ်ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်နေတယ်။ နောက်ထပ်တော့ ကားကြီးတွေပဲ ရိုက်ဖို့ရှိပါတယ်။

Voice : ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးတွေ ကမ်းလှမ်းလာတာများလဲ။

YA : အစ်ကို့ကိုကမ်းလှမ်းတာ  ဟာသတွေများတယ်။ ဒရမ်မာတွေနဲ့  ဗီလိန်တွေလည်းပါတယ်။ ဇာတ်ကတော့ မျှပါတယ်။ ဇာတ်လမ်းအရ ရွေးချယ်လာတဲ့  ကာရိုက်တာတွေကို အစ်ကိုတို့က အပီပြင်ဆုံး သရုပ်ဆောင်ဖို့က အစ်ကိုတို့တာဝန်လေ။ အဲဒါကိုပဲ အပီပြင်ဆုံးလုပ်ပါတယ်။ အစ်ကိုတို့ရွေးရင်လည်းအစ်ကိုတို့လုပ်ချင်တဲ့ ကာရိုက်တာတွေကို ရိုက်ချင်တဲ့  ပရိုဂျူဆာတွေရှိမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် သူတို့ပေးလာတဲ့ ကာရိုက်တာတွေကိုပဲ အကောင်းဆုံးလုပ်ပါတယ်။

Voice : စီးပွားရေးအနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေလုပ်ဖို့ အစီအစဉ်ရှိလား။

YA : စိတ်ကူးတော့ ရှိပါတယ်။  စီးပွားရေးလုပ်တိုင်း ရှုံးနေတာနဲ့ လုပ်ဖို့က စဉ်းစားနေရတယ်။
Voice : ဂျပန်-မြန်မာ ချစ်ကြည်ရေး ကားတွေရိုက်လာတော့ ရုပ်ရှင်လောကအတွက် နောက်ပိုင်းမှာ ဘယ်လိုမျိုးအပြောင်းအလဲတွေ ဖြစ်မယ်ထင်လဲ။YA : အခုတောင် ပြောင်းလဲနေတာပေါ့နော်။ ဒါဆိုရင် ပြောင်းလဲခြင်း အစတွေပေါ့နော်။ တကယ်ကို ချစ်ကြည်ရေးဇာတ်ကားတွေ ရိုက်လာပြီ။ နှစ်နိုင်ငံ ပူးပေါင်းလာပြီဆိုရင် တကယ်ကို ပြောင်းလဲလာတာပါ။ ဒါက အရမ်းဝမ်းသာပါတယ်။  နောက်ပိုင်းလည်း ကျွန်တော်တို့နိုင်ငံမှာ  ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းတွေ ဆောက်နေပြီ။  ရုပ်ရှင်ရုံတွေရှိတယ်ဆိုရင် ရုပ်ရှင်လောက တိုးတက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့  ရုပ်ရှင်ရုံမရှိလို့ ကျွန်တော်တို့ နိုင်ငံမတိုးတက်တာ။ ရုပ်ရှင်ရုံတွေပြီးရင် ရုပ်ရှင်လောကတိုးတက်ပြီဆိုတော့ အဲဒီလိုပဲ ဖက်စပ်ရိုက်မယ့် နိုင်ငံတွေ အများကြီးထွက်လာမှာပါ။ နိုင်ငံတကာကိုလည်း ပြသနိုင်မှာပါ။ အရည်အသွေးတွေ မြင့်တက်လာမယ်လို့ အစ်ကိုက ရဲရဲကြီးကိုယုံကြည်ပါတယ်။

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *