ခရစ္စမတ်ပိတ်ရက်မှာ နေ့ချင်းပြန် သွားနိုင်မယ့် သံတောင်ကြီးခရီးစဉ်

ရန်ကုန်မြို့ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးစဉ်တွေထဲက အေးချမ်းတဲ့မြင်ကွင်းတွေနဲ့ မနက်ပိုင်းမြင်ရမယ့် တိမ်ပင်လယ်ကြောင့် နာမည်ကြီးနေတဲ့ သံတောင်ကြီးခရီးစဉ်ကို ခရစ္စမတ်ပိတ်ရက်မှာ အလည်သွားနိုင်ဖို့ ညွှန်ပေးချင်ပါတယ်။

သံတောင်ကြီးသွားတဲ့အခါမှာ တောင်ငူ၊ နော်ဘူဘော တောင်၊ ဖိုးကျားဆင်စခန်း၊ မှော်ယောကြီးဆင်စခန်းတို့ကိုပါ တစ်ဆက်တည်း သွားလို့ရပါတယ်။ တောင်ငူမြို့မှာ ရွှေဆံတော်ဘုရားနဲ့ မြတ်စောညီနောင်ဘုရားတို့ကို ဖူးမြော်နိုင်မှာပါ။

တောင်ငူကနေ သံတောင်ကြီးကိုသွားတဲ့ လမ်းတစ်လျှောက် မှာ အလေ့ကျပေါက်တဲ့ပန်းပင်တွေနဲ့ စိုက်ခင်းတွေကြောင့် အေးချမ်းလှပါတယ်။

အဓိက သွားလာကြတဲ့ သံတောင်ကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀ ကျော် အမြင့်ရှိတဲ့ သံတောင် မြို့မှာ ရှိပါတယ်။ အရမ်းလှတဲ့ ကျောက်စိုင်ကျာက်ခဲတွေနဲ့ အေးစိမ့်ပြီး ရေဆော့ကစားကြလေ့ရှိတဲ့ ပသီချောင်း၊ တိမ်တွေနဲ့ အရမ်းလှတဲ့ မြင်ကွင်းကိုမြင်ရမယ့် ဆုတောင်းပြည့် နော်ဘူဘောတောင်တို့ကို သွားနိုင်မှာဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တို့ အလေးထားတဲ့ နယ်မြေဖြစ်တဲ့ အလျောက် ဘုရားကျောင်းတွေလည်းရှိပါတယ်။ အပျော်လွန်ပြီး အော်ဟစ်ဆူပူတာမျိုးကို မလုပ်မိဖို့တော့ သတိထားရမှာပါ။

သံတောင်ကြီးကနေ ပျားရည်၊ လက်ဖက်ခြောက်၊ ကော်ဖီ တို့ကို အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်လို့ရပါတယ်။

ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်သွားလာမယ်ဆိုရင် ခရစ္စမတ်ပိတ်ရက်အတွက် သံတောင်ကြီးခရီးစဉ်ကို ဒီဇင်ဘာ ၂၄ ရက်ညမှာ ရန်ကုန်က စထွက်ကြပြီး ဒီဇင်ဘာ ၂၅ ရက်ညပိုင်း မှာ ရန်ကုန်ကို ပြန်ရောက်မှာပါ။

ခရီးသွားကုမ္ပဏီတွေအနေနဲ့ တစ်ဦးကို ကျပ် ၃၉ç၀၀၀ နဲ့ စရိတ်ငြိမ်းစီစဉ်ပေးကြပြီး အသွားအပြန် ကားခ၊ မနက်စာ၊ နေ့လယ်စာ၊ ဝင်ကြေးများ၊ ရေသန့်၊ စနိုးတာဝါ၊ အဆာပြေမုန့် စတာတွေကို ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။

ခရီးစဉ်အတွက် ချိတ်ဆက်သွားလာနိုင်တဲ့ ခရီးသွားကုမ္ပဏီများ

MIA Travel & Tours

ဖုန်း – ၀၁ ၅၁၉၄၁၅ ၊ ၀၉ ၄၅၃၃၀၀၃၃၉ ၊ ၀၉ ၄၅၃၃၀၀၄၄၉၊ ၀၉ ၇၇၇၅၆၅၄၄၉၊ ၀၉ ၇၇၇၅၆၇၄၄၉
လိပ်စာ – တိုက် A-၁၊ အခန်း ၅၀၂၊ ရွှေဂုဏ်သူအိမ်ရာ၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

A.M Star Travel & Tours

ဖုန်း – ၀၉ ၇၉၅၆၁၂၄၁၅ ၊ ၀၉ ၇၇၄၃၁၃၀၇၀ ၊ ၀၉ ၇၇၄၃၁၃၀၇၁
အမှတ် ၈၃၊ အခန်း ၆၊ ၂၉ လမ်း (အောက်)၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *