သင်္ကြန်တွင်းလည်နိုင်မယ့် မိုးကုတ် သို့မဟုတ် ပတ္တမြားမြေ

သင်္ကြန်တွင်းခရီးသွားချင်သူတွေအတွက် သုံးညအိပ် လေးရက်နဲ့ ရုံးချိန်လွတ်ခရီးစဉ်ကို ဈေးနှုန်းအသင့်အတင့်နဲ့ လည်ပတ်နိုင်ဖို့ ပတ္တမြားမြေလို့တင်စားကြတဲ့ မိုးကုတ်ခရီးစဉ်ကို ညွှန်ပေးချင်ပါတယ်။

ဒီခရီးစဉ်မှာ မိုးကုတ်၊ ပြင်ဦးလွင်၊ မန္တလေး၊ ကျောက်ဆည်တို့ကို လည်နိုင်မှာဖြစ်ပြီး ဧပြီ ၁၄ ရက်နေ့ နံနက်မှာ ရန်ကုန်ကနေ စထွက်မယ့်ခရီးစဉ်ပါ။

မြို့ကျက်သရေဆောင် ချမ်းသာကြီးဘုရား၊ မိုးကုတ်ဆရာတော်ဘုရားကြီး ဝိပဿနာတရားအားထုတ်ခဲ့တဲ့နေရာ၊ ကျောက်ပြသာဒ်ဘုရား၊ လေးမျက်နှာဘုရားတို့အပြင် ပြင်ဦးလွင်မြို့ကျက်သရေဆောင် မဟာအံ့ထူးကံသာဘုရားကြီး၊ မန္တလေးမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား၊ ကျောက်စိမ်းဘုရား၊ ပုဂံခေတ်လက်ရာအပြင်အဆင်များနဲ့ တမုတ်ရွှေပင်ရွှေဂူကြီး၊ အဓိဋ္ဌာန်ဆုတောင်းပြည့် မဟာရွှေသိမ်တော်တို့ကို ရောက်ရှိ ဖူးမျှော်ရမှာပါ။

ဒါ့အပြင် လေးမျက်နှာဘုရား၊ View Point၊ မိုးကုတ်မြို့လယ်က ကန်တော်ကြီး၊ ကင်းချောင်းရေတံခွန်မှာ ရေကစားရင်း အပန်းဖြေနိုင်မယ့်အပြင် မေမြို့ပန်းပွဲတော်၊ မိုးကုတ်ညဈေးတန်းတို့ကိုလည်ပြီး သက်သတ်လွတ် တရုတ်ဘုံကျောင်းထဲမှာ စာချ၊ ဗေဒင်မေးရင်း လည်ပတ်ရမှာဖြစ်ပါတယ်။

ရာသီဥတုအေးမြတာကြောင့် အနွေးထည်နွေးနွေး လှလှလေးတွေ သယ်သွားမယ်ဆိုရင် အနွေးဓာတ်လည်းရ၊ ဓာတ်ပုံရိုက်ရင်လည်း ပုံလှလှလေးတွေ ရိုက်နိုင်ဦးမှာဖြစ်ပါတယ်။

ဘီးတောင်ရပ်မှာ နာမည်ကြီးတဲ့ ဘီးတောင်ဆိုင်က မုန်ညှင်းပေါင်း မှိုပေါင်း၊ နာမည်ကျော် မိုးကုတ်ဒေါ်ရှန် ပင်ရင်းဆိုင်မှာ ဒေသစာစားနိုင်မယ့်အပြင် ဒေသစာတစ်ခုဖြစ်တဲ့ မိုးကုတ်ထမင်းပေါင်းတို့ကို မြည်းစမ်းစားသုံးနိုင်မှာဖြစ်ပြီး အိမ်အပြန် လက်ဖက်နဲ့ အာတာလွတ်ဥကြော်၊ မျှစ်ချဉ်တို့ကို လက်ဆောင်ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွက် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် နှစ်ညတာ တည်းခိုခွင့်၊ ဧည့်လမ်းညွှန်ဝန်ဆောင်မှု၊ အသွားအပြန် ကားခ၊ ဒေသအစားအစာနဲ့ တရုတ်စာများ စားသောက်ခြင်းတို့အတွက် တစ်ဦးကို တစ်သိန်း ခုနစ်သောင်းကျပ် ကျသင့်မှာပါ။

ခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို အမှတ် ၁၅၊ ဗဟိုလမ်း (ဝေဠုဝန်လမ်းကျယ်ထိပ်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Yangon Charms Travels & Tours ရဲ့ ဖုန်း ၀၉ ၇၇၈၈၇၇၆၅၂၊ ၀၉ ၇၇၈၈၇၇၆၅၃ ၊ ၀၉ ၃၃၃၃၆၃၈၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *