နေလောင်သွားတဲ့အသားအရေကိုသဘာဝနည်းဖြင့် ပြန်လည်ထိန်းသိမ်းနည်း သုံးနည်း

နေလောင်ဒဏ်အတွက် အကောင်းဆုံးနည်းက ကြိုတင်ကာကွယ် ခြင်းဆိုပေမယ့် မကာကွယ်ခဲ့လို့ အသားအရေဟာ နေလောင်ဒဏ်ခံထားရပြီဆိုရင်တော့ ပြန်လည်ထိန်းသိမ်းဖို့လိုပါတယ်။ ဓာတုပစ္စည်းတွေနဲ့ မဟုတ်ဘဲ သဘာဝနည်းနဲ့ အသားအရေကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတွေထဲက ပစ္စည်းအလွယ်တကူရနိုင်မယ့်အပေါ်မူတည်ပြီး အဆင်ပြေနိုင်မယ့် နည်းလမ်းသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။

ရေချိုးပါ

နေလောင်ဒဏ်ခံလိုက်ရတဲ့ အသားအရေအတွက် ရေအေးအေးနဲ့ ရေချိုးပါ။ နေလောင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ အသားအရေအတွက် သဘာဝနည်းနဲ့ ရေချိုးတဲ့ ကုထုံးကိုသုံးပါ။ ရေချိုးတဲ့အခါမှာ မုန့်ဖုတ်ဆော်ဒါနှစ်ဇွန်းကို ထည့်ချိုးမယ်ဆိုရင် အသားအရေယားယံခြင်းနဲ့ နီမြန်းနေခြင်းတွေကို သက်သာစေပါတယ်။

သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အလှကုန်တွေလူးပေးပါ

နေလောင်တဲ့အသားအရေကို ဓာတုပစ္စည်းတွေနဲ့မဟုတ်ဘဲ သဘာဝပစ္စည်းတွေသုံးထားတဲ့ အလှကုန်တွေကို ရွေးချယ်အသုံးပြုပေးပါ။ နေလောင်တဲ့ အသားအရေအတွက် အကောင်းဆုံးကတော့ ရှားစောင်းလက်ပတ်ပါတဲ့ခရင်မ်တွေဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ ပျက်စီးသွားတဲ့အရေပြားကို စိုပြည်စေပါတယ်။

နေလောင်တဲ့အသားအရေအတွက် နောက်ထပ်သုံးသင့်တာကတော့ နို့ပါ။ သန့်ရှင်းတဲ့ အဝတ် သို့မဟုတ် ဂွမ်းစလေးအသုံးပြုပြီး နေလောင်တဲ့အသားအရေပေါ်ကို နို့ရည်လူးပေးမယ်ဆိုရင် နေလောင်တာကြောင့် ခံစားနေရတာတွေကို သက်သာစေပါတယ်။ နွားနို့လိုပဲ နေလောင်တဲ့အသားအရေအတွက် သုံးသင့်တာက ဒိန်ချဉ်ပါ။ ဒိန်ချဉ်က အသားအရေကို နူးညံ့စေပါတယ်။

နေလောင်ပြီး အရေခွံကွာကျနေတဲ့ မျက်နှာနဲ့ အသားအရေအတွက် သခွားသီးကိုလည်း သုံးနိုင်ပါတယ်။ သခွားသီးကို ကြိတ်ချေ အနှစ်ပြုလုပ်ပြီး မျက်နှာအပါအဝင် နေလောင်နေတဲ့အရေပြားပေါ် လူးနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပါ

နေလောင်ပြီး ခြောက်သွေ့ပျက်စီးသွားတဲ့ အသားအရေအတွက် ရေများများသောက်ပါ။ ရေတစ်မျိုးထဲမဟုတ်ဘဲ အသီးဖျော်ရည်နဲ့ အားဖြည့်အချိုရည်တွေလည်း သောက်နိုင်ပါတယ်။ ကိုယ်ခန္ဓာမှ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ခြင်းဖြင့် နေလောင်သွားတဲ့အသားအရေကို အမြန်ပျောက်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ 

 

ရလေး

Ref: https://www.medicinenet.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *