Features Stories

ပရိယတ္တိသာသနာကို စောင့်ရှောက်သူများ

ကမ္ဘာအးစေတီတော်လက်ဝဲဘက်ရှိ လမ်းသွယ်လေးအတိုင်း လျှောက်သွားပါက ၁၅ ပေခန့်မြင့်မားသော အင်္ဂတေမုခ်ဦးကြီးက ပထမဆုံး ဆီးကြိုနေပေလိမ့်မည်။ ယင်းမုခ်ဦးကြီးသည် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၏ အဝင်မုခ်ဦးကြီးပင် ဖြစ်သည်။ တက္ကသိုလ်ထဲတွင် ပေ ၂၀ ကျော် မြင့်မားသည့် နာရီစင်ကြီးတစ်ခုရှိပြီး တက္ကသိုလ်အဝင်လမ်းဘေးဝဲယာတွင်...

ကောက်ကြောင်း ဝိရောဓိ

ရန်ကုန်တက္ကသိုလ်၏ ရာမညဆောင်တွင်ဖြစ်သည်။ ခရမ်းရင့်ရောင် ခါးတိုရင်စေ့ မြန်မာအင်္ကျီနှင့် ချည်သားလုံချည် ခရမ်းရင့်ရောင်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ရိုးရာဘေးလွယ်အိတ်လွယ်ထားကာ ဣနြေ္ဒရစွာ လမ်းလျှောက်လာနေသည်။ သူမက Professional Sexy Model အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသည့် ဓာတ်ပုံမော်ဒယ်လ်ဇာဇာထက်ပင်...

‘အမျိုးသားရေး’ နှင့် ‘ကမ္ဘာသားအရေး’ တို့အကြား အကွဲအပြဲ ပြင်းထန်နေဦးမည့် ၂၀၁၉

ဥရောပ၊ အာရှ၊ အာဖရိကနှင့် အမေရိကတိုက်များတွင် ပုံစံမျိုးစုံဖြင့် တိုက်ခိုက်နေကြသည့် ကမ္ဘာသားအရေးဝါဒီနှင့် အမျိုးသားရေးဝါဒီတို့အကြား အားပြိုင်နေမှုများမှာ ၂၀၁၉ ခုနှစ် ကမ္ဘာနိုင်ငံရေးဇာတ်ခုံတွင် အဓိကနေရာ၌ ရှိလာမည်ဖြစ်သည်။ ဤနေရာတွင် ‘ကမ္ဘာသားအရေးဝါဒီ’ (Globalist) ဆိုသော စကားလုံးနှင့် အမျိုးသားရေးဝါဒီ...

ဖြူတစ်ခါရွှေတစ်လှည့်နှင့် ကောင်းမှုတော်အိပ်မက်

ရွှေရောင်ဖြင့်ဆိုလျှင် ပိုမကောင်းဘူးလားဟု ပြောဆိုခဲ့သူတစ်ဦးကြောင့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီကို တောက်ပသည့် ရွှေသင်္ကန်းရောင်ဖြင့် ရှစ်နှစ်ကြာ ဖူးမြော်ခဲ့ကြရသည်။ ယခုမူ အများပြည်သူဆန္ဒဖြင့် ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရန် ရွှေဆေးသင်္ကန်းများကို ပြန်လည်ခွာချနေပြန်ပြီ။ ကျွမ်းကျင်လုပ်သားများက Grinding Machine ဟုခေါ်သည့် အရာဝတ္ထုတစ်ခုကို ကြေသွားအောင်၊...

သာမဏေကျော်များ မွေးထုတ်ခြင်း

ညနေခင်းနေခြည်၏ အလင်းရောင်က ပေလေးဆယ်ကျော်မြင့်မားသော မန်ကျဉ်းပင်ကြီးများ ဝန်းရံအုံ့ဆိုင်းနေသည့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းကို ထင်ရှားစေရန် မတတ်နိုင်ချေ။ ကျောင်းဝင်းထဲတွင် စေတီကြီးတစ်ဆူရှိပြီး အုတ်ပြဿဒ်များဖြင့် အခိုင်အမာဆောက်ထားသော ရေနံဝနေသည့် ရှေးဟောင်းသစ်သားကျောင်းကြီးခုနစ်ဆောင် ရှိသည်။ ဘုန်းတော်ကြီးကျောင်းမှာ ကုန်းဘောင်ခေတ်ဘကြီးတော်မင်းလက်ထက်တွင် ဗုဒ္ဓသာသနာ၌ ထင်ရှားကျော်ကြားခဲ့သည့် ညောင်ကန်ဆရာတော်ဦးဗုဓ်၏...

လင်းနို့ဂူ သို့မဟုတ် အရိုင်းမြေကို အလှဆင်ခြင်း

လမ်းမကြီးတစ်လျှောက်ဘေးဝဲယာတွင် သဘာဝတောနှင့် တောင်များ၊ အရိုင်းမြေများက စိမ်းညို့နေသည်က မြင်နေကျ အညာဒေသ၏ နောက်ခံအခင်းအကျင်းနှင့် ဆန့်ကျင်နေသည်။ ရွှေဘို – မြစ်ကြီးနား ကားလမ်းမမြောက်ဘက်ဆီသို့ တရွေ့ရွေ့ခရီးဆက်ပါက မိုင်တိုင်အမှတ် ၆၅ တွင် လောလောလတ်လတ်ပင် အရိုင်းမြေကို အလှဆင်ထားသည့်...

ခြင်းလုံးနှင့် ဆိုင်း ပေါင်းစပ်တီထွင်သူ

“ဘာဂျာဖနောင့်ကွ၊ မြင်းစီးဖနောင့်ပါ၊ မဟာနွယ်၊ မြှောက်ဒူး” ဆိုသည့် အသံများက ဆောင်းဘောက်စီမှ တရစပ်ထွက်ပေါ်နေသည်။ တစ်ခေါင်းလုံးဆံပင်ဖြူဖွေးနေသော မျက်မှန်တပ်ထားသူတစ်ဦးက မိုက်ခရိုဖုန်းကိုင်၍ ခြင်းလုံးကစားကွက်တစ်ခုချင်းစီကို ကြည့်ကာ ပြောနေခြင်း ဖြစ်သည်။ ထိုသို့ ပြောနေရင်းဖြင့် “ငါတို့ မြန်မာပြည်ဝယ် ခေတ်စနစ်တွေ...

မချိုသည့်သကြား (ကြံစိုက်လုပ်ငန်းများ နောက်ကွယ်က သောကနှင့် ဒုက္ခ)

တာဝန်ကျဝန်ထမ်းတစ်ဦးက ဝီစီကို မှုတ်လိုက်ပြီး လက်ကို စက်ရုံဆီသို့ ဝှေ့ရမ်းပြလိုက်သည့်အခါ အလှည့်ကျသည့်ကားသမား (ယာဉ်မောင်းသမား) အချို့၏ မျက်နှာတွင် ကျေနပ်သည့်အရိပ်များ ဖြာလွှမ်းသွားသည်။ ဝန်ထမ်းက တပ်မတော်သား ဟောင်းပုံစံရှိသည်။ ခြေတုတစ်ဖက်နှင့်။ ရုပ်ရည်သွင်ပြင်က ခပ်ကြမ်းကြမ်း။ အနွေးထည်ထူထူနှင့် စတိုင်ဘောင်းဘီရှည်ခပ်ပွပွ...

သိန်းတစ်သောင်းဆုရှင် စက်ဘီးပြင်ဆရာအဘိုး

ခြံထဲတွင် ဂျပန်စက်ဘီးအပျက်များနှင့် စက်ဘီးကျွတ်၊ တာယာအဟောင်းများက ဟိုတစ်စု၊ ဒီတစ်စု ပုံလျက်သား။ စက်ဘီး၊ ဆိုက်ကား ပစ္စည်းအဟောင်းအမြင်းများ၏ အလွန်တွင် သွပ်မိုး ထရံကာထားသော ခြေတံရှည်အိမ်အိုတစ်လုံးလည်း ရှိနေသည်။ ထိုအိမ်အိုတွင် လွန်ခဲ့သော နှစ်လခန့်က ငွေကျပ်သိန်းတစ်သောင်းထီဆု ပေါက်ခဲ့သော...

ကြွေလွင့် အနာဂတ်များ

“အသက် ၁၈ နှစ်ဆိုတာက တက္ကသိုလ်ကျောင်းသူဘ၀မှာပဲ ရှိနေခဲ့သင့်တာပါ” ဟု မပိုးဥ (အမည်လွှဲ) က နောင်တတရားများနှင့် ဆိုသည်။ အရွယ်မတိုင်ခင်မှာပင် မလိုချင်ခဲ့ဘဲ ရရှိလာသောကိုယ်ဝန်ကြောင့် မပိုးဥမှာ မိမိရင်သွေးရမည့်အရေးကို မပျော်ရွှင်ခဲ့။ ချစ်သူနှင့် နှစ်ဦးသဘောတူ အတူနေခဲ့ကြပြီးနောက်...