Articles

ကမ္ဘာဆန်ရာက ဒေသဆန်လာတဲ့ အရောင်းကွင်းဆက်များ

ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းရေးလို့ပဲ ခေါ်ခေါ်၊ ကမ္ဘာပြုရေးတို့၊ ကမ္ဘာဆန်ရေးတို့ပဲသုံးသုံး Globalisation အရှိန်နည်းလာလေတော့ Slobalization နှေးလာတဲ့ ကမ္ဘာပြုမှုလို့ နောက်ပြောင်စရာဖြစ်လာပါတယ်။ အခုတခါ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာဆန်ရေးလမ်းကြောင်းဟာ ဒေသဆန်ရေးလမ်းကြောင်း (Regionalisation) ပေါ်ကို ပြောင်းလဲရောက်ရှိလာတယ်လို့...

နိုင်ငံတကာ မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သည့် ထိုင်ဝမ်နှစ်ဦးကို ကျပ်သိန်းသောင်းချီ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၁၀ နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသူ ထိုင်ဝမ် နှစ်ဦးကို အိုက်စ် ကျပ်သိန်း ခြောက်သောင်းနီးပါးဖိုးနှင့်အတူ တောင်ဥက္ကလာပမြို့နယ်တွင် သြဂုတ်လ ၉ ရက်နေ့က ဖမ်းမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယင်းသို့...

ပညာရှင်တို့အတွက် အရေးပါအရာ သို့မဟုတ် Profession နှင့် Passion

Profession သည် သက်မွေးပညာလုပ်ငန်းဖြစ်ပြီးပညာဖြင့် သက်မွေးဝမ်းကျောင်းပြုမည့်သူတိုင်းအတွက် လွန်စွာအရေးပါလှပါတယ်။ အပ်ချုပ်သမားအနေနှင့် အင်္ကျီဒီဇိုင်းချုပ်သားချုပ်ရာ ဒီဇိုင်းပြုလုပ်မှုအပေါ်မူတည်ပြီး ဈေးကြီးကြီးနှင့် အင်္ကျီအထည်တို့ကို ချုပ်ခွင့်ရပါတယ်။ ရှေ့နေသမားက တရားဥပဒေဆိုင်ရာများ၊ အမှုသွားအမှုလာများနှင့် စပ်လျဉ်းပြီး ဗဟုသုတကြွယ်ဝမှု၊ အတွေ့အကြုံများမှုအပေါ်မူတည်ပြီး မြင့်မားသည့် ဉာဏ်ပူဇော်ခကို ရကြပါတယ်။...

တွန်းသည်၊ သို့သော် မရွေ့

“ပြောင်းလဲချင်တယ်ပြောပြီးတော့ ကိုယ်ကိုယ်၌က မပြောင်းလဲရင် ဘယ်လိုပြောင်းလဲမလဲ” မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက်သမ္မတ ဦးဝင်းမြင့်၏ မန္တလေးမြို့သို့ ပထမဆုံးရောက်ရှိစဉ် ပြောဆိုခဲ့သည့်စကားဖြစ်သည်။ “ပြောင်းလဲချင်တယ်ပြောတဲ့သူတွေကိုယ်တိုင်ကိုက စပြီးပြောင်းလဲရင် လုံးဝပြောင်းလဲသွားမယ်။ ကိုယ်ကိုယ်၌ ပြောင်းလဲရမယ်။ ပြီးရင် ဌာနဆိုင်ရာအသီးသီးက ပြောင်းလဲရမယ်” ဟု...

ငွေပေးချေကတ်တွေရဲ့ ရှေ့ရေး

မကြာမီက ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့စာကြောင့် Credit Card လို့ အလွယ်ခေါ်တဲ့ Visa, Mastercard, Unionpay ငွေပေးချေကတ်တွေ မြန်မာပြည်တွင်းမှာ သုံးလို့မရတော့ဘူးလားလို့ အများပြည်သူကြားမှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အရင်ဆုံး ငွေပေးချေကတ်တွေရဲ့ အမျိုးအစားတွေအကြောင်းကို အရင်ပြောချင်ပါတယ်။...

အမှန်တကယ် လုံခြုံ၊ လွတ်လပ်ပါ၏လော

သူနှင့် ထိပ်တိုက်တွေ့သူတိုင်း ထောင်နန်းစံရသည်။ လွတ်လပ်စွာပြောဆိုရေးသားမှုများ ခြောက်လှန့်ခံနေရသည်။ နေ့စဉ်လူမှုဘ၀အတွက် ထိတွေ့ဆက်ဆံနေရသည့် တယ်လီဖုန်း၊ ဆက်သွယ်ရေးအင်တာနက်အသုံးပြုသူများနှင့် မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဝေဖန်ရသည့် မီဒီယာသမားများ၊ ဝေဖန်သူများကိုလည်း နှုတ်ပိတ်စေနိုင်သည်။ သို့သော် ယင်းက နာမည်ကျော်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တော့...

ဧကလေးထောင် ကုထုံးသစ်

မြေသိမ်းခံရသူများအရေးနှင့် ကျူးကျော်များအရေးကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။ ကျူးကျော်များကို တဲပေါ်မှတိုက်ပေါ်သို့တင်ပေးမည်ဆိုသည့် ကြွေးကြော်ချက်ကို အကောင်အထည်ဖော်မည့် နည်းလမ်းလည်းပါလာသည်။ ပြောဆိုထားသည့်အတိုင်း ဖြစ်လာမည်၊ မဖြစ်လာမည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။  မြေသိမ်းခံရသူများအရေး ခေတ်အဆက်ဆက် တောင်သူလယ်သမားများထံမှ သိမ်းဆည်းခဲ့သည့် မြေများအတွက်...

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေသစ် ဘာထူးခြားမလဲ

မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် လစ်ဟာချက်ဖြစ်နေဆဲ အခွန်ရှောင်ရှားမှုကို ကာကွယ်ဟန့်တားနိုင်မည့် ပြဋ္ဌာန်းချက် ဤဥပဒေသစ်တွင် ပါဝင်လာမည်ဖြစ်သည်။ ဤဥပဒေသစ်ဆိုသည်မှာ လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ဖြစ်သည်။ ထိုဥပဒေသည် ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိကောက်ခံနေသည့် အခွန်ဆိုင်ရာဆောင်ရွက်ချက်များကို...

အမှီအခိုကင်း လူ့အခွင့်အရေးကော်မရှင်ဖြစ်ရေး

လူ့အခွင့်အရေးကော်မရှင် အပြည့်အဝလွတ်လပ်ခွင့်ရှိရေးအတွက် ကော်မရှင်ကို ရွေးချယ်ဖွဲ့စည်းသည့် ပုံစံ ပြင်ဆင်ရန် တောင်းဆိုသံများ ထွက်လာသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလာကြသည်။ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးက ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ...

၄၅ ဦးကော်မတီ အခြေခံဥပဒေပြင်ဆင်ရေးနှင့် (၂၁) ရာစု ပင်လုံပြည်ထောင်စု သဘောတူစာချုပ် အဆက်အစပ်နှင့် မေးခွန်းများ

ပြောစရာတွေက များလွန်းလှသည်။ ထိုများလွန်းလှသည့်အထဲမှ  အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းက ပြောချင်မေးချင်စရာ အကောင်းဆုံး ဖြစ်သည်။ သိကြသည့်အတိုင်း ၄၅ ဦး ကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (တိုတိုပြောရလျှင် ခြေဥပြင်ဆင်ရေး) အတွက် စုစည်းထားသည့် အချက်ပေါင်း ၃၇၅၀ ကျော်ပါရှိသည့်...