Articles

ဒေါ်လာအကျရာသီနှင့် ရောပါလာသည့် မြန်မာ့စီးပွားရေး

ပြင်ပ ပယောဂမရှိလျှင် ယခုကာလသည် ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး ကျဆင်းလေ့ရှိသည့်အချိန် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အမေရိကန်ဒေါ်လာဈေး စတင်ကျရိပ်ပြခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ယင်းနှစ်၏ အနိမ့်ဆုံးဈေးဖြင့် ၂၀၁၉...

မူဝါဒကောင်းများကို စောင့်မျှော်နေသော မြန်မာ့ဓာတ်ငွေ့သိုက်အသစ်များ

မြန်မာအစိုးရသည် ကမ်းလွန်ရေနံ လုပ်ငန်းလုပ်ကွက် ၁၅ ခု၊ ကုန်တွင်းပိုင်း ရေနံလုပ်ငန်းလုပ်ကွက် ၁၈ ခု အပါအဝင် အဓိကကျသော သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ကွက်များအတွက် တင်ဒါအသစ်ကို ထုတ်ပြန်ကြေညာသွားဖွယ်ရှိသည်။ ယင်းကြေညာချက်မှာ ထုံထိုင်းလေးလံလျက်သော်လည်း အကျိုးဖြစ်ထွန်းမည့် အလားအလာကောင်းများရှိသော ရေနံနှင့်...

ရာပြည့် သညာပွဲတော်ရောက် ကျောင်းသားတစ်ယောက် (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြို)

ပွဲတော်ရဲ့ တကယ့်အမည်အပြည့်အစုံကတော့ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့် အမှတ်သညာပွဲတော်ပါ။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့သက်တမ်းက ၂၀၂၀ ပြည့်နှစ်ဆိုရင်...

၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။ သင်ခန်းစာ (၁၂) နှိမ့်ချခြင်း (အပိုင်း – ၅)...

အမေရိကန် – အီရန် ရန်ပွဲနှင့် မြန်မာတို့အတွက် စီးပွားရေး၊ နိုင်ငံရေး

၂၀၁၈ ကတည်းက တင်းမာနေခဲ့သည့် အမေရိကန် အီရန် ဆက်ဆံရေးတွင် အလှည့်အပြောင်းအဖြစ် အမေရိကန်က အီရန်တပ်မတော်၏ ထိပ်တန်းဗိုလ်ချုပ်ကြီး Sulemani ကို မောင်းသူမဲ့ လေယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းသည် အီရန်ကို အမေရိကန်က စစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ အီရန်က အမေရိကန်ကို...

တစ်ရေးနိုးလာသည့် ငြိမ်းချမ်းရေးချိုးငှက်

၁၅ လကြာ ရပ်တန့်ထားခဲ့သည့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြင့် တစ်ရေးနိုးလာသော ငြိမ်းချမ်းရေးချိုးငှက်သည် ပြည်သူများဆီသို့ မျှော်လင့်ချက်များကို ပြန်လည်ယူဆောင်လာခဲ့ပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း နောက်ဆုံးကျင်းပခဲ့သော နေပြည်တော်ထိပ်သီးဆွေးနွေးပွဲမှ...

ကမ္ဘာ့အလှမယ် မေမေ

အသက် ၁၈ နှစ်အရွယ်ကပင် မက်ခဲ့သည့် အိပ်မက်သည် ဆယ်စုနှစ် နှစ်စုနီးပါးအကြာတွင် လက်တွေ့ ဖြစ်လာချေပြီ။ တိတိပပဆိုရသော် ၁၉ နှစ်အကြာတွင် ရင်ဝယ်ပိုက်ခဲ့သည့် ဆန္ဒတစ်ခုကို အသက် ၃၇ နှစ်တွင် ရုပ်လုံးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ အသက် ၁၈...

နှစ်သစ်ဦး ပွဲဆူပါမစ်

ယခုနှစ်ဆန်းပိုင်းတွင် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်တင်သွင်းခွင့် (ကားပါမစ်) ပေးမည့် သတင်းက ပွဲဆူစေခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်ဝန်ထမ်းများကို ပထမအဆင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူဝန်ထမ်းများကို ဒုတိယအဆင့်ဟူ၍ နှစ်ဆင့်ခွဲ၍ ဆောင်ရွက်ပေးသွားမည်ဟု  လူမှုကွန်ရက်တွင်...

အမတ်များလက်ထဲ မအပ်ရဲတော့သည့် ရန်ကုန်စာရင်းစစ်ချုပ် အစီရင်ခံစာ

ဝန်ကြီးချုပ်က တားမြစ်မှုအချို့လုပ်ခဲ့ပြီးနောက် စာရင်းစစ်ချုပ်အစီရင်ခံစာ အကျဉ်းချုပ်ကိုသာ လွှတ်တော်ကိုယ်စားလှယ်များ ဖတ်ရှုစစ်ဆေးခွင့်ရကြရာ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်လာကြသည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် ဌာနဆိုင်ရာများ၏ ဝင်ငွေ၊ ထွက်ငွေစာရင်းများကို...

ရှီကျင့်ဖျင် ဘယ်သူလဲ

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနှင့် လူဦးရေအများဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ နံပါတ်တစ်ခေါင်းဆောင် ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာလည်မည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းဖြစ်ပြီး တရုတ်၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးကို မှီခိုနေရကာ တရုတ်ရင်းမြစ်လက်နက်များကို သုံးပြီး စစ်တိုက်နေကြသော မြန်မာနိုင်ငံသားများအနေနှင့် တရုတ်နိုင်ငံ၏ အဓိပတိသာမက...