Feature

စာကြည့်တိုက်ပြတင်းတံခါးမှ ကမ္ဘာဆီသို့

ဖုန်းမျက်နှာပြင်ပေါ်မှနေ၍ ကမ္ဘာကို မျှော်ကြည့်ခြင်းထက် ပို၍အဆင်ပြေသည့် နေရာတစ်ခုရှိသည်။ သို့သော် ကမ္ဘာမျှော်ကြည့်သူများကို ထိုနေရာက ဆွဲခေါ်ထားနိုင်မှု နည်းပါးဆဲဖြစ်သလို မျှော်ကြည့်သူများကလည်း လာရောက်ရန် မေ့လျော့နေတတ်ကြသည်။ ထိုနေရာကား ကမ္ဘာဆီ တစ်နည်းတစ်ဖုံ လှမ်းကြည့်နိုင်မည့် စာကြည့်တိုက်များပင်ဖြစ်သည်။ အရာရာ အားနည်းချို့ယွင်းချက်များရှိခဲ့သော...

ခုနစ်စက္ကန့်အလွန်

ဒုန်းကနဲ မြည်ဟည်းသံနှင့်အတူ “ဆရာ လမ်းချော်ပြီ။ ရထားကျပြီ” ဟု တပည့်ဖြစ်သူက အော်ဟစ်ပြောဆိုလာသည်။ “အေး ငါသိတယ်၊ မင်း ကိုင်ထား” ဟု တပည့်ဖြစ်သူကို သတိပေးလိုက်ရင်း မီးရထားစက်ခေါင်းကို လူးခါမသွားအောင် ဦးအောင်နိုင် ထိန်းလိုက်သည်။ ထိုအခိုက်...

သံသရာလည်နေသော သစ်ခေါက်ဆိုးသင်္ကန်းများ

သပ်သပ်ရပ်ရပ်ထုပ်ပိုးထားသည့် သင်္ကန်းတော်များဖြင့် ပဒေသာပင်တစ်ခုလုံးက ညွတ်ကျလို့နေသည်။ ထိုပဒေသာပင်များမှာ ဗုဒ္ဓဘုရားရှင်၏ သာသနာတော်ကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းစောင့်ရှောက်ရသည့် သံဃာတော်များအတွက် ရည်ရွယ်လှူဒါန်းကြသော ကထိန်ပွဲတော်တွင် ခင်းကျင်းလေ့ရှိသည့် ပဒေသာပင်များလည်း ဖြစ်သည်။ ပရိက္ခရာရှစ်ပါး စုံလင်မျှတစေရန် လူပုဂ္ဂိုလ်များက စုပေါင်းလှူဒါန်းကြပြီး လှူဖွယ်အစုစုထဲမှ...

နေပူ ကျောပူဘ၀များ

အလှည့်ကမရောက်၊ နေကမြင့်လာသဖြင့် ဦးကျော်ခိုင် ချွေးစို့လာသည်။ နံနက် ၈ နာရီကတည်းက အပူဒဏ်ကို စခံစားနေရသဖြင့် တစ်နေ့တာအတွက် ကြိုတွေးရင်း ရင်မောသွားသည်။ ကာယဖြင့် အသက်မွေးရသူမို့ ရာသီဥတုဒဏ်ကိုအံတုရင်း ဝမ်းရေးဖြေရှင်းနေရသည်မှာ မလွယ်လှ။ မျှော်သာမျှော် ပေါ်မလာသော ခရီးသည်ကို...

အိမ်အကူတို့အတွက် မျှော်လင့်ရောင်နီ

“အိမ်အကူတွေက အလုပ်သမားဟုတ်သလားဆိုတော့ ဟုတ်တယ်။ မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး” ဟု မတင်မကျပြောဆိုလာသူက တရားလွှတ်တော်ရှေ့နေ ဦးနေဝင်းနိုင် ဖြစ်သည်။ အဘယ့်ကြောင့် ယင်းကဲ့သို့ ပြောရသနည်းဆိုလျှင် မြန်မာနိုင်ငံရှိ အလုပ်သမားဥပဒေများထဲတွင် အိမ်အကူ၊ ထမင်းချက်၊ သန့်ရှင်းရေး စသည့် အလုပ်...

အစဉ်အလာကြားမှ ရုန်းထွက်နိုင်မည်လော

ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ ရွှေရောင်တဝင်းဝင်းတောက်ပလျက်ရှိသည့် ဘုရားစေတီပုထိုးများကို ရှိခိုးကန်တော့ရာတွင် ကန့်သတ်ချက်များစွာ ရှိသည်။ အချို့ဂူဘုရားများတွင် အမျိုးသားများသာ ဝင်ရောက်ဖူးမြော်ခွင့်ရသည်။ အမျိုးသမီးများကို မဝင်ရဟု ဆိုင်းဘုတ်တပ်တားမြစ်ထားသည်။ ၂၀၁၉ ခုနှစ် မေလပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေစက်တော်ဘုရား အောက်စက်တော်ရာကို...

အသပြာနံ့သင်းသော ငါးတောင်းများ

ငါးတောင်းထမ်းသည့် အလုပ်မရခင်မှာပင် ငွေရှစ်သောင်း ဦးစွာကုန်သွားသဖြင့် ကိုဇော်မင်းထိုက် ချွေးပျံသွားသည်။ ထိုအလုပ်ရမှဖြစ်မည်။ တစ်လ ငါးသောင်းကျော်သာရသော ငါးဖမ်းစက်လှေပေါ်ကို သူ ပြန်မသွားလိုတော့။ ယင်းကြောင့်ပင် မိတ်ဆွေတစ်ဦးဆီမှ ငွေချေးကာ ငါးတောင်းထမ်းသည့်အလုပ်ရရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ “ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး။ ဒီမှာက...

တံတားပေါ်မှ စွန့်ခွာသွားသော ဘ၀များ

လိုရာခရီးအတွက် အသုံးပြုသောတံတားကို ဘ၀နောက်ဆုံးအချိန် နှုတ်ဆက်ထွက်ခွာသည့်ခရီးအတွက် ရွေးချယ်အဆုံးသတ်သူများ ရှိသည်။ ဂျုံးဂျုံးဂျက်ဂျက် အသံပေး ခုတ်မောင်းလာသော ရထားတစ်စင်းက စစ်ကိုင်းတံတားပေါ်မှ ဖြတ်သန်းသွားသည်။ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသည်။ ခဏအကြာ ဆိုင်ကယ်တစ်စီးက ဖြတ်သန်းသွားပြန်သည်။ သို့သော်...

သိုင်းပြောင်းပြန်မင်းသားလေး၏ အိပ်မက်

“ပြောင်းပြန်ကို တောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင်…” ဟု ဒါရိုက်တာမောင်သီက လက်ညှိုးထိုး၍ ပြောဆိုလိုက်သည့်အခါ စင်ပေါ်မှ ဘုန်းမြတ်မင်းက“နှာခေါင်းလန်သွားမယ်ဟေ့” ဟု ပြန်လည်အော်ဟစ်လိုက်ပြီး ဓားရေးပြလိုက်သည်။ ယင်းက အသက် ငါးနှစ်အရွယ် သိုင်းပြောင်းပြန်မင်းသားလေး ဘုန်းမြတ်မင်းကို တစ်နိုင်ငံလုံးက စတင်သိရှိစေခဲ့သည့် Myanmar’s...

ငရဲခန်းကပြန်ခဲ့သူ သို့မဟုတ် နန်းမေဇင်ဦး

မိမိကို ရှစ်နှစ်ကြာ နှိပ်စက်ညှဉ်းပန်းခဲ့သူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအတွက် ထူးခြားသည့် စိတ်ခံစားမှုမဖြစ်ခဲ့ဟု နန်းမေဇင်ဦးက ခွင့်လွှတ်သည့်လေသံဖြင့်ပြောသည်။ “အမိန့်ချမှတ်တဲ့အပေါ် ကျေနပ်လားဆိုတော့ မပြောတတ်ဘူး။ သူတို့ကိုမြင်ရင်တော့ စိတ်တိုမိမလားမသိဘူး”ဟု ဓနုသံဝဲဝဲဖြင့် သူ့စိတ်ခံစားချက်ကို နန်းမေဇင်ဦးက ဖွင့်ဟသည်။ စက်တင်ဘာလ ၁၆...