News

အိန္ဒိယတွင် မွတ်ဆလင်ဘာသာဝင်များ သွလာသ်သုံးကြိမ်ခေါ်၍ လင်မယားကွာရှင်းမှု ထောင်ဒဏ်ချနိုင်သည့် ဥပဒေအဖြစ်ပြဋ္ဌာန်း

နယူးဒေလီ၊ ဇူလိုင် ၃၁ မွတ်ဆလင်ဘာသာဝင်များ ၎င်းတို့၏ဇနီးကို သွလာသ် (ကွာရှင်းသည်) သုံးကြိမ်ပြောဆို၍ မယားအဖြစ်မှ ကွာရှင်းသည့်ကိစ္စကို အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သောပြစ်မှုအဖြစ် အိန္ဒိယပါလီမန်က ဥပဒေပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အစ္စလာမ်ဓလေ့ထုံးစံအရ ခင်ပွန်းဖြစ်သူသည်...

တာတိုပစ်ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

ပြုံးယမ်း၊ ဇူလိုင် ၂၅ မြောက်ကိုရီးယားက ဇူလိုင်လ ၂၅ ရက်နေ့တွင် တာတိုပစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းရိုးတမ်းမြို့တစ်မြို့ဖြစ်သည့် ဝန်ဆန်မြို့မှ ပင်လယ်တွင်းသို့ အကွာအဝေးမိုင် ၂၆၇...

ဆော်ဒီသို့ လက်နက်ရောင်းချမှု ကွန်ဂရက်လွှတ်တော် တားမြစ်ချက်ကို ဒေါ်နယ်ထရမ့် ဗီတိုအာဏာဖြင့်ပယ်ချ

ဝါရှင်တန်၊ ဇူလိုင် ၂၅ ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီးနိုင်ငံတို့သို့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော်တန်ဖိုးရှိသည့် လက်နက်များ ရောင်းချမှုကို ပိတ်ပင်တားမြစ်လိုက်သည့် ကွန်ဂရက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတက ဗီတိုအာဏာဖြင့် ပယ်ဖျက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ လက်နက်ရောင်းချမှုကို တားမြစ်သည့်...

ဝက်တုပ်ကွေးကြောင့် တရုတ်တွင် တစ်နှစ်အတွင်း ဝက်ကောင်ရေတစ်သန်းခွဲကျော် သုတ်သင်

ဘေဂျင်း၊ ဇူလိုင် ၄ တရုတ်နိုင်ငံတွင် ဝက်များကိုကူးစက် ပြန့်ပွားသည့် အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် တစ်နှစ်ခန့်အတွင်း ဝက်ကောင်ရေ ၁ ဒသမ ၆ သန်းကို သုတ်သင်ခဲ့ပြီးဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ယခုနှစ် ခြောက်လအတွင်း...

အိန္ဒိယတွင် သုံးနှစ်ကြာပျောက်ဆုံးနေသည့် ခင်ပွန်းကို TikTok တွင် ပြန်တွေ့

နယူးဒေလီ၊ ဇူလိုင် ၄ အိန္ဒိယနိုင်ငံတွင် သုံးနှစ်ကြာပျောက်ဆုံးနေသည့် ခင်ပွန်းဖြစ်သူကို TikTok မှတစ်ဆင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။ အဆိုပါ ခင်ပွန်းဖြစ်သူမှာ ၂၀၁၆ ခုနှစ်တွင် ဇနီးဖြစ်သူထံမှ ထွက်သွားခဲ့ပြီး လိင်ပြောင်းထားသော အမျိုးသမီးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်နေခြင်းဖြစ်သည်။...

မြောက်ကိုရီးယားက ဖမ်းဆီးထားသည့် ဩစတြေးလျကျောင်းသား ပြန်လည်လွတ်မြောက်

ပြုံးယမ်း၊ ဇူလိုင် ၄ လွန်ခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတြေးလျကျောင်းသား ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဩစတြေးလျနိုင်ငံသား အဲလက် ဆစ်ဂလေမှာ ပြန်လည်လွတ်မြောက်လာပြီး စိတ်ချလုံခြုံမှုရှိကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားသည်။...

ကာကွယ်ရေးသတင်းပေါက်ကြားမှုဖြင့် ဩစတြေးလျ ABC ရုပ်သံသတင်းဌာန ရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေ

အန်ကာရာ၊ ဇွန် ၅ ဩစတြေးလျစစ်တပ်၏ လုပ်ရပ်များကို ဖွင့်ချခဲ့သည့် ဩစတြေးလျအစိုးရပိုင် ABC ရုပ်မြင်သံကြားသတင်းဌာနချုပ်ကို ရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ABC သတင်းဌာနက ရေးသားခဲ့သည့်...

ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရ

ဘန်ကောက်၊ ဇွန် ၆ မတ်လက ကျင်းပခဲ့သည့် ရွေးကောက်ပွဲပြီး အနိုင်ရလွှတ်တော်အမတ်များဖြင့် ပထမဆုံးအကြိမ် ကျင်းပသည့် ပါလီမန်တွင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြောက်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပြီးတွင် မည်သည့်ပါတီမျှ အစိုးရဖွဲ့နိုင်လောက်သည့် မဲအများစုမရရှိဘဲ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်တည်ထောင်ခဲ့သည့်...

ဗြိတိန် ဥရောပသမဂ္ဂကထွက်ရေး လိမ်လည်မဲဆွယ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း တရားရုံးဆင့်ခေါ်

လန်ဒန်၊ မေ ၃၀ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေ နှင့် ဗြိတိန်က ဥရောပသမဂ္ဂကို တစ်ပတ်လျှင် စတာလင်ပေါင် သန်း ၃၅၀ ပေးနေရကြောင်း လိမ်လည်မဲဆွယ်ခဲ့သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ကို တရားရုံးသို့ လာရောက်အစစ် ဆေးခံရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း BBC...

တရုတ်နိုင်ငံလုပ် WeChat၊ Alipay ဒစ်ဂျစ်တယ် ငွေချေစနစ် နီပေါအစိုးရ ပိတ်ပင်

ခတ္တမန္ဒူ၊ မေ ၂၁ တရုတ်နိုင်ငံလုပ် ဒစ်ဂျစ်တယ်ငွေပေးချေသည့် WeChat နှင့် Alipay များကို နီပေါအစိုးရက ပိတ်ပင်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများမှာ အဆိုပါဒစ်ဂျစ်တယ်ငွေပေးချေစနစ်ကိုသုံး၍ ငွေပေးခြင်းကြောင့် နီပေါနိုင်ငံအနေနှင့်...