ဘဏ်လုပ်ငန်း မျက်နှာစာသစ်
ရာစုနှစ်တစ်ဝက်ခန့် ခေတ်နောက်ကျကျန်နေသော မြန်မာ့ဘဏ်လောကမှာ ယခုနှစ်တွင် အလှည့်အပြောင်း ကြီးကြီးတစ်ခုဖြင့် ကြုံရတော့မည်။ နိုင်ငံခြားဘဏ်များကို ပြည်တွင်း လုပ်ငန်းများသို့ ကျပ်၊ ဒေါ်လာနှစ်မျိုးလုံးဖြင့် ငွေချေးခွင့်ပြုလိုက်ခြင်းကြောင့် ပြည်တွင်းဘဏ်များအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာသလို တစ်ဖက်တွင် အတွေ့အကြုံရှိ အင်အားတောင့်တင်းသော နိုင်ငံခြားဘဏ်များ၏ လုပ်ကိုင်နည်းနာများကို...