Crime & Accident

ရက်စက်မှုများ မျက်စိရှေ့ရောက်လာခြင်း

ရုပ်ရှင်ထဲတွင်သာ မြင်ရလေ့ရှိသော တုတ်၊ ဓားကိုင်ကာ လူသတ်မှုများကမျက်စိရှေ့တင် ရောက်လာသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားသည့် တောင်ငူတွင် ဇနီးမောင်နှံနှစ်ဦးရိုက်သတ်ခံရမှုအပါအဝင် လူမြင်ကွင်းတွင် သတ်ဖြတ်မှုများ မကြာမကြာဖြစ်ပွားလာသည်။ ယင်းသို့ လူမြင်ကွင်းတွင် ကျူးလွန်လာကြခြင်းမှာ မည်သည့်အကြောင်းအရင်းများကြောင့် ဖြစ်ပါသနည်း။ လူမြင်ကွင်းတွင် ဖြစ်ပွားနေသည့်...

ပြည်သူကြောက်ရဲများ မဖြစ်စေရေး

ကာကွယ်ပေးရမည့်သူများ၏ လက်ချက်ကြောင့် သေရသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်။ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူများ စစ်ဆေးခံနေရစဉ် အသက်သေဆုံးမှု၊ လူမှားကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုတို့ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။ ရန်ကုန်တိုင်းသံလျင်မြို့နယ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးစစ်ဆေးခံရာမှ သေဆုံးမှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ...

အသိလွဲများကြောင့် စွန့်လိုက်ရသော အသက်များ

ဓားခုတ်ရာ လက်ဝင်လျှိုခဲ့သူ ကိုမျိုးမင်းတစ်ယောက် သင်ခန်းစာရသွားခဲ့သည်။ လူရှင်းရာအဝေးပြေးလမ်း တစ်နေရာတွင် ယာဉ်တိုက်မှုကြောင့် လဲကျနေသူကို ကိုမျိုးမင်း ကယ်တင်ခဲ့သော်လည်း လူနာရှင်နှင့် ရဲတို့၏ သံသယများစွာကို ကိုမျိုးမင်းတစ်ယောက် အချိန်တော်တော်ကြာ ဖြေရှင်းခဲ့ရသည်။ “လူရှင်းတဲ့ အမြန်လမ်းလိုမျိုးမှာ ကျွန်တော့်ရှေ့က ကားက...

သရုပ်ဆောင် မိုးအောင်ရင်အမှု နိုဝင်ဘာ ၂၇ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီခံထားရသည့် သရုပ်ဆောင် မိုးအောင်ရင် အမှု ၂နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ...

အိမ်တွင်းငရဲက မလွတ်မြောက်နိုင်သေးပါ

အင်းစိန်ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ကုသဆောင်ရှိ ခုတင်ပေါ်တွင် မျက်လုံးများ ညိုမည်းစွဲနေသည့် ဒဏ်ရာများဖြင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးကုသမှုခံယူနေသည်။ မျက်ကွင်းနှစ်ဖက်အပြင် နဖူးလည်းရောင်နေသည့် ဒဏ်ရာများရထားသည်။ ညာဖက်မျက်ကွင်းက ပို၍ ညိုမည်းနေသည်။ ယင်းမိန်းကလေးငယ်သည် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင်...

မူးယစ်ဆေးသတင်းပေးသူကို သမ္မတအပါအဝင် သုံးဦးသာသိ ဟုဆို

နေပြည်တော်၊ စက်တင်ဘာ၂၁ မူးယစ်ဆေးဖမ်းဆီးမိရန် တိုင်ကြားသူကို သမ္မတအပါအဝင် သုံးဦးသာ သိရှိပြီး ပြည်ထဲရေးကိုပင် အသိမပေးဘဲ  ကွယ်ဝှက်ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ စက်တင်ဘာလ၂၁ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံး မီဒီယာတွေ့ဆုံခန်းတွင် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပိုင်ရှင်မဲ့နှင့်...

ရှေ့နေတို့ ပွားစည်ချိန်

မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းပွင့်လင်းလာပြီးနောက် ခေတ်စားလာသည်မှာ ဆန္ဒပြပွဲများဖြစ်ပြီး ကောင်းလာသည့်အလုပ်အကိုင်မှာ ရှေ့နေအလုပ်အကိုင်ပင်ဖြစ်သည်။ ဆန္ဒပြပွဲများ၏နောက်ထပ် စာမျက်နှာတစ်ခုဖြစ်သော တရားစွဲခံရခြင်းများ၊ Facebook (လူမှုစာမျက်နှာ) သုံးစွဲမှု များပြားခြင်းနှင့် ဒွန်တွဲပါလာသော နာမည်ကျော်ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ၊ အမှုဖွင့်ကြမ်းသည့် ဆယ်လီများ၊...

မြန်မာ့ပိုင်နက်ရောက် သောင်တင်သင်္ဘောပြန်ဆွဲယူရန် ပိုင်ရှင်ထံအကြောင်းကြား

ရန်ကုန်၊ ဩဂုတ်၃၁ သုံးခွမြို့နယ် သမစိတ္တကျေးရွာ ရေမိုင်ခုနစ်မိုင်အကွာတွင် သောင်တင်နေသော သင်္ဘောကို ပြန်လည်ဆွဲယူရန် သင်္ဘောပိုင်ရှင်ထံ အီးမေးလ်ပို့ အသိပေးထားကြောင်း ရေကြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်က ပြောကြားသည်။ အဆိုပါသင်္ဘောကြီးမြန်မာ့ရေပြင်ပိုင်နက်သို့ ဆိုင်ရာတာဝန်ရှိသူများမသိဘဲ ဝင်ရောက်သောင်တင်နေခြင်းအတွက် ပြည်သူများအကြား ဝေဖန်မှုများလည်းဖြစ်ပေါ်လျက်ရှိပြီး...

အရှေ့မြောက်သို့ ခါးသီးသောခရီး

နောက်ဆုံးတော့ မလွှဲသာသဖြင့် မအေးချမ်း ခေါင်းညိတ်လိုက်ရသည်။ အသားအရေဝင်းမွတ်မွတ်မျက်လုံး မျက်ဖန်ကောင်းကောင်းနှင့် ငယ်ရွယ်နုနယ်သည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသူ မအေးချမ်း (အမည်လွှဲ)။ သန်လျင်မြို့နယ်တွင် နေထိုင်ပြီး ခင်ပွန်းဖြစ်သူနှင့် ကွဲနေသူ အသက်နှစ်ဆယ်အရွယ် မအေးချမ်းက ခြောက်လအရွယ်သားငယ်၏ နောင်ရေးကို တွေးရင်း...

အရောင်ဆိုးခြင်း သည်းခံပါ

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ကို အထိန်းအကျောင်းပြုသဖြင့် စတုတ္ထမဏ္ဍိုင်ဟု တင်စားသော သတင်းမီဒီယာ အရောင်ဆိုးခံနေရပြီလော။ သတင်းမီဒီယာသမားများခြိမ်းခြောက်ခံရခြင်း၊ တရားစွဲခံရခြင်းတို့ဖြင့် မီဒီယာလောက၏ သတင်းဆိုများအကြား နောက်ထပ်စိန်ခေါ်မှု ပေါ်လာသည်။ ယင်းကား မှုခင်းသတင်းထောက်ဆိုသူများက ငွေကြေးတောင်းခံမှုကြောင့် အဖမ်းခံရခြင်း၊ သတိပေးခံရခြင်းတို့ ဖြစ်သည်။...