Politic

“ဒီလက်နက်တွေက မိမိကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ပဲ အသုံးချနေတာပါ”

‘၀’ လက်နက်ကိုင်အဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းနှင့် ဆက်သွယ်မေးမြန်းခြင်း ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ၏ လူမျိုးစုလက်နက်ကိုင် တိုက်ခိုက်ရေးအဖွဲ့လေးဖွဲ့အနက် အင်အားအကြီးဆုံးဖြစ်သော ‘၀’ လက်နက်ကိုင်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီကို သမိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်စေမည့် တပ်တွင်းပုန်ကုန်မှုကို ဦးဆောင်ခဲ့သည်။...

ကမ္ဘာ့သဘောတူညီချက် မြန်မာအပေါ် အန္တရာယ်ဖြစ်နိုင်လား

ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ တစ်ကမ္ဘာလုံး သဘောတူညီချက်ကြောင့် မြန်မာ့အရေး တွေးပူလာကြသည်။ တစ်ကမ္ဘာလုံးက ရွှေ့ပြောင်းသွားလာသူများနှင့် သက်ဆိုင်သည့် သဘောတူညီချက်ကို ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ရာ လူဝင်မှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံက ထောက်ခံမဲပေးလိုက်သည်။ ယင်းအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။ Global Migration...

“ဝန်ကြီးချုပ်ပြောတာက အထင်မလွဲစေချင်ဘူးတဲ့”

SANDHI GOVERNANCE INSTITUTE အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းနှင့် တွေ့ဆုံခြင်း ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြည်ထောင်စုအဆင့်မှ ကိုယ်တိုင်ကြီးကြပ်သည့် စီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံ ပိုးလမ်းမသစ်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့သစ်စီမံကိန်း...

“မီဒီယာဟာ ရန်သူမဟုတ်သလို မိတ်ဆွေလည်း ဖြစ်စရာ မလိုပါ”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တို့ကို နိုဝင်ဘာလ ၂၃ ရက်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ထိုတွေ့ဆုံမှုပြီးနောက် မီဒီယာအပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောထားပြောင်းလဲသွားပြီးလားဟူသည့် မေးခွန်းများလည်း ပေါ်ပေါက်လာခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့် The Voice...

အပြင်ဖိအားနှင့် အတွင်းအကွဲအပြဲကြားက ရခိုင်အရေး

မြန်မာအပေါ် ကျရောက်နေသည် နိုင်ငံတကာဖိအား မလျော့ကျသည့်အပြင် တိုးသထက်တိုးမည့် အခြေအနေ ဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ် နိုင်ငံတကာဖိအား ကြောင့် မစတင်နိုင်ခဲ့ပေ။ ဘင်္ဂါလီများ မြန်မာ နိုင်ငံသို့ ပြန်မရောက်ခြင်းကို အကြောင်းပြုကာ...

မီးခိုရောင် ‘ဇုန်’ နှင့် မလွတ်မလပ် ဒီမိုကရေစီ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ စတင်လာခဲ့သော မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်သည် ယခုဆိုလျှင် ခုနစ်နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီ။ သို့နှင့် မြန်မာ့ဒီမိုကရေစီသည် မည်မျှခရီး ရောက်ခဲ့ပါသနည်းဟု ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ရောင်နီ ပျပျကိုသာ မြင်နေရသောအခြေအနေမျိုး တွေ့ရသည်။ သို့နှင့်တိုင်...

“ပြည်သူက သည်းမခံဘူးဆိုရင်၊ ပြည်သူ့ဒေါသပေါက်ကွဲလာမယ်ဆိုရင် အဲဒီပွဲဖျက်တဲ့သူက တရားခံဖြစ်မှာပေါ့”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် တွေ့ဆုံခြင်း အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် KNU နှင့် RCSS တို့ကလည်း...

ငြိမ်းချမ်းရေး မဝေးလိုလျှင်

ဝေးလိုက်နီးလိုက်ဖြစ်နေသော ငြိမ်းချမ်းရေးလိုသည်ထက် မဝေးစေရန် မြင်သလောက်ကို ခုနစ်ချက်ခွဲပြီး ပြောလိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဝေးလည်းမဝေး၊ နီးလည်းမနီး မလှမ်းမကမ်းမှ ကြည့်နေရသူတစ်ဦး၏အမြင်ဟု ဆိုနိုင်သည်။ (၁) ရည်မှန်းချက် ရှာပါ ဆရာဝန်လည်းဖြစ်ချင်၊ စိုက်ပျိုးရေးသမားလည်းဖြစ်ချင်၊ ကုန်သည်လည်းဖြစ်ချင် စသည်ဖြင့် ဟိုဟာလည်းဖြစ်ချင်၊...

“သူတို့က အစိုးရကိုလည်း အချိန်ပေးလိုက်တဲ့သဘောပေါ့”

ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းနှင့် ဆက်သွယ်မေးမြန်းခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပြည်သူ့ဘဏ္ဍာနစ်နာသည်ဆိုကာ တိုင်ကြားထားသော ဒေါက်တာညိုညိုသင်းသင်း၏ တိုင်ကြားစာကို အဆိုပါကော်မရှင်က အောက်တိုဘာလ ၂၀ ရက်တွင် အကြောင်းပြန်လိုက်ပြီဖြစ်သည်။ ပြန်ကြားစာတွင် တိုင်ကြားစာပါအချက်အလက်များသည် တိုင်းအစိုးရအဖွဲ့နှင့် စာရင်းစစ်ချုပ်ရုံးတို့ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများဖြစ်သောကြောင့် အရေးယူရန်မရှိသေးကြောင်းဖော်ပြထားသည်။ ဤပြန်ကြားစာအတွက်...

“ကျွန်မကတော့ စီးပွားရေးပိုကောင်းလာခြင်း၊ မကောင်းလာခြင်းထက် ပိုမဆိုးသွားအောင် ထိန်းသိမ်းနိုင်စေချင်တာ”

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနှင့် တွေ့ဆုံခြင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုများ၊ စီမံကိန်းများနှင့် နစ်နာနေရသည့် ပြည်သူ့ဘဏ္ဍာငွေများ၊ တိုင်းအစိုးရနှင့် မီဒီယာဆက်ဆံရေး အစရှိသည့် ကိစ္စရပ်များစွာကို ကျောက်တံတားမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။...