Sports

မော်ရင်ညိုနှင့် ကွန်တီတို့အနက်မှ တစ်ဦးကို နည်းပြသစ်ခန့်နိုင်ရန် အင်တာမီလန် စီစဉ်

မီလန်၊ မတ် ၂၉ အင်တာမီလန်အသင်းဒါရိုက်တာ ဘုတ်အဖွဲ့သည် လုပ်ငန်းခွင်ပြန်ဝင်ရန် စီစဉ်နေပြီဖြစ်သော မန်ယူနည်းပြဟောင်း မော်ရင်ညိုနှင့် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီတို့အနက်မှတစ်ဦးကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရန် စီစဉ်နေ ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ အင်တာမီလန်အသင်းသည်...

ကစားသမားဘ၀ဖြတ်သန်းမှုကို ကာဟေးလ် အဆုံးသတ်၊ လက်ရွေးစင်ကစားသမားဘ၀ကို ဟီဂူအင် ကျောခိုင်း

ဆစ်ဒနီ၊ မတ် ၂၉ ဩစတြေးလျလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း တင်မ်ကာဟေးလ်နှင့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဟီဂူအင်တို့သည် ၎င်းတို့၏ကစားသမားဘ၀ဖြတ်သန်းမှုနှင့် စပ်လျဉ်း၍ အရေးပါသောဆုံးဖြတ်ချက်များကို အသီးသီး ချမှတ်သွားခဲ့ကြပြီဖြစ်ပြီး ကာဟေးလ်မှာ ကစားသမားဘ၀ကို အဆုံးသတ်သည့်ဆုံးဖြတ်ချက်ကိုလည်းကောင်း၊ ဟီဂူအင်မှာ လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်းသည့်ဆုံးဖြတ်ချက်ကိုလည်းကောင်း အသီးသီး ချမှတ်သွားခဲ့ခြင်းဖြစ်သည်ဟု...

မန်ယူကို အမှတ်ပေးချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးမည်ဟု ဆရာဖြစ်သူကို ဆိုးလ်ရှား ကတိပေးထား

မန်ချက်စတာ၊ မတ် ၂၉ မန်ယူအသင်း အမြဲတမ်းနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံလိုက်ရပြီဖြစ်သော ဆိုးလ်ရှားသည် ဆရာဖြစ်သူ ဖာဂူဆန်ကို ၎င်းအနေနှင့် အသင်းကို အမှတ်ပေးချန်ပီယံပြန်ဖြစ်စေရန် စွမ်းဆောင်ပေးမည်ဟု ကတိပေးထားပြီး အသင်းအဓိကကစားသမားများဖြစ်သော ဂိုးသမား ဒီဂီယာနှင့် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်တို့ကို စာချုပ်သစ်များ...

စီရော်နယ်ဒိုကို ပွဲပယ်ပြစ်ဒဏ်မချမှတ်ဘဲ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်းဖြင့်သာ ယူအီးအက်ဖ်အေ အရေးယူ

တူရင်၊ မတ် ၂၂ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဂျူဗင်တပ်တိုက်စစ်မှုး စီရော်နယ်ဒိုကို ဂျူဗင်တပ်က အက်သလက်တီကိုကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အောင်ပွဲခံခဲ့သော အမူအရာအတွက် ပွဲပယ်ပြစ်ဒဏ်မချမှတ်ဘဲ ဒဏ်ကြေးငွေသာ...

ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အက်ဒ်ဝုဒ်ဝါးဒ်နှင့် ဂလေဇာမိသားစု ဆုံးဖြတ်၊ မော်ရင်ညိုရရှိခဲ့သောလစာ၏ထက်ဝက်ကိုသာ ဆိုးလ်ရှား ရရှိမည်

မန်ချက်စတာ၊ မတ် ၈ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်တို့သည် လက်ရှိယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်ပြီး ယင်းကိစ္စရပ်ကို အသင်းတွင်း၌ အသိပေးထားပြီဖြစ်သော်လည်း တရားဝင်သတင်းထုတ်ပြန်မှုကိုမူ မူလသတ်မှတ်ထားသည့်အတိုင်း လက်ရှိဘောလုံးရာသီပြီးဆုံးချိန်သို့ ရောက်မှသာ အက်ဒ်ဝုဒ်ဝါးဒ်က...

ရာမို့စ်နှင့် ပီရက်ဇ်တို့ စကားအချေအတင်ဖြစ်၊ ရာမို့စ်ကို ပွဲထွက်ကစားသမားစာရင်းမှ ဖယ်ထုတ်လိုက်ရန် ပီရက်ဇ် ညွှန်ကြား

မက်ဒရစ်၊ မတ် ၈ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် အသင်းခေါင်းဆောင် ရာမို့စ်တို့သည် ပြင်းပြင်းထန်ထန် စကားအချေအတင် ဖြစ်ထားကြပြီဖြစ်ပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရာမို့စ်ကို ပွဲထွက်ကစားသမားစာရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ထားလိုက်ရန် လျှို့ဝှက်ညွှန်ကြားချက်ပေးသည်အထိ ပီရက်ဇ်က ဒေါသပေါက်ကွဲနေကြောင်း Daily Mail...

အရေးပေါ်အခြေအနေဖြစ်လာခဲ့ပါက ဘောလုံးရာသီ မပြီးဆုံးမီတွင် မော်ရင်ညိုကို ယာယီနည်းပြအဖြစ် ခန့်အပ်နိုင်ရန် ပီရက်ဇ် စီစဉ်ထား

မက်ဒရစ်၊ မတ် ၈ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းအတွက် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်လာခဲ့မည်ဆိုပါက လက်ရှိနည်းပြဆိုလာရီကို ရာထူးထုတ်ပယ်၍ မော်ရင်ညိုကို ယာယီနည်းပြအဖြစ် ခန့်အပ်နိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည်...

မန်ယူကို ဆိုးလ်ရှားထက် မည်သူကမျှ ပိုကောင်းအောင် လုပ်ပေးနိုင်လိမ့်မည် မဟုတ်ဟု ဗီဒစ်ပြောကြား၊ ဖရက်ဒ်မှာ ဗီရွန်နှင့် ဖော်လန်တို့ ရင်ဆိုင်ခဲ့ရသော အခြေအနေကို ကြုံနေရခြင်းဟု ဆိုးလ်ရှား အသိပေး

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၂၂ မန်ယူနောက်ခံလူဟောင်း ဗီဒစ်သည် မန်ယူအသင်းတာဝန်ရှိသူများအနေနှင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်သူမှာ ဆိုးလ်ရှားကလွဲ၍ အခြားမရှိဟု ထောက်ခံပြောကြားလိုက်ပြီး မန်ယူကို ဆိုးလ်ရှားထက် မည်သူကမျှ ပိုကောင်းအောင်လုပ်ပေးနိုင်လိမ့်မည်မဟုတ်ဟုလည်း ဗီဒစ်က မှတ်ချက်ပေးသွားခဲ့သေးကြောင်း Daily Star က...

အိုဇေးလ်၏ပွဲထွက်ခွင့်ကို အာမခံချက်မပေးနိုင်ဟု ယူနိုင်းအမ်မရီ ပြောကြား၊ ကြိုတင်ကာကွယ် လိုက်နိုင်သည့်အတွက် ကော့စီရယ်လ်နီ၏ဒဏ်ရာ မဆိုးရွားနိုင်ဟု ယုံကြည်

လန်ဒန်၊ ဖေဖော်ဝါရီ ၂၂ အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် အာဆင်နယ်က ဘိုရီဆော့ဗ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ် ဒုတိယ အကျော့တွင် အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့သော ကွင်းလယ်လူ အိုဇေးလ်၏စွမ်းဆောင်ရည်ကို ချီးကျူးစကားပြောကြားလိုက်သော်လည်း ပွဲထွက်ခွင့်နှင့်...

ချယ်လ်ဆီးအသင်းကို အပြောင်းအရွှေ့ ဈေးကွက်နှစ်ခု ကစားသမားသစ်မှတ်ပုံတင်ခွင့် ပိတ်ပင်

လန်ဒန်၊ ဖေဖော်ဝါရီ ၂၂ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကို အရွယ်မရောက်သေးသည့် ကစားသမား ၂၉ ဦးကို ခေါ်ယူရာတွင် ၎င်းတို့ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်အတွက် လာမည့်ကစားသမားအပြောင်း အရွှေ့ဈေးကွက်နှစ်ခုတွင် ကစားသမားသစ်မှတ်ပုံတင်ခွင့် ပိတ်ပင်ပြစ်ဒဏ်ချမှတ် အရေးယူလိုက်ပြီဖြစ်ကြောင်း...