lotaya

tag the posts that are opened for lotaya website

ကမ္ဘာကပြောသော မြန်မာ့အကြောင်း

အဂတိတိုက်ဖျက်ရေး မည်မျှခရီးရောက်ပြီနည်း မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာကြာသည့် ဖိနှိပ်သော၊ တာဝန်ခံမှု မရှိသော စစ်အစိုးရအုပ်ချုပ်ရေးကာလတစ်လျှောက်လုံးတွင် ကမ္ဘာပေါ်၌ ပွင့်လင်း မြင်သာမှုမရှိသော၊ စီမံအုပ်ချုပ်မှုအလွဲဆုံးသော နိုင်ငံတစ်နိုင်ငံအဖြစ် လူအများ၏ ယူဆခြင်းခံခဲ့ရသည့် နိုင်ငံဖြစ်သည်။ ၂၀၁၅ ခုနှစ်၌ အပြောင်းအလဲနှင့် ...

“ကုမ္ပဏီတွေက တင်ပြတဲ့အချက်တွေမှာက နိုင်ငံတော်က သန်းဘယ်လောက် ဆုံးရှုံးတယ် ဘာညာဆိုတော့ နိုင်ငံတော်အိတ်ထဲက ပါသွားတာမဟုတ်ဘူးလေဗျာ”

မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့် တွေ့ဆုံခြင်း နိုင်ငံတော်သမ္မတရုံးက ဝန်ထမ်းကားပါမစ်ကို ဆိုင်းငံ့လိုက်ကြောင်း တရားဝင်ပြောကြားလိုက်ပြီးနောက် ကားလောကအတွင်းဖြစ်ပေါ်ခဲ့သော ဂယက်များမှာ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝန်ထမ်းကားပါမစ်ဆိုင်းငံ့ခြင်းသည် ဝန်ထမ်းများအတွက်၊ နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သော မျှခြေတစ်ခု ဖြစ်ခဲ့ပါ၏လော။...

ကိုရိုနာဂြိုဟ်ဆိုးမွှေသည့် အထိနာမြန်မာ့စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှု ကြာမြင့်လာသည်နှင့်အမျှ မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုမှာလည်း တစ်စထက်တစ်စ ပိုမိုပြင်းထန်လာသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ် ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအပေါ်လည်း ရိုက်ခတ်မှုရှိနေပြီး အိမ်နီးချင်း မြန်မာနိုင်ငံတွင်လည်း အဆိုပါ ထိခိုက်မှုကို ခံစားနေရသည်။...

ဆင်းရဲနွံမှ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဆဲ မြန်မာနှင့် ဆင်းရဲနွမ်းပါးမှုစစ်တမ်း

မြန်မာနိုင်ငံရှိ လူလေးယောက်တွင် တစ်ယောက်က ဆင်းရဲနွမ်းပါးသူဖြစ်ပြီး လူသုံးယောက်တွင် တစ်ယောက်သည် ဆင်းရဲနွမ်းပါးအဆင့်သို့လျှောကျသွားနိုင်ခြေရှိသူ ဖြစ်သည်။ အလွန်အမင်း ဆင်းရဲမွဲတေနေသူမှာ လူတစ်ရာတွင် နှစ်ယောက်ရှိပြီး ခန့်မှန်းလူဦးရေ သန်း ၅၀ ဖြင့်တွက်လျှင်  လူတစ်သန်းသည် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရသည်။...

တရုတ်သို့ မပို့နိုင်သည့် မြန်မာ့ပို့ကုန်အတွက် ဈေးကွက်သစ်ရှာရန်စီးပွားရေးသံမှူးများမှ တစ်ဆင့်စုံစမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ မတင်ပို့နိုင်သည့် မြန်မာ့ပို့ကုန်များအတွက် နိုင်ငံတကာတွင် ခန့်အပ်ထားသော မြန်မာစီးပွားရေးသံမှူးများမှတစ်ဆင့် ဈေးကွက်သစ်များရှာဖွေနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။ မြန်မာ့နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည့်...

မြန်မာ့ ဒစ်ဂျစ်တယ်ရေစီး

အရပ်သားအစိုးရအသွင်ပြောင်းပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် နည်းပညာများကို ပိုမိုအသုံးပြုလာခဲ့ရာ ယခုအခါ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်အသုံးပြုမှုသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် မိုဘိုင်းလ်ဖုန်း (ဆင်းမ်ကတ်) သုံးစွဲမှုသည် မြန်မာနိုင်ငံလူဦးရေ ၅၄...

အားနည်းချက်များနှင့် ကူးစက်ရောဂါနှိမ်နင်းရေး လမ်းပြမြေပုံ

ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသည့် မရိုးနိုင်သော ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံကလည်း ပြင်ဆင်လျက်ရှိပြီဖြစ်သည်။ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ပြန့်နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကမ္ဘာ တစ်လွှား အထိတ်တလန့်ဖြစ်ခဲ့ရပြီးနောက် မြန်မာတို့လည်း ခြောက်ခြားခဲ့ရသည်။ ထူးခြားသည်မှာ ကိုရိုနာဗိုင်းရပ်စ်...

ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ဝန်ကြီးချုပ်တို့စီးနင်းလာသည့် ရဟတ်ယာဉ်ကိုပစ်ခတ်မှု AA ဝန်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး...

တောင်ကိုရီးယားက တစ်နှစ်အတွင်း မြန်မာလုပ်သားခုနစ်ထောင်နီးပါး ခေါ်ယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ၂၀ ကုန်ကျစရိတ်နည်းပါးကာလုပ်ခလစာမြင့်မားသဖြင့်သွားရောက်လုပ်ကိုင်ရန်စိတ်ဝင်စားမှု မြင့်တက်နေသည့် တောင်ကိုရီးယားနိုင်ငံကယခုနှစ်တွင် မြန်မာအလုပ်သမားခုနစ်ထောင်နီးပါး ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးက ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ၂၀ရက်နေ့က နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင်အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်နှင့်  တောင်ကိုရီးယားနိုင်ငံသံအမတ်ကြီးH.E. Mr. Lee Sang-hwa တို့ တွေ့ဆုံရာတွင်သံအမတ်ကြီးကယင်းသို့ပြောဆိုကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။ တောင်ကိုရီးယားသမ္မတမစ္စတာမွန်ဂျေအင်း၂၀၁၉ခုနှစ်စက်တင်ဘာလက မြန်မာနိုင်ငံသို့လာရောက်စဉ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်...

ပြည်သူလုံတော့မည်လောနိုင်လွတ်လုံ

ယင်းဥပဒေကိုဖျက်သိမ်းပေးရန် တောင်းဆိုသံများဆူညံလာချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကအမိန့်ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်၍တရားစွဲဆိုမှု ဖောင်းပွမှုမရှိစေရန်ထိန်းချုပ်ခဲ့သေးသည်။လက်ရှိတွင်မှု ပြည်ထောင်စုအဆင့်လွှတ်တော်က ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်ရန်၊အလွယ်တကူတရားမစွဲနိုင်ရန်အတွက်ဥပဒေကို ပြင်ဆင်ရန်ကြိုးစားမှုစတင်နေပြီဖြစ်သည်။ သမ္မတဦးထင်ကျော်လက်ထက်တွင်နိုင်ငံသားများ၏လွတ်လပ်မှုနှင့်လုံခြုံမှုကိုကာကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့်၂၀၁၇ခုနှစ်မတ်လ၈ရက်တွင် ပြဋ္ဌာန်းခဲ့သည့်နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေသို့မဟုတ်နိုင်လွတ်လုံဥပဒေပင်။ ယင်းဥပဒေကို ပြင်ဆင်မည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင်တင်သွင်းထားပြီဖြစ်ပြီး ပြင်ဆင်ရန်လုပ်ဆောင်ထားချက်မှာလက်ရှိဖြစ်ပွားနေသည့်တရားစွဲဆိုမှုများကိုမည်ကဲ့သို့ ပြောင်းလဲပေးနိုင်မည်နည်း။ ဥပဒေကို ပြင်ဆင်မှုစတင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁၈ရက်နေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းဝေးတွင်နိုင်လွတ်လုံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိုတင်သွင်းခဲ့သည်။သို့သော်လည်း...