lotaya

ဒီမိုကရက်ထိပ်သီးများသို့ လိပ်မူထားသော ပါဆယ်ဗုံး ဇာတ်လမ်း

အမေရိကန်တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ အစရှိသော ဒီမိုကရက်တစ်ပါတီက ထိပ်သီးခေါင်းဆောင်များထံ ပါဆယ်ဗုံးများ ပေးပို့ခံခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ပါဆယ်ဗုံးများမှာ လိုရာမရောက်မီ အချိန်မီရှာဖွေတာဆီးနိုင်ခဲ့ရာ ပေါက်ကွဲမှုမဖြစ်ခဲ့သလို ဒဏ်ရာရသူလည်းမရှိခဲ့။ အောက်တိုဘာ ၂၆ ရက်နေ့တွင်မူ...

ငြိမ်းချမ်းရေး မဝေးလိုလျှင်

ဝေးလိုက်နီးလိုက်ဖြစ်နေသော ငြိမ်းချမ်းရေးလိုသည်ထက် မဝေးစေရန် မြင်သလောက်ကို ခုနစ်ချက်ခွဲပြီး ပြောလိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဝေးလည်းမဝေး၊ နီးလည်းမနီး မလှမ်းမကမ်းမှ ကြည့်နေရသူတစ်ဦး၏အမြင်ဟု ဆိုနိုင်သည်။ (၁) ရည်မှန်းချက် ရှာပါ ဆရာဝန်လည်းဖြစ်ချင်၊ စိုက်ပျိုးရေးသမားလည်းဖြစ်ချင်၊ ကုန်သည်လည်းဖြစ်ချင် စသည်ဖြင့် ဟိုဟာလည်းဖြစ်ချင်၊...

ပညာဖြင့် လူငယ်များဘ၀ အောင်မြင်တိုးတက်ရေးသို့ …

ယနေ့လူငယ်တိုင်းလိုလိုတွင် ပညာဟုဆိုလိုက်လျှင် ကျောင်းပညာရေးကိုသာ ပြေးမြင်မိတတ်ကြပါတယ်။ ကျောင်းပညာရေးနှင့် ဘွဲ့များအပေါ်တွင်သာ ‘ပညာ’ ဆိုသည့် ဆိုင်းဘုတ်တပ်ထားသည့်အလားဖြစ်နေတတ်ပါတယ်။ အကြောင်းမှာ ပညာရေးကတစ်ဆင့် ပညာကိုပိုမိုတိုးချဲ့သိမြင်လာခြင်းကြောင့် ထိုသို့လူငယ်များအနေနှင့် ပညာကို ပညာရေးဟု ပြေးမြင်မိသည်ကိုလည်း နားလည်ပေးရပါမယ်။ သို့ရာတွင် ပညာရေး၌သာ လမ်းဆုံးနေပြီး...

မြန်မာ့စီးပွား ပြည်တွင်းဖြစ်အန္တရာယ်

စီးပွားရေးပိတ်ဆို့မည်ဟူသော ပြည်ပမှလာသည့် စီးပွားရေးအန္တရာယ်ဓား မြန်မာ့ခေါင်းပေါ်ဝဲနေချိန်တွင် မြန်မာ့စီးပွားရေးအတွက် ပြည်တွင်းဖြစ်အန္တရာယ်ကိုလည်း မြန်မာတို့ ရင်ဆိုင်နေရကြောင်း နောက်ဆုံးထုတ် စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှုညွှန်းကိန်းက ဖော်ပြနေသည်။ ပြည်ပအန္တရာယ်ကိုမရှင်းခင် ကိုယ့်တာကိုယ်လုံအောင် လုပ်ရမည်။ ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှုကို တိုင်းတာသည့်အနေဖြင့် နှစ်စဉ်ထုတ်သည့် စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှု အညွှန်းကိန်း...

ချက်ကောင်းထိသွားသည့် ဖုယွင်လုပ်သားသပိတ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ဂိတ်တံခါးအဝများသည် သပိတ်တိုက်ပွဲဝင်မည့်နေရာ ဖြစ်လာဖွယ်ရှိသည်။ ၇၂ ရက် ကြာနေပြီဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားသပိတ်မှောက်မှုမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင်ထွက်သည့် ဂိတ်အမှတ် (၄)  တံခါးအပေါက်ဝတွင် သပိတ်စခန်းဖွင့်ပြီးမှ ပြေလည်မှု ရသွားသည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်...

အသတ်ခံခဲ့ရသည့် ဆော်ဒီဂျာနယ်လစ်မှာ အန္တရာယ်ကြီးသော အစ္စလာမ်မစ်ဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသားပြောကြား

ရီယာ့ဒ်၊ နိုင်ဝင်ဘာ ၂ တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရသော ဆော်ဒီဂျာနယ်လစ်ခါရှိုဂီမှာ အန္တရာယ်ရှိသော  အစ္စလာမ်မစ်တစ်ဦးဖြစ်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် က ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ ဆော်ဒီဂျာနယ်လစ်ကိုသတ်ကြောင်း ဆော်ဒီအစိုးရက တရားဝင်ဝန်ခံမပြောကြားမီအချိန်က ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတ...

တပ်မတော်ထောက်ခံပွဲများသည် တပ်နှင့်ပြည်သူ တစ်သားတည်းရှိသည့်ပြယုဂ်ဟု တပ်ချုပ်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂ တပ်မတော်ဆောင်ရွက်ချက်များအပေါ် ထောက်ခံသည့်ပွဲများသည် တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ အဆိုပါ ထောက်ခံပွဲများသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများကို သိရှိစေကြောင်း...

ပူးပေါင်းဆောင်ရွက်မှု ရလဒ်မကောင်းလျှင် ကုန်သွယ်ရေးအရေးပေးမှု မြန်မာဆုံးရှုံးနိုင်ဟု EU ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂ မြန်မာနိုင်ငံအနေနှင့် ဥရောပသမဂ္ဂ (EU) နှင့် အခြားပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းများတွင် ရလဒ်ကောင်းမထွက်ပါက ကုန်သွယ်ရေးအရေးပေးမှု ရုပ်သိမ်းခံရနိုင်ကြောင်း EU က အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်သည်။ EU က စေလွှတ်သည့်...

အောင်ရဲထွေးအသတ်ခံရမှု ကျေအေးပေးရန် မိသားစုကို ကျပ်သိန်း ၁၅၀၀ ပေးသည်ဟု ကော်မရှင်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၂ အောင်ရဲထွေးအသတ်ခံရမှုတွင် စွပ်စွဲခံထားရသူ သန်းထွဋ်အောင် (ခေါ်) သားကြီးဖခင်က အမှုကျေအေးပေးရန်  အောင်ရဲထွေးမိသားစုဝင်များကို ကျပ်သိန်း  ၁၅၀၀ ပေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က တရားခွင်တွင် ထွက်ဆိုသည်။ အဆိုပါအမှုကို...

အမှတ်အသားသရုပ် (၂) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။ အမျိုးသားရေးဝါဒရော၊ ဘာသာတရားသည်ပါ ကမ္ဘာ့နိုင်ငံရေး၏ အင်အားစုများအဖြစ်မှ ပျောက်ကွယ်သွားစရာမရှိဟု မှတ်ချက်ပြုဖူးခဲ့သည်။ ဤသို့ ပျောက်ကွယ်မသွားသည်မှာလည်း ကျွန်တော်က သူတို့ ပြန်လာလိမ့်ဦးမည်ဟုပြောခဲ့သောကြောင့်တော့ မဟုတ်ပါ။ ခေတ်ပြိုင် လစ်ဘရယ်ဒီမိုကရေစီကိုယ်တိုင်က ‘သိုင်မိုစ်’ (Thymos)...