lotaya

ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် လီဗာပူးကို ရောင်းထုတ်ရန် ဂျွန်ဟင်နရီစီစဉ်

လီဗာပူး၊ နိုဝင်ဘာ ၉ ဖင်ဝေးအားကစား စီးပွားရေးလုပ်ငန်းစုကို ပိုင်ဆိုင်ထားသော လီဗာပူးအသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ ဂျွန်ဟင်နရီသည် ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် ယင်းကိစ္စကို ဖြေရှင်းရန်အတွက် လီဗာပူးအသင်းကို ရောင်းထုတ်လိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။...

မက္ကဆီကိုနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာသူများကို ခိုလှုံခွင့်ပေးမှု သမ္မတထရမ့် ပိတ်ပင်မည်

ဝါရှင်တန်၊ နိုဝင်ဘာ ၉ အမေရိကန်ပြည်ထောင်စုတွင်းသို့ တောင်ပိုင်းမက္ကဆီကိုနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများကို ခိုလှုံခွင့်ပေးတော့မည်မဟုတ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ တောင်ပိုင်းနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများကို ခိုလှုံခွင့်ပေးခြင်းမှတားမြစ်မည့် သမ္မတ၏အမိန့်ဖြင့် တားမြစ်ချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မကြာမီ လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။...

တောင်းပန်ခံလိုသည့် ဝန်ကြီးချုပ်၏ ရှင်းလင်းချက်

စိတ်ကြိုက်ရွေးပြီး ခေါ်ထားသည့် သတင်းမီဒီယာလေးခုမှတစ်ဆင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖြေရှင်းချက်ပေးလိုက်သည်။ Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်အပါအဝင် သုံးဦးကို တရားစွဲထားမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းမည်ဟုပြောဆိုပြီး ၁၁ ရက်အကြာတွင် ပြုလုပ်သည့် ရှင်းလင်းပွဲလည်း ဖြစ်သည်။ အစိုးရ၏ မီဒီယာဖြစ်သည့် MRTV...

အမှတ်အသားသရုပ် (၃) ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏ နိုင်ငံရေး

Francis fukuyama  ရေး၍ ကျော်ဝင်းဘာသာပြန်သည်။ (၁) ဂုဏ်သိက္ခာနိုင်ငံရေး The politics of dignity နှစ်ဆယ့်တစ်ရာစု၏ ဒုတိယဆယ်စု အလယ်လောက်အချိန်တစ်ခုတွင် ကမ္ဘာ့နိုင်ငံရေးမှာ သဘင်ဆန်ဆန် ပြောင်းလဲသွားခဲ့သည်။ ဇာတ်၏ အစကား ယခုလို …။...

မူးယစ်ဆေးပပျောက်ရေး ဂါထာမန္တန်အသစ်

မကောင်းဆိုးဝါး ပပျောက်စေရန် ဂါထာမန္တန် ရွတ်ဖတ်ရသည်။ အဘယ်ကြောင့်နည်း။ ဘုန်းတော်ကြီးကျောင်းများတွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိသည်။ သံဃာပါဝင်သည့် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်နေကြ ခြင်းဖြစ်သည်။ “မူးယစ်ဆေးသုံးစွဲတဲ့နေရာတွေ ပိုတောင်ပေါလာတယ်။ ခင်ဗျားတို့ သတိထားမိမှာပါ။ နောက်ဆုံး ဘုန်းကြီးကျောင်းနှစ်ကျောင်းထဲက ကျွန်တော်တို့...

တုံ့ဆိုင်းနေဖို့ အချိန်မရှိပါ

လတ်တလော စိတ်ထဲရောက်နေတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ လက်စ်တာဘောလုံးအသင်းပိုင်ရှင် ရဟတ်ယာဉ်ပျက်ကျပြီး အသက်သေဆုံးသွားတဲ့ကိစ္စပါ။ လက်စ်တာဘောလုံးအသင်းဆိုတာ မြန်မာဘောလုံးပရိသတ်တွေနဲ့ သိပ်မစိမ်းပါဘူး။ ဟိုတစ်နှစ်ကမှ ထူးထူးခြားခြား အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလား ယူထားတဲ့အသင်း။ ပိုင်ရှင်ဖြစ်သူရဲ့ King Power လုပ်ငန်းဆိုတာကလည်း ထိုင်းလေဆိပ်တွေမှာ...

မလုံခြုံသေးသည့် ဧရာဝတီအပိုင်စားများ

ဦးတင်မြို့တွင် လင်းပိုင်မိတ်ဆွေသုံးကောင်ရှိသည်။ ကုပ်မကြီး၊ လည်ဝိုင်းမနှင့် ရွှေညီကိုတို့ဖြစ်သည်။ လည်ကုပ်ခုံးနေသဖြင့် ကုပ်မကြီးဟု အမည်ပေးခြင်းဖြစ်ပြီး လည်ပင်းတွင် ပလတ်စတစ်စွပ်နေသကဲ့သို့ အရစ်ရှိနေသဖြင့် လည်ဝိုင်းမဟု အမည်ပေးခြင်းဖြစ်သည်။ ဦးတင်မြို့သည် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေတွင်ပါဝင်သည့် မန္တလေးတိုင်း မတ္တရာမြို့နယ် မြေစွန်းကျေးရွာက ရေလုပ်သားဖြစ်သည်။...

ဖွံ့ဖြိုးရေး မြန်မာစတိုင်

မြန်မာတို့သည် ဖွံ့ဖြိုးတိုးတက်ရေး ခရီးလမ်းတွင် ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်သည်။ ရှေ့ခပ်လှမ်းလှမ်းသို့ ရောက်နေသော နိုင်ငံများကို အမီလိုက်ရန် မြန်မာတို့ တကုပ်ကုပ် ကြိုးစားနေကြခြင်းသည် ကောင်းသည်၊ မွန်မြတ်သည်၊ စိတ်တက်ကြွဖွယ် ကောင်းသည်။ သို့သော် မြန်မာတို့သွားနေသော ဖွံ့ဖြိုးရေးသည်...

ဒီမိုကရက်ထိပ်သီးများသို့ လိပ်မူထားသော ပါဆယ်ဗုံး ဇာတ်လမ်း

အမေရိကန်တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ အစရှိသော ဒီမိုကရက်တစ်ပါတီက ထိပ်သီးခေါင်းဆောင်များထံ ပါဆယ်ဗုံးများ ပေးပို့ခံခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ပါဆယ်ဗုံးများမှာ လိုရာမရောက်မီ အချိန်မီရှာဖွေတာဆီးနိုင်ခဲ့ရာ ပေါက်ကွဲမှုမဖြစ်ခဲ့သလို ဒဏ်ရာရသူလည်းမရှိခဲ့။ အောက်တိုဘာ ၂၆ ရက်နေ့တွင်မူ...

ငြိမ်းချမ်းရေး မဝေးလိုလျှင်

ဝေးလိုက်နီးလိုက်ဖြစ်နေသော ငြိမ်းချမ်းရေးလိုသည်ထက် မဝေးစေရန် မြင်သလောက်ကို ခုနစ်ချက်ခွဲပြီး ပြောလိုသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဝေးလည်းမဝေး၊ နီးလည်းမနီး မလှမ်းမကမ်းမှ ကြည့်နေရသူတစ်ဦး၏အမြင်ဟု ဆိုနိုင်သည်။ (၁) ရည်မှန်းချက် ရှာပါ ဆရာဝန်လည်းဖြစ်ချင်၊ စိုက်ပျိုးရေးသမားလည်းဖြစ်ချင်၊ ကုန်သည်လည်းဖြစ်ချင် စသည်ဖြင့် ဟိုဟာလည်းဖြစ်ချင်၊...