lotaya

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားမှ ကောက်နုတ်ချက်

တစ်ဖက်သတ်အပစ်ရပ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပြီး ပထမအကြိမ်လေးလကျော်ကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။ အဲဒီအချိန် ကာလမတိုင်မီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးအင်အားစုအချို့၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းအချို့က...

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး တွဲရေးလော …. ခွဲရေးလော

ငြိမ်းချမ်းရေး မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ ဇာစ်မြစ် (Root) နှစ်ရပ်ကြောင့် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အိုင်ဒီအိုလိုဂျီဇာစ်မြစ်နှင့် ဖက်ဒရယ်ဇာစ်မြစ် တို့ ဖြစ်ပါသည်။ ‘အိုင်ဒီအိုလိုဂျီ ဇာစ်မြစ်’ မှာ ကမ္ဘာ့နိုင်ငံရေး (တစ်နည်း) စစ်အေးနှင့် ဆက်စပ်နေသည်။ ‘တိုင်းပြည်သစ်ကို မည်သည့်စနစ်ဖြင့်...

ရေ မသောက်ရဲတော့သည့် ဒေသ

ရေများအမည်းရောင်ဖြစ်နေခြင်း၊ ငါးသေများ ရေပေါ်ပေါလောပေါ်နေခြင်းတို့အတွက် အဖြေများ ထွက်လာသော်လည်း ကရင်ပြည်သူများ၏ စိုးရိမ်စိတ်ကို မကုစားနိုင်သေးပေ။ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ ကရင်ပြည်နယ် ဘားအံမြို့အနီးရှိ ကျေးရွာများတွင် ငါးများသေဆုံးပြီး နေအိမ်ရှိ တွင်းရေများ အမည်းရောင် ဖြစ်လာခဲ့သည်။ ယင်းရေကို...

အာဇာနည်များ ကျဆုံးရာရုံးထဲက Spa ဂယက်

ဗိုလ်ချုပ်ဆောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးရာ ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်လှစ်သည့် သတင်းအပေါ် ကန့်ကွက်ဝေဖန်သံများ ဆူညံခဲ့သည်။ သက်တမ်းနှစ် ၁၂၀ ကျော်ရှိပြီ ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို နှစ်စဉ်အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလေ့ရှိသည့် ဝန်ကြီးများရုံးတွင် ကျန်းမာရေးစင်တာ (Spa) အမည်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ စင်ကာပူအခြေစိုက်...

လူမျိုးထက် ပြည်နယ်ကိုအခြေပြုသည့်မူဝါဒများ ရေးဆွဲကာ ဆွဲဆောင်မည်ဟု SNLD ပါတီဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁ လူမျိုးအခြေပြုသော ပါတီမှ ရှမ်းပြည်နယ်နှင့် မူဝါဒကို အခြေပြုသော ပါတီအဖြစ် ပြုပြင်ပြောင်းလဲရန် မူဝါဒရေးဆွဲပြီး ပြည်သူလူထုကို ဆွဲဆောင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က...

လွတ်လပ်စွာပြောဆိုခွင့်ကို မြန်မာအစိုးရနှင့် တပ်မတော်အသိအမှတ်ပြုရန် ဆွီဒင်သံရုံးတိုက်တွန်း

ရန်ကုန် ၊အောက်တိုဘာ ၃၁ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟူသော လူ့အခွင့်အရေးကို မြန်မာအစိုးရနှင့် တပ်မတော်တို့က အသိအမှတ်ပြုလေးစားလိုက်နာရန် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သားများကို မရမ်းကုန်းမြို့နယ်တရားရုံးက အောက်တိုဘာလ...

ဟောင်ကောင်စီးပွားရေး ဆယ်နှစ်အတွင်း ပထမဆုံးကျဆင်း

ဟောင်ကောင်၊ အောက်တိုဘာ ၃၁ ဟောင်ကောင်စီးပွားရေးမှာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း  Channel News Asia သတင်းတွင် ဖော်ပြထားသည်။ ဟောင်ကောင်တွင် ဖြစ်ပွားနေသည့် ငါးလကြာဆန္ဒပြမှုများ၊ အမေရိကန် – တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ အကျိုးဆက်များကြောင့်...

နိုင်ငံတစ်ဝန်း မိုးထစ်ချူန်းရွာသွန်းမည်

ရန်ကုန်၊ အောက်တိုဘာ ၃၁ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် နိုဝင်ဘာလဆန်း ၁၀ ရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချူန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာ...

ဆိုင်းငံ့ထားသည့် စင်ကာပူ-မလေးရှား အမြန်ရထားလမ်းစီမံကိန်း မဟာသီယာခွင့်ပြု

ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁ လအတန်ကြာ ဆိုင်းငံ့ထားသည့် မလေးရှားနှင့် စင်ကာပူနိုင်ငံကြား တည်ဆောက်မည့် အမြန်မီးရထားလမ်းကို တည်ဆောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်မဟာသီယာက ပြောကြားသည်။ မလေးရှားနိုင်ငံတောင်ပိုင်းပြည်နယ် ဂျိုဟော်၏မြို့တော်ဂျိုဟော်ဘာရူးနှင့် စင်ကာပူနိုင်ငံဝုဒ်လန်းရပ်ကွက်ကို ဆက်သွယ်မည့် အရှည် ၄ ဒသမ ၂...

ဘွဲ့များများရသူကို လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစားပေးရွေးမည်ဟု ကြံ့ခိုင်ရေးပါတီပြော

ရန်ကုန်၊ အောက်တိုဘာ ၃၁ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရတွင် ဘွဲ့များများရသူများကို ဦးစားပေးရွေးချယ်ရန် စဉ်းစားထားကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။ “တကယ့်အောက်ခြေပါတီနဲ့ ပြည်သူလူထုက...