Mandalay

ကျူးရှင်းလင်းရေး စစ်မျက်နှာအသစ်

မန္တလေးတိုင်းအစိုးရက ကျူးကျော်တို့ကို စစ်မျက်နှာသစ်ဖွင့်လှစ်လိုက်ပြန်ပြီ။ အစိုးရအဆက်ဆက် မလုပ်ဆောင်နိုင်ခဲ့သေးသည့် ကျူးကျော်စာရင်းကောက်ယူရန်နှင့် ယင်းကျူးကျော်တို့ကို မှတ်ပုံတင် ရန် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကြံရွယ်နေခြင်းဖြစ်သည်။ မည်သို့ မှတ်ပုံတင်မည်နည်း။ စာရင်းကောက်ယူ၍ လက်ဗွေအမှတ်အသားရယူခြင်း၊ မျက်နှာဖတ်စက်တို့ဖြင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကာ ကျူးကျော်များကို...

ခရုလေးများနှင့် ကခုန်သူ

မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ထူးထူးခြားခြား ပန်းချီပြပွဲလေးတစ်ခု ကျင်းပနေသည်။ ပြပွဲအမည်ကား ခရုလေးများနှင့် ကခုန်ခြင်း။ ၂၀၁၈ ဇန်နဝါရီလ ၉-၁၀-၁၁ ရက်နေ့ဟူ၍ သုံးရက်တိုင်တိုင်ကျင်းပသော ထိုပန်းချီပြပွဲလေး၏ ပင်တိုင်ဖန်တီးရှင် ပန်းချီဆရာကား ဆရာဦးလုံး ဖြစ်သည်။...

မန္တလေး လုံခြုံတော့မလား

လွှတ်တော်တွင် အဆိုတင်သွင်း၍ တိုက်တွန်းရသည်အထိ မန္တလေးမြို့တော်၏ လုံခြုံရေးအခြေအနေက စိုးရိမ်စရာဖြစ်လာနေသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မန္တလေးမြို့နေ ပြည်သူများလုံခြုံရေးကို အစိုးရက အထူးအလေးပေး ဆောင်ရွက်ပေးရန်အတွက် ချမ်းမြသာစည်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က...

မန္တလေးမြီးရှည်

မန္တလေးမြို့၏ စားစရာဟုဆိုလိုက်လျှင် ထိပ်ဆုံးကပြေးမြင်မိကြမည့် စားစရာများထဲ မြီးရှည်သည်လည်း တစ်ခုအပါအဝင်ပင်။ ကျိုင်းတုံမြီးရှည်၊ မိုးကုတ်မြီးရှည်၊ ယိုးဒယားမြီးရှည် စသဖြင့် မြို့နာမည်စွဲ ဒေသစွဲအမျိုးမျိုးနှင့် မြီးရှည်အမျိုးမျိုးရှိသလို မန္တလေးမြီးရှည်သည်လည်း တစ်မျိုးတစ်ဘာသာ။ မန္တလေးမြီးရှည်ဟူသော စကားလုံးသည်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။ မြီးရှည်ဟူသော...

လက်သိပ်ထိုးမြေ နိဂုံး

တစ်နှစ်ခွဲခန့် အချိန်ယူခဲ့ပြီးသည့်နောက် လွှတ်တော်အဆိုတစ်ခု၏ ဇာတ်သိမ်းပိုင်းရောက်လာခဲ့သည်။ ယင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လက်သိပ်ထိုး မြေကွက်တို့၏ နိဂုံးပိုင်းလည်း ဖြစ်သည်။ ဇာတ်လမ်းအစက အစိုးရအကူးအပြောင်းကာလ၊ ၂၀၁၆ ခုနှစ် မတ်လနှောင်းပိုင်းဖြစ်ပြီး ဇာတ်ရှိန်တက်သည်က ဇွန်လကုန်တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင်...

စာအုပ်အငှားဆိုင်တို့ ကျဆုံးခန်း

မန္တလေးမြို့တွင် ယခုနှစ်ပိုင်းအတွင်း သိသိသာသာပြောင်းလဲမှုတစ်ရပ်ကို ဖော်ပြပါဆိုလျှင် စာအုပ်အငှားဆိုင်တို့ ပိတ်သိမ်းရခြင်းကို ထိပ်ဆုံးကထားပြောရလိမ့်မည်။ တိုးတက်လာသော ခေတ်ရေစီးနှင့်အတူ မန္တလေးမြို့ရှိ စာအုပ်အငှားဆိုင်တို့ ကြာကြာတောင့်မခံနိုင်ကြတော့။ စာအုပ်အငှားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်၊ တံခါးတစ်ချပ်ပြီးတစ်ချပ် ပိတ်သိမ်းကြရခြင်းကို မန္တလေးစာအုပ်ဆိုင်တို့ ကြုံတွေ့နေကြရပြီ။ စာအုပ်အငှားဆိုင်များ အငှားပါးလာခြင်းသည်...

တော်လှန်ရေးဘုရား၏ ရာဇဝင်

  နှစ်စဉ် နတ်တော်လဆန်း ၇ ရက် ရောက်ပြီဆိုလျှင် မန္တလေးမြို့တွင် ထင်ရှားသော ဘုရားပွဲတစ်ခုရှိလေသည်။ ထိုဘုရားဘွဲ့အမည်ကား ရွှေလေးဘုရား။ သာမန်ဘုရားများနှင့်မတူ ရွှေလေးဘုရားတွင် ထူးခြားသည့်ရာဇဝင်ရှိသည်။ ညောင်ပင် ဈေးသူဈေးသားတို့၏ မျိုးချစ်စိတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို ပြဆိုနေသော ဘုရားဖြစ်သောကြောင့်ပင်။...

တရုတ်ပုဆိုးတစ်ကွင်း ရောင်းရရင် ပြည်တွင်းပုဆိုးတစ်ကွင်း လျော့တာပဲ

  ပြည်တွင်းပုဆိုးဈေးကွက်အတွင်းသို့ တရုတ်ပြည်ဖြစ် ပုဆိုးများဝင်ရောက်နေမှု၊ လက်ရှိ ပုဆိုးဈေးကွက် အခြေအနေ၊ ပြည်တွင်းပုဆိုးများနှင့် တရုတ်ပုဆိုးများ ဆက်စပ်မှု ရှိမရှိ၊ ပြည်တွင်းဈေးကွက် ခိုင်မာစေရန် အစိုးရမှ မည်သို့အကူအညီပေးနိုင်မည် စသည်တို့အပေါ် ပြည်တွင်းထုတ် နာမည်ကြီးတံဆိပ်ပုဆိုးများ လုပ်ကိုင်ရောင်းချသူတို့၏ အမြင်များကို...

ရိုက်စားဂိတ်နှင့် ကယ်ရီဘေး

အများသူငါ အိပ်ကောင်းနေချိန် နံနက် ၃ နာရီဝန်းကျင်ခန့်ဆိုလျှင် ဦးတင်စိုးတို့မှာ အဆင်သင့်ဖြစ်နေကြရပြီ။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ဘက်မှ ဆင်းလာသည့်ယာဉ်လိုင်းများ မန္တလေးမြို့သို့ ဝင်ရောက်ချိန် သည် နံနက် ၃ နာရီမှ ၅ နာရီခန့်အထိ ဝေလီဝေလင်းအချိန်ဖြစ်ပြီး ခရီးသည်များ...

ငွေပိုးမျှင်တို့ ရစ်ဖွဲ့ရာ

လေးဘက်လေးတန် ကာရံထားသည့် ထရံကာ၊ သမံတလင်း ဂိုဒေါင်ပုံစံ ခြံငယ်လေးထဲတွင် မနန်းရီတစ်ယောက် ပိုးကောင်ငယ်လေးများနှင့် အလုပ်ရှုပ်နေသည်။ သူမကိုင်တွယ်နေသည့် ပိုးကောင်ငယ်လေးများသည် မန္တလေးမြို့ အမရပူရရက်ကန်းရုံများမှ ပိုးထည်များရက်လုပ်ရန် ကုန်ကြမ်းပိုးချည်မျှင်များထုတ်ပေးသည့် ပိုးကောင်ငယ်လေးများဖြစ်သည်။ ပိုးစာပင်ဖြစ်ထွန်းသော ပြင်ဦးလွင်၊ နောင်ချို၊ ဘန့်ဘွေး၊...