Society

ပရဟိတဇာတ်ပို့လူငယ်များ

လောက၌ သူတော်ကောင်းတို့၏ ဥစ္စာသည် အနည်းငယ်ပင်ဖြစ်သော်လည်း တွင်းငယ်ထဲတွင်ရှိသည့်ရေကဲ့သို့ သူတစ်ပါးတို့အတွက် မှီခိုရာဖြစ်၏။ သူတော်ကောင်းမဟုတ်သော သူတို့၏ ဥစ္စာသည်ကား များပင်များသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခို၍မရ။ (လောကနီတိ) “ကိုယ်လှူလိုက်ရတဲ့နေရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် အထောက်အကူပြုရာ ရောက်တယ်ဆိုရင်...

အင်းဝမြို့က နှလုံးသားဆေးခန်း

ဥပုသ်နေ့တိုင်း ကိုယ်ပိုင်ဆေးခန်းကိုပိတ်ပြီး မန္တလေးမှ အင်းဝမြို့သို့ အမြဲမပြတ်သွားရောက် ဆေးကုသပေးနေသည့် မြန်မာတိုင်းရင်းသမားတော်တစ်ဦး ရှိသည်။ ထိုသမားတော်မှာ မန္တလေးမြို့တော်အခြေစိုက် သိနေဟဆေးခန်းပိုင်ရှင် ဦးသိုက်ထွန်း ဖြစ်သည်။ “ဒီဆေးခန်းကို လာရောက်ကြတဲ့လူနာတွေဟာ ကျွန်တော်ကခေါ်လို့ လာကြတဲ့သူတွေမဟုတ်ဘူး။ မြန်မာ့တိုင်းရင်းဆေးရဲ့ စွမ်းအားကိုသိလို့ အဝေးကြီးကနေ...

ပုံရိပ်ယောင်ဘ၀တွင် ပျော်မွေ့ခြင်း

မျက်ရည်စက်လက်ကျနေသည့် မျက်ဝန်းနှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်လေးသည် လက်ကိုင်ဖုန်းကင်မရာကို ကြည့်နေသည်။ သို့သော် ကိုယ်ဟန်အနေအထားကို ကျော့ကျော့မော့မော့လေးဖြစ်စေရန် ဂရုစိုက်ပြီးမှ ကင်မရာခလုတ်ကို သူနှိပ်လိုက်သည်။ အဆိုပါဓာတ်ပုံလေးကို Facebook ပေါ်သို့တင်လိုက်သည့်အခါ Like ၊ Comment များရာချီ တက်လာကြသည်။...

ဂုဏ်ထူးဆောင်၏ ဂုဏ်ထူးဆောင်

“အခုဆို သမီးရည်မှန်းထားခဲ့ဖူးတဲ့ ငယ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ရင်ထဲမှာ အတိုင်းမသိ ခံစားရတဲ့ပီတိက ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရလောက်အောင်ပါပဲ”ဟု ရင်တွင်းစကားဆိုလိုက်သူက မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံးကျောင်း အလှူရှင်မလေး မဖြူးခေတ်။ ၂၀၁၆ -၂၀၁၇ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရှင်နှင့် မန္တလေးတိုင်းဒေသကြီး၏...

တစ်ချိန်ကဗီလိန် အခုမင်းသား

“ငယ်ငယ်ကဆိုရင် ဂိမ်းဆိုင်ဆိုတာ ခိုးသွားရတာ။ အိမ်ကသိရင် တုတ်တစ်ချောင်းနဲ့ လာဆွဲထုတ်တာခံရသေးတယ်” ဟု ကိုမာန်သူဟိန်းကရယ်သွမ်းသွေးရင်း ဆိုသည်။ သူ့ကိုကြည့်ရသည်မှာ အတိတ်ကို ပြန်လွမ်းနေမိသယောင်ယောင်ပင်။ အသက် ၃၀ ကျော်အရွယ်ရှိပြီး အသက်မွေးဝမ်းကျောင်းမှုအတွက် ပုဂ္ဂလိကဘဏ်တစ်ခုတွင် မန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော်လည်း သူသည်...

လက်တွဲဖော်တို့၏ ဒုတိယပီတိ

“ဆေးရုံတက်ရပြီဆိုမှတော့ ဘယ်သူမဆို ငွေပါမှအဆင်ပြေတာ။ ငွေမပါရင် ဆေးဝယ်ဖို့ ဒုက္ခရောက်မယ်။ ဘ၀တူ စာပေနယ်ပယ်က လက်တွဲဖော်တွေ မျက်နှာမငယ်ရအောင် ကူညီပေးစောင့်ရှောက်ပေးတယ်ဆိုတာ တကယ်တော့ ကျွန်တော်တို့ စာပေညီအစ်ကို၊ မောင်နှမများအတွက် ဒုတိယပီတိပဲ” ဟု ဆိုသူက မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဉ်၏...

မီးခိုးတိတ်စီးပွားရေးမှ ကလေးများအတွက် အန္တရာယ်အသစ်

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံဖြိုးလာသည်နှင့်အမျှ ထိုလုပ်ငန်းခွင်အတွင်းရှိ ကလေးသူငယ်များအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်ပေါ်နေပြီဟု လေ့လာသူတို့က သတိပေးလိုက်သည်။ ၂၀၁၁ ခုနှစ်မှစတင်၍ အရှေ့တောင် အာရှဒေသတွင် ခရီးသွားများ လာရောက်ရန် စိတ်ဝင်စားသည့် ခရီးစဉ် ဒေသတစ်ခုအဖြစ် မြန်မာနိုင်ငံသည်...

မောင်မစ္စက ပရဟိတ

‘ဖြတ် ဖောက် ချုပ် ပရဟိတ’ သူ့ ပရဟိတက အဆန်း။ လောကတွင် ကိုယ်ကျိုးစီးပွားမပါဘဲ အများသူငါ ကိုယ်၊ စိတ် နှစ်ပါးချမ်းသာအောင် ဖြည့်စွမ်းကူညီပေးခြင်းကို ပရဟိတဟုခေါ်သည်။ ထို့ကြောင့် မာမီတိုး၏ ဘ၀တူများအပေါ် စေတနာဝန်ထမ်းခြင်းသည်လည်း ပရဟိတဟု...

ဘ၀အလင်းဆောင်ကြဉ်းပေးသူများ

“ကျွန်မ ပညာတွေသင်ကြားပြီးဆုံးသွားရင် ဆေးပညာနဲ့ ပတ်သက်တဲ့ လူမှုရေးလုပ်ငန်းတွေ ကုသိုလ်ဖြစ်ဆေးခန်းတွေထိုင်ပြီး ဆေးကုသပေးမယ်။ ဆေးကုသပေးရင်း ရရှိလာတဲ့ဝင်ငွေတွေနဲ့ ဆရာတို့ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ပြန်လည်လှူဒါန်းကူညီပေးသွားဖို့လည်း ဆုံးဖြတ်ထားတယ်”ဟုဆိုလာသူက မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလေး မသဉ္ဇာဌေး။ ဆရာဝန်လောင်းဖြစ်သူ မသဉ္ဇာဌေးသည် မန္တလေးမြို့တော်အခြေစိုက် ဦးမင်းဆွေ+...

ငလက်မတိုင်းပြည်အတွက် ကားရောင်းရန်ရှိသည်

သူ့အိမ်ကလေးသည် ကားများဖြင့် ပြည့်နှက်နေသည်။ ဆံပင်ရှည်ကို နောက်လှန်စည်းထားပြီး အိမ်နေရင်းစွပ်ကျယ်အင်္ကျီဖြင့် ထိုင်နေသည့် ထိုသူသည် ထိုမျှချမ်းသာသည်လော။ ချမ်းသာပါသည်။ သူ့တွင် အနုပညာဖန်တီးလိုမှုများဖြင့် ချမ်းသာပါသည်။ သူပိုင်သော ကားကလေးများသည်လည်း သူ့လက်ဖြင့် အသေးစိတ်ပြုလုပ်ထားသော ပုံစံတူကားကလေးများပင်ဖြစ်ပါသည်။ “လုပ်ချင်လို့ကို လုပ်တာဗျာ။...