Sports

ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင်လေးသိန်းဖြင့် စာချုပ်သစ်ချုပ်ရန် မန်ယူစီစဉ်၊ ဇန်နဝါရီဈေးကွက်တွင်မန်ယူကို စွန့်ခွာနိုင်ရန် ဗလင်စီယာကြိုးပမ်း

မန်ချက်စတာ၊ ဒီဇင်ဘာ ၁၄ မန်ယူအသင်းသည် အသင်းပွဲထွက်ဂိုးသမား ဒီဂီယာကို တစ်ပတ်လုပ်ခလစာ ပေါင်လေးသိန်းအထိပေး၍ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ကာ ယင်းစာချုပ် အကောင်အထည်ပေါ်လာခဲ့မည်ဆိုပါက ဒီဂီယာမှာ ကမ္ဘာ့လုပ်ခလစာအများဆုံးရဂိုးသမားအဖြစ်လည်းကောင်း၊ ပရီးမီးယားလိဂ်၏လုပ်ခလစာအကျိုးခံစားခွင့် အများဆုံးရ ကစားသမားအဖြစ်လည်းကောင်း စံချိန်တင်နိုင်လိမ့်မည်ဟု Daily Mail...

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် မန်ယူအတွက် ဒါလော့တ် ပွဲထွက်ခွင့်ရဖွယ်ရှိ၊ ဆံပင်ကို ငွေရောင်ဆိုးသည့်အကြောင်းရင်းအဂူရို ပြော

မန်ချက်စတာ၊ နိုဝင်ဘာ ၂၃ မန်ယူနည်းပြ မော်ရင်ညိုသည် ယနေ့(စနေနေ့)ညတွင် ယှဉ်ပြိုင်ရမည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင် အသင်းညာခြမ်းခံစစ်၌ လူငယ်ကစားသမား ဒါလော့တ်ကို ပွဲထုတ်ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။ ဒါလော့တ်သည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင်...

ဆယ်စုနှစ်တစ်ခုခန့်စော၍ ရောက်ခဲ့ပါက ပရီးမီးယားလိဂ်ကို မနက်စာစားသကဲ့သို့ စားခဲ့လိမ့်မည်ဟု အီဘရာဟီမိုဗစ်ပြောကြား

မန်ချက်စတာ၊ နိုဝင်ဘာ ၂၃ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီထံတွင် ကစားသမားဘ၀ ဖြတ်သန်းနေသော မန်ယူတိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် ၎င်းအနေနှင့် ပရီးမီးယာဒလိဂ်သို့ အချိန်စောစွာ ပြောင်းရွှေ့ဖြစ်ခဲ့မည်ဆိုပါက ပြိုင်ပွဲတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် ကစား သမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily...

မာနေးကို နှစ်ရှည်စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း လီဗာပူးအတည်ပြု၊ ဆားလားဟ်ကို လီဗာပူးမှထွက်ခွာရန် အီဂျစ်နည်းပြတိုက်တွန်း

လီဗာပူး၊ နိုဝင်ဘာ ၂၃ လီဗာပူးအသင်းသည် တိုက်စစ်တောင်ပံကစားသမား မာနေးကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ စာချုပ်သစ်၏သက်တမ်းကို လီဗာပူးက အတိအကျ ထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကာလရှည်စာချုပ်ဟုသာ အသိပေးထားကြောင်း Daily Star က ဖော်ပြထားသည်။ လီဗာပူးအသင်းတာဝန်ရှိသူများသည် မာနေးကိုခေါ်ယူရန်...

ထိုင်း WARRIX  အားကစားပစ္စည်းကုမ္ပဏီ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ ငါးသန်းကျော် ထောက်ပံ့မည်

ရန်ကုန်၊ နိုဝင်ဘာ ၉ ထိုင်းနိုင်ငံအခြေစိုက် WARRIX အားကစားကုမ္ပဏီနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့သည်  အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇ သန်းတန်ဖိုးရှိ ခြောက်နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ကို နိုဝင်ဘာလ ၆ ရက်က ချုပ်ဆိုခဲ့ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ...

ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် လီဗာပူးကို ရောင်းထုတ်ရန် ဂျွန်ဟင်နရီစီစဉ်

လီဗာပူး၊ နိုဝင်ဘာ ၉ ဖင်ဝေးအားကစား စီးပွားရေးလုပ်ငန်းစုကို ပိုင်ဆိုင်ထားသော လီဗာပူးအသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ ဂျွန်ဟင်နရီသည် ဘော်စတွန်ရက်ဒ်ဆော့ခ်အသင်း အရှုံးပေါ်နေခြင်းကြောင့် ယင်းကိစ္စကို ဖြေရှင်းရန်အတွက် လီဗာပူးအသင်းကို ရောင်းထုတ်လိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။...

ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်ထံ လက်လွှတ်လိုက်ရမည်ကို မော်ရင်ညို စိုးရိမ်၊ အသင်းတာဝန်ရှိသူများ၏ထောက်ခံမှု ပိုမိုလိုအပ်ကြောင်း ပြောကြား

မန်ချက်စတာ၊ အောက်တိုဘာ ၂၆ မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဂိုးသမား ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးလိုက်ရသည့်အခြေအနေတစ်ရပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ပြီး ဒီဂီယာကိုခေါ်ယူရန်အတွက် လက်ရှိတွင် ဂျူဗင်တပ်အသင်းက ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ထံကတစ်ဆင့် ကမ်းလှမ်းချိတ်ဆက်မှုများရှိနေပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။...

ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ကွန်တီ ငြင်းပယ်၊ ပိုချက်တီနိုကို ပီရက်ဇ် ပြောင်းလဲပစ်မှတ်ထား

မက်ဒရစ်၊ အောက်တိုဘာ ၂၆ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီသည် ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ပြီဖြစ်ပြီး ယင်းအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်မှာ စပါးနည်းပြ ပိုချက်တီနိုဘက်သို့ ပြောင်းလဲပစ်မှတ်ထား ဦးလှည့်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည်...

မန်ယူကို ရောင်းထုတ်လိုက်ရန် ဂလေဇာမိသားစုကို အကြံပေးများ တိုက်တွန်း၊ ဆော်ဒီမင်းသား၏၀ယ်ယူမှုကို ဗြိတိန်အစိုးရ မသိကျိုးကျွံပြုပေးဖွယ်ရှိ

မန်ချက်စတာ၊ အောက်တိုဘာ ၁၉ ဂလေဇာမိသားစု၏စီးပွားရေးအကြံပေးပညာရှင်များသည် မန်ယူကို ရောင်းထုတ်လိုက်ရန် ဂလေဇာညီအစ်ကိုများကို တိုက်တွန်းထားပြီဖြစ်ပြီး ယခုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို နောက်တစ်ကြိမ်ထပ်မံရရှိနိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ဂလေဇာညီအစ်ကိုများကို ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။ ဆော်ဒီအာရေဗျတော်ဝင်မင်းသား...

ငါးနှစ်သက်တမ်းစာချုပ်သစ်ကို လုခ်ရှော လက်မှတ်ရေးထိုး၊ အသင်းနှင့်လမ်းခွဲရန် ဆန်းချက်ဇ် စီစဉ်

မန်ချက်စတာ၊ အောက်တိုဘာ ၁၉ မန်ယူဘယ်နောက်ခံကစားသမား လုခ်ရှောသည် အသင်းနှင့် ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ ယခုစာချုပ်သစ်၏တန်ကြေးမှာ ပေါင်သန်း ၅၀ ရှိကြောင်း Daily Sport က ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ်ရှိ လုခ်ရှောသည်...