Stories

ဥပဒေလက်ပိုက်ကြည့်နေရသည့် လောဘကစားပွဲများ

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် အဘက်ဘက်တွင် အားနည်းချက်များစွာ ရှိနေသည်။ အထူးသဖြင့် စီးပွားရေးတွင် အောက်ကျနောက်ကျကျန်ရစ်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ပြီး တစ်ဦးချင်းပျမ်းမျှ ဝင်ငွေနည်းပါးသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲ။ ပြည်သူများမှာ ပုံမှန်ဝင်ငွေအပြင် တစ်ဖက်တစ်လမ်းက ရလာမည့် အပိုဝင်ငွေကို အသည်းအသန် ရှာဖွေနေကြရသည်။...

ရန်ကုန်စီးပွားရေး ဇာတ်ခုံမှ ဖိတ်ခေါ်ပါ၏

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နေ့စဉ်ထုတ်ပြန်လျက်ရှိသော သတင်းများတွင် အများဆုံးမှာ စီးပွားရေး လုပ်ငန်းရှင်များကို လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။ ယခုအခါ ရန်ကုန်မြို့တွင် ငွေလိုက်မုဆိုးများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အချက်ပေးလိုက်ပြန်သည်။ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် မေလ ၉ ရက်နေ့က...

ကျပ် ၁၂၃ သန်းတန် လွှတ်တော် ကိုယ်စားလှယ်များ အတွက် စာမေးပွဲ

ယခု အစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲ လာပြန်ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည်ဟု ပြည်ထေင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၈ ရက်နေ့က ကြေညာလိုက်သည်။ ၂၀၁၇ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအပြီး ၁၉ လအကြာတွင်...

ပြည်သူများနှင့်အတူ၊ သို့သော် ပြဿနာလည်းရှိသည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသက်တမ်း ၂ နှစ်ပြည့် မိန့်ခွန်းတွင် နောက်ထပ်ဆောင်ပုဒ်တစ်ခု တိုးလာသည်။ ယင်းကား ‘စုပေါင်းအင်အား’ ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုရာတွင် ရည်ညွန်းခဲ့ဖူးသော ပျို့ကဗျာတစ်ခုကို ပြန်ပြောင်းအမှတ်ရစေသည်။ “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း စွဲကိုင်လက်နက်...

အလုပ်သမားဖြစ်ခွင့်ရရေး ဒုက္ခ

ခြစ်ခြစ်တောက်ပူနေသည့် ဧပြီလနေမင်းအောက်လမ်းမပေါ်တွင် ဦးရေလေးရာဝန်းကျင်ရှိသည့် လူငယ်လူရွယ်များ ငုတ်တုတ်ထိုင်နေကြပြီး အချို့ကလည်း မတ်တတ်ရပ်နေကြသည်။ အများစုမှာ နေပူထဲတွင်ဖြစ်ပြီး ထိုသူတို့၏ မျက်နှာများသည် စောင့်ဆိုင်းနေရမှုကြောင့် စိတ်ပျက်နေပုံပေါ်သည်။ သူတို့မျှော်လင့်နေကြသည်မှာ စားဝတ်နေရေးဖြေရှင်းရာတွင် အထောက်အပံ့ပေးမည့် လက်တစ်ဝါးစာအဖြူရောင် ကတ်ပြားရရှိရန်အတွက် နာမည်အခေါ်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။...

အများပြည်သူနေရာများတွင် နောက်ကျောလုံရေး

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည်။ သို့သော် အသက်မသေခဲ့။ ယင်းအမျိုးသားသည် မိမိကိုယ်ကိုယ် သတ်သေရန် ကြက်သွန်လှီးဓားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အများပြည်သူတို့အတွက် အရေးကြီးသော အထွတ်အမြတ်နေရာဖြစ်သည့် ရွှေတိဂုံဘုရားပေါ်သို့ ကြက်သွန်လှီးဓား မည်သို့ရောက်သွားခဲ့သနည်း။...

ကချင်စစ်ပွဲ ခုနစ်နှစ်ပြည့်တော့မည်၊ သို့သော်…

တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တပ်မတော်တို့၏ တစ်ကျော့ပြန်စစ် ဖြစ်ပွားနေသည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစ၍ စစ်ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ဧပြီလသည် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်...

ကုလလုံခြုံရေးကောင်စီ မြန်မာအပြစ်ရှာပုံတော်ခရီး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးသွားသော်လည်း မပြီးဆုံးသေးသည့် အကြောင်းအရာများ ကျန်ရှိနေခဲ့သည်။ ကုလသမဂ္ဂတွင် အမြင့်ဆုံးဖြစ်သည့် လုံခြုံရေးကောင်စီ၏ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသို့ လေးရက်ကြာလာရောက်ခဲ့ပြီး ဧပြီလ၁ရက်နေ့တွင် ခရီးစဉ်အဆုံးသတ်သည်။ ယင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ရာဇသံများလည်းပေးခဲ့ပြီး မြန်မာအစိုးရ၏...

လစာလှိုင်းပေါ်မှ ကုန်ဈေးနှုန်း

ဝန်ထမ်းလစာတိုးမြှင့်သည့် သတင်းက အစိုးရဝန်ထမ်းများကို ပျော်ရွှင်မှုထက် ပူပန်မှုကိုသာ ဖြစ်စေသည်။ နိုင်ငံတော်သမ္မတသစ်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြည်သူ့ဝန်ထမ်းများကို လစာတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သော်လည်း အစိုးရဝန်ထမ်းအများစုမှာ ဟက်ဟက်ပက်ပက် မရှိလှပေ။ တစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းကိုးသိန်းကျော်၊ တစ်သန်းနီးပါးရှိပြီးအရာထမ်းအဆင့် ဝန်ထမ်းဦးရေခုနှစ်သောင်းကျော်နှင့် အမှုထမ်းအဆင့်ဝန်ထမ်းဦးရေ...

နောက်ပြန်လန်ကျသည့် သတင်းလွတ်လပ်ခွင့်

အတိုက်အခံဘ၀နှင့် ရှိနေချိန် တစ်လျှောက်လုံး သတင်းမီဒီယာများက ပစားပေးခြင်းခံခဲ့ရသည့် လက်ရှိအစိုးရသည် အစိုးရ ဖြစ်လာချိန်တွင်မူ သတင်းမီဒီယာကဏ္ဍကို မျက်ကွယ်ပြုခဲ့သည်ဆိုသည့် မေးခွန်းများ လတ်တလောထွက်ပေါ်လာသည့် စစ်တမ်းကြောင့် ပို၍ခိုင်မာလာစေသည်။ ၂၀၁၈ခုနှစ်အတွက် ကမ္ဘာတစ်လွှားနိုင်ငံများ၏ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)...