News Analysis

ဂါရ၀တောစ ထိုက်သူမည်ပါ၏လော

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် ပွဲဆူစေသူတစ်ဦး ပါဝင်လာသည်။ နှစ်ပေါင်း ၃၃ နှစ်ကြာ သက်တမ်း ရှိပြီဖြစ်သော ယင်းကန်တော့ပွဲမှာ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်များကို ပူဇော်ကန်တော့ခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်မှ စကာ ကျင်းပလာခြင်း ဖြစ်သည်။...

လုံခြုံမှုကင်းမဲ့လာသည့် ပြည်နယ်

နှစ်သစ်အဖွင့်နေ့တွင် ဝန်ကြီးချုပ်၏ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည်။ ယင်းမတိုင်ခင်ကလည်း အနီးကပ် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ခဲ့သည်။ အစွန်းရောက်အကြမ်းဖက်အန္တရာယ်ကြောင့် လုံခြုံမှုနှင့် ပတ်သက်လျှင် မေးခွန်းထုတ်ခံရလေ့ရှိသည့် ရခိုင်ပြည်နယ်အတွက် အထက်ပါဖြစ်ရပ်များမှာ မလုံခြုံမှုကို ပိုဆိုးစေသည်။ ဇန်နဝါရီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်...

နှစ်သစ်ကူးည ဘေးရန်ကင်းရေး

ပျော်ရွှင်မြူးတူးကြမည့် နှစ်သစ်ကူးညအတွက် ဝမ်းနည်းပူဆွေးသောကများ ထပ်မရောက်လာရန် လိုသည်။ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညတွင် ဟာသသရုပ်ဆောင်အောင်ရဲထွေး တစ်ယောက် The One Entertainment ကလပ်ရှေ့တွင် လူတစ်စု၏ ထိုးကြိတ်ကန်ကြောက်ခြင်းကြောင့် သတိမေ့မြော့ကာ ဇန်နဝါရီလ ၂ ရက်နေ့တွင်...

ထိုးနှက်ခံ၊ ပုံဖျက်ခံနေရသည့် စတုတ္ထမဏ္ဍိုင်

ရပ်တည်ရန်ရုန်းကန်နေရသည့် သတင်းမီဒီယာများကို ပြိုလဲအောင် ထိုးနှက်သူများ၊ ပုံဖျက်သူများ ရှိနေသည်။ တရားဝင်ရပ်တည်နေသော သတင်းမီဒီယာများက လူအင်အားသုံးပြီး ငွေကြေးကုန်ကျခံကာ တင်ဆက်သည့် သတင်း၊ ဆောင်းပါးစသည်တို့ကို အလိုက်သင့် ခိုးယူသုံးစွဲကာ သတင်းမီဒီယာအမည်ခံ၍ စီးပွားရှာနေသူများ ရှိနေသည်။ အခြားတစ်ဖက်တွင်လည်း သတင်းမီဒီယာဟု...

တရုတ်အကျပ် မြန်မာဖရဲ အခက်

တရုတ်၏ လုံခြုံရေးစနစ်ကြောင့် မြန်မာဖရဲစိုက်တောင်သူများ၊ ကုန်သည်များ အထိနာနေပြီဖြစ်သည်။ ကားနှစ်စီးစာသာကျယ်သည့် ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းပေါ်တွင် တစ်ပတ်ကျော်ပိတ်မိသော အရှည်လေးမိုင်ခန့်ရှိ ဖရဲသီးတင်ကားကြီးများထဲတွင် ဘုတင်လင်မြို့က ဖရဲစိုက်တောင်သူကို သစ္စာ၏ ဖရဲကားသုံးစီးလည်း ပါဝင်သည်။ မော်တော်ယာဉ်မှာ ရက်အတော်ကြာနေရာမှပင် မရွေ့လျားနိုင်သည့်အတွက်ပါလာသည့် ဖရဲသီးများက...

ဦးကိုနီအမှု ကြန့်ကြာရခြင်း အဖြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၂ နှစ် ပြည့်တော့မည်ဖြစ်သော်လည်း တရားရုံးက စစ်ဆေးမှု မပြီးပြတ်သေးပေ။ တရားလိုပြသက်သေ ၈၀ ဦးနှင့် အစွပ်စွဲခံရသူများဘက် တင်ပြသည့် သက်သေ ၇၂ ဦးတို့ကို စစ်ဆေးနေခြင်းဖြစ်ပြီး တရားရုံးထုတ်စစ်ဆေးမှုမှာ...

စစ်ပွဲများ ငြိမ်းတော့မည်လော

အကျိုးဆက်ကြီးမားစေမည့် လုပ်ရပ်တစ်ခုကို တပ်မတော်က ရုတ်တရက် ချပြလိုက်ပြီဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်နားထားမည်ဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၁) ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အဖွဲ့အစည်းအားလုံးနှင့်...

ကျောက်စိမ်းလောက တစ်ခေတ်ဆန်းပြီ

နာမည်ဆိုးနှင့် ကျော်ကြားလျက်ရှိသည့် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ၂ နှစ်ကျော်ကြာ အငြင်းပွားနေခဲ့မှုသည် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြီးပြတ်သွားပြီဖြစ်သည်။ အကြီးစားကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ဖျက်သိမ်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချခြင်းနှင့် ဒေသခံများ အကျိုးဖြစ်ထွန်းစေခြင်းအပါအဝင် မြန်မာနိုင်ငံအတွင်း ကျောက်မျက်အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းတို့အထိ ပါဝင်မည့်...

ရခိုင်မြေကတိုက်ပွဲ မည်သူအထိနာ

ဘေးဒုက္ခစုံသည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးဒုက္ခမှာလည်း ပိုမိုဆိုးဝါးလာသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့ကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်သူ လူဦးရေမှာလည်း ခြောက်ရာထက်မနည်း ရောက်ရှိလာပြီဖြစ်သည်။ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့တွင် တိုက်ပွဲများ...

အိန္ဒိယသမ္မတအပြန် မြန်မာအတွက် ဘာကျန်လဲ

နိုင်ငံအဆင့် သမိုင်းဝင်ခရီးစဉ်အဖြစ် အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည်။ အမေရိကန်ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံမည့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်နှင့် မြန်မာတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် အိန္ဒိယသမ္မတ၏ ပထမဆုံးမြန်မာနိုင်ငံခရီး စတင်ခဲ့ခြင်းလည်းဖြစ်သည်။ အိန္ဒိယသမ္မတသည် ဒီဇင်ဘာလ...