သာသနာမြေအငြင်းပွားမှု ကယားဝန်ကြီးချုပ် သတိပေးခံရ
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လဖောင်ရှိုကို ကက်သလစ်ဘုရား ကျောင်းမြေသိမ်းသည်ဆိုသည့် အငြင်းပွားမှုအပါအဝင် ပါတီစည်းကမ်းအရ ငြိစွန်း၍ ခေါ်ယူသတိပေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ ခေါ်ယူသတိပေးရာတွင် မယ်စဲ့မြို့ကက်သလစ်သာသနာမြေ အငြင်းပွားမှုလည်း ပါဝင်ကြောင်း...