Tagged: ကျန်းမာရေး

အစားအစာများတွင် ဆားနှင့် သကြားပါဝင်မှုနှုန်းထားများသိရှိရန် မူဝါဒပြဋ္ဌာန်းမည်

ရန်ကုန်၊အောက်တိုဘာ၁၉ ဆီးချိုနှင့်သွေးတိုးရောဂါဖြစ်ပွားမှုများနေသောကြောင့် အစားအစာများတွင် ဆားနှင့် သကြားပါဝင်မှုနှုန်းထားများကို သိရှိရန် မူဝါဒတစ်ခုပြဋ္ဌာန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။ လက်ရှိတွင် မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာန၊ အာဟာရသုတေသနဌာနခွဲ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆေးသုသေတနဌာနတို့မှ တာဝန်ရှိသူများပါဝင်သော...

“နှလုံးကို သွားတဲ့ သွေးကြောက သုံးခုရှိတယ်။  အဲဒါတွေ ပိတ်သွားတယ်ဆိုရင် အောင့်တယ်ဆိုပြီးတော့ နှလုံးရပ်သွားတာမျိုးရှိတယ်”

နှလုံးရုတ်တရက်ရပ်တန့်၍ သေဆုံးသည့်အခြေအနေဖြစ်ပေါ်စေသည့် အကြောင်းအရင်းများနှင့် သတိပြု နေထိုင်သင့်သည့် နည်းလမ်းများကို အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဝင်းဇော်သန်းကို The Voice Weekly ဆက်သွယ်မေးမြန်းထားပါသည်။ The Voice Weekly – နှလုံးရုတ်တရက်ရပ်တန့်ရခြင်းက ဘာကြောင့်များ ဖြစ်နိုင်ပါသလဲ ဆရာ။...

သွေးလှူမယ့်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်

လူ့အသက်တွေကို ကယ်ဖို့ သွေးလှူရှင်တွေကလည်း အရေးကြီးပါတယ်။ သူတစ်ပါးအသက်ဆက်ဖို့ သွေးနဲ့ အသက်ကယ်မယ့်သူတွေ ဖြစ်တာကြောင့် သွေးလှူရှင်တွေကိုယ်တိုင်ကလည်း ကျန်းမာနေဖို့ လိုပါတယ်။ သွေးလှူရှင်တွေအနေနဲ့ ကျန်းမာရေးအတွက် သတိပြု ဆင်ခြင်နေထိုင်သင့်တဲ့ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ရေသောက်ပါ သွေးမလှူခင် သွေးလှူရှင်အနေနဲ့...

ရေရှားသောအရပ် သို့မဟုတ် ရေရှာရခက်ခဲသော အရပ်မှာ ရေပြဿနာဖြေရှင်းနည်း လေးနည်း

ရေအသက် တစ်မနက်ဆိုတဲ့အတိုင်း ရေမသောက်ဘဲ ရပ်တည်ဖို့ဆိုတာ မလွယ်ပါဘူး။ ရေခက်ခဲတဲ့ဒေသကို ရောက်တဲ့အခါ ရေကောင်းရေသန့် ရှာရခက်ခဲတာဖြစ်စေ၊ ရေအရင်းအမြစ် ဘယ်နားရှိတယ်ဆိုတာ မသိရင်ဖြစ်စေ  ရေပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလေးနည်းကို ဖော်ပြပေးလိုက်ပါတယ်။ သစ်ပင်နဲ့ တိရစ္ဆာန်ခြေရာ ကြည့်တတ်ပါစေ ခရီးကြမ်းသွားရင်းပဲဖြစ်ဖြစ်၊...

နွေနေပူမှာ သင်္ကြန်လည်မယ့်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ

နွေနေပူချိန်ခါ သင်္ကြန်လည်မယ့်သူတွေအတွက် ကျန်းမာရေးဆိုင်ရာထိခိုက်နိုင်မှု၊ သတိပြုစရာတွေကို ဆေးတက္ကသိုလ် (မကွေး)၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနက သရုပ်ပြဆရာဝန် ဒေါက်တာညိုကောင်းနှင့် The Voice Journal က မေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ Voice  : သင်္ကြန်တွင်းမှာအတွေ့ရများတဲ့ကျန်းမာရေးပြဿနာကိုသိပါရစေဆရာ။ Dr.NK...

အပူဒဏ်ခံစားရမှု သတိပြုစရာ

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် မူးမေ့ခြင်းကိုခံစားရနိုင်ပြီး ပိုမိုပြင်းထန်လာပါက အသက်အန္တရာယ်ဖြစ်စေသည်အထိ အရေးပေါ်ကျန်းမာရေးပြဿနာကြုံတွေ့နိုင်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များကို ကိုးကား၍ အပူဒဏ်ခံစားရပါက ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အပူကြောင့်ဖြစ်တတ်သည့် ရောဂါလက္ခဏာများ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းတို့...

“ကျွန်တော်စဉ်းစားလို့မရတာ ဒီလောက်အဆင်စပြေနေတဲ့အချိန်မှာ ဘာကြောင့်လုပ်လဲ”

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တွေ့ဆုံခြင်း လတ်တလောတွင် တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးထုတ်လုပ်သူများနှင့် တိုင်းရင်းဆေးနယ်ပယ်ရှိ ဝန်ထမ်း၊ ကျောင်းသား၊ အသင်းအဖွဲ့ စသဖြင့် ကဏ္ဍအသီးသီးတွင် ပါဝင်နေသူများစုပေါင်းကာ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နေရာတွင် တိုင်းရင်းဆေးပညာရှင်ကို ခန့်ထားပေးရန် ယခုလ...

နှုတ်မဆက်နဲ့ ငိုချင်တယ်

၁၈-၁၁-၂၀၁၇ ရက်နေ့။ မွန်းလွဲ ၂ နာရီတိတိအချိန် …။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့မွေးနေ့ပါခင်ဗျာ။ ကျွန်တော် အမျိုးမျိုးစဉ်းစားကြည့်နေမိပါတယ်။ ကျွန်တော့်အသက်အရွယ်က တတိယအရွယ် …။ တတိယအရွယ်တွင်မှ နောက်ဆုံးလောက် ရောက်ပါတော့မယ် ခင်ဗျာ။ ဒီလိုအချိန်မှာ အရွယ်နဲ့ပတ်သက်ပြီး ပြည်သူ့အကျိုးအတွက်...

ဆေးယဉ်ပါးခြင်းမဖြစ်အောင် သတိပြုလိုက်နာရမယ့်အချက် လေးချက်

ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် ပဋိဇီဝဆေးတွေကို သောက်သုံးရတဲ့အခါ ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားတာကို မလိုက်နာ၍ဖြစ်စေ၊ ပေါ့ဆမှုများကြောင့်ဖြစ်စေ ဆေးယဉ်ပါးပြီး ဆေးမတိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ ဆေးယဉ်ပါးတာကြောင့် ရောဂါကုသရာမှာ ကုသချိန်ကြာမြင့်ခြင်း အပါအဝင် အခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် ဆေးမယဉ်ပါးအောင် ဘယ်လိုဂရုစိုက် ပြုမူနေထိုင်သင့်တယ်ဆိုတာကို...

ကာကွယ်ဆေးကြောက်ရောဂါ

ဖြစ်လာပါက ကုရန်ဆေးမရှိ။ ကာကွယ်ရုံသာ ကာကွယ်နိုင်သည်ဟုဆိုရာ ထိုရောဂါကို ကာကွယ်ရန်မှတစ်ပါး အခြားမရှိ။ သို့သော် ကာကွယ်ဆေးထိုးရေး မိဘများမှာ တွန့်ဆုတ်နေရသည်။ အဘယ်ကြောင့်နည်း။ “သူတို့အတွက်တော့ တစ်သန်းမှာ တစ်ယောက်ဆိုပေမယ့် ကိုယ့်အတွက်တော့ ၁၀၀ ရာခိုင်နှုန်းပဲ” ဟု မိခင်တစ်ဦးက...