Tagged: ခက်ဇော်

လှပစွာ ပွင့်သည်၊ သို့သော် … ဆူးများနှင့်

ဧည့်လမ်းညွှန်လောကတစ်ခုလုံးက သူ့ကို မားဇော်ဟု ချစ်စနိုးဖြင့် ခေါ်ကြသည်။ နက်မှောင်သော ဆံပင်ရှည်ရှည်၊ စိမ်းလွှလွှဖြူသော အသားအရည်နှင့် သူကလည်း လိင်တူချစ်သူတစ်ဦးအဖြစ်ဖြင့် ထိုအမည်ကို တမြတ်တနိုး ခံယူ၏။ သူသည် နွဲ့သည်။ သို့သော် … သူ နွဲ့ခြင်းကား...

ခြားနားခြင်းတို့ဖြင့် လင်းခဲ့သည့် ကောင်းကင်

ထိုနေ့က ကလေးတစ်ယောက်၏  ကောင်းကင် ပြိုကျခဲ့ရပါသည်။ တပ်ကြပ်ကြီးတို့ ဇနီးမောင်နှံသည် ကလေးငယ်လေးကို ပွေ့ကာ ဆေးခန်းထဲမှ ပြန်ထွက်လာကြ၏။ ကလေးငယ်မှာ အဖျားတက်လျက်။ ထိုအချိန် မိုးတို့ တဖွဲဖွဲရွာသွန်းနေသည်။ ဝါယာလက်ဆေးခန်းမှ ဆရာဝန်က  ဆေးထိုးပေးလိုက်သဖြင့် မနက်ဖြန်ဆိုလျှင် ကလေးငယ်...

သေမင်းနှင့် စစ်ပွဲများစွာ သို့မဟုတ် ဒေါက်တာမန်းမြင့်ဆိုင်

၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့။ ရေဒီယိုမှ စစ်သီချင်းများလာနေသည်။ ဒေါက်တာမန်းမြင့်ဆိုင်သည် ရေဒီယိုကိုပိတ်လိုက်သည်။ အိမ်ကိုပါ မီးမှောင်ချလိုက်သည်။ ထို့နောက် နောက်ဖေးပေါက်မှ အသာထွက်ကာ တာဘောင်အတိုင်း ခပ်သွက်သွက်လျှောက်လှမ်းသွား၏။ အတန်ငယ် ဝေးသောနေရာရောက်မှ မိမိ၏ဆေးခန်းလည်းဖြစ်၊ မိသားစုအိမ်လည်းဖြစ်ခဲ့သောနေရာလေးကို ပြန်ငေးကြည့်မိသည်။...

ငလက်မတိုင်းပြည်အတွက် ကားရောင်းရန်ရှိသည်

သူ့အိမ်ကလေးသည် ကားများဖြင့် ပြည့်နှက်နေသည်။ ဆံပင်ရှည်ကို နောက်လှန်စည်းထားပြီး အိမ်နေရင်းစွပ်ကျယ်အင်္ကျီဖြင့် ထိုင်နေသည့် ထိုသူသည် ထိုမျှချမ်းသာသည်လော။ ချမ်းသာပါသည်။ သူ့တွင် အနုပညာဖန်တီးလိုမှုများဖြင့် ချမ်းသာပါသည်။ သူပိုင်သော ကားကလေးများသည်လည်း သူ့လက်ဖြင့် အသေးစိတ်ပြုလုပ်ထားသော ပုံစံတူကားကလေးများပင်ဖြစ်ပါသည်။ “လုပ်ချင်လို့ကို လုပ်တာဗျာ။...

ဘိုင်စကုပ်အပြင်က သခင်ကြီး

၁၉၈၇ ခုနှစ်က ဖြစ်သည်။ ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးကို ချိုဖြင့်အသေခတ်ပစ်လိုက်သည်။ သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများကို လိုက်လံဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။ မင်္ဂလာတောင်ညွန့်ရဲစခန်းက...

ဂျူဒိုနှင်းဆီ

ယခုနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများ၊ သတင်းများတွင် သူ့ကို လူသိများလာသည်။ ဦးဆောင်မြင့်မား စွမ်းပကားနှင့် မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ စာအုပ်တွင်လည်း ဖော်ပြခံခဲ့ရသည်။ သူကား အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်၏ အသက်အငယ်ဆုံး အမျိုးသမီးဒိုင်လူကြီး မခင်ချမ်းမြေ့သူ။ နယ်ပယ်တစ်ခုတွင် အောင်မြင်နေသော အမျိုးသမီးတစ်ဦးဖြစ်သည့်...

ကြိုးဝိုင်းထဲက တေးသွားတစ်ပုဒ်

လက်သီးထိုးချက် ခပ်သွက်သွက်တို့က တိကျအားပါလှသည်။ တစ်ချက်တစ်ချက် ပြိုင်ဘက်၏လက်သီးကို ခံလိုက်ရသောအခါ သူ၏နုနယ်လှပသော မျက်နှာလေး နီရဲသွား၏။ အသားဖြူဖြူ၊ နုနုဖတ်ဖတ်နှင့် လှပသော ထိုမိန်းကလေးသည် သာမန်ယောက်ျားများပင်လျှင် အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်လေ့မရှိသော လက်ဝှေ့ထိုးခြင်းဖြင့် အသက်မွေးနေ၏။ ဆယ်ကျော်သက်အရွယ်ကတည်းက ကြိုးဝိုင်းထဲသို့...

လေလွင့်လမ်းထက်မှ အနာဂတ်များ

‘အဲဒီဘဲကြီးကို ငါကလည်မျိုကို တက်နင်းပြီးဆွဲကြိုးကို ဖြတ်နေတာ။ ဟိုကောင်က သေချာမဖိထားတော့ လွတ်ထွက်သွားတာ။ နာတယ်ကွာ..အဲ့ဒါကြောင့် ငါလည်း အဖမ်းခံရတာ။ ပြန်ထွက်လာရင်တော့ နောက်တစ်ခွင်ဆို ပိုင်အောင်လုပ်ရမယ်” ဗဟန်းမြို့နယ်တရားရုံးမှ အပြန် အချုပ်ကားပေါ် အတက်တွင် ပြောနေသောစကားသံ။လုယက်မှုတစ်ခု မအောင်မြင်သည့်အကြောင်း ကို...