Tagged: ယဉ်ယဉ်နှောင်း

အမေကြည်ခင်တို့အိမ်

လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် သဘာဝကျကျ ပွင့်ပွင့်လင်းလင်း ချစ်စဖွယ် အပြောအဆို ဗီဒီယိုဖိုင်များကြောင့် လူချစ်လူခင်ပေါများလျက်ရှိသည့် အဘွားအိုတစ်ဦးရှိသည်။ သူ့အမည်ကို ချစ်စနိုးခေါ်ကြသည်က အမေကြည်ခင်။ အမေကြီး ဒေါ်ကြည်ခင်ဖြစ်သည်။ အမေကြီး ဒေါ်ကြည်ခင်ကား အသက်ကြီးမှ စန်းပွင့်လျက်ရှိသည့် မင်းသမီးဟုဆိုရမလိုပင်။...

ခရုလေးများနှင့် ကခုန်သူ

မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ထူးထူးခြားခြား ပန်းချီပြပွဲလေးတစ်ခု ကျင်းပနေသည်။ ပြပွဲအမည်ကား ခရုလေးများနှင့် ကခုန်ခြင်း။ ၂၀၁၈ ဇန်နဝါရီလ ၉-၁၀-၁၁ ရက်နေ့ဟူ၍ သုံးရက်တိုင်တိုင်ကျင်းပသော ထိုပန်းချီပြပွဲလေး၏ ပင်တိုင်ဖန်တီးရှင် ပန်းချီဆရာကား ဆရာဦးလုံး ဖြစ်သည်။...

မန္တလေးမြီးရှည်

မန္တလေးမြို့၏ စားစရာဟုဆိုလိုက်လျှင် ထိပ်ဆုံးကပြေးမြင်မိကြမည့် စားစရာများထဲ မြီးရှည်သည်လည်း တစ်ခုအပါအဝင်ပင်။ ကျိုင်းတုံမြီးရှည်၊ မိုးကုတ်မြီးရှည်၊ ယိုးဒယားမြီးရှည် စသဖြင့် မြို့နာမည်စွဲ ဒေသစွဲအမျိုးမျိုးနှင့် မြီးရှည်အမျိုးမျိုးရှိသလို မန္တလေးမြီးရှည်သည်လည်း တစ်မျိုးတစ်ဘာသာ။ မန္တလေးမြီးရှည်ဟူသော စကားလုံးသည်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။ မြီးရှည်ဟူသော...

စာအုပ်အငှားဆိုင်တို့ ကျဆုံးခန်း

မန္တလေးမြို့တွင် ယခုနှစ်ပိုင်းအတွင်း သိသိသာသာပြောင်းလဲမှုတစ်ရပ်ကို ဖော်ပြပါဆိုလျှင် စာအုပ်အငှားဆိုင်တို့ ပိတ်သိမ်းရခြင်းကို ထိပ်ဆုံးကထားပြောရလိမ့်မည်။ တိုးတက်လာသော ခေတ်ရေစီးနှင့်အတူ မန္တလေးမြို့ရှိ စာအုပ်အငှားဆိုင်တို့ ကြာကြာတောင့်မခံနိုင်ကြတော့။ စာအုပ်အငှားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်၊ တံခါးတစ်ချပ်ပြီးတစ်ချပ် ပိတ်သိမ်းကြရခြင်းကို မန္တလေးစာအုပ်ဆိုင်တို့ ကြုံတွေ့နေကြရပြီ။ စာအုပ်အငှားဆိုင်များ အငှားပါးလာခြင်းသည်...

တော်လှန်ရေးဘုရား၏ ရာဇဝင်

  နှစ်စဉ် နတ်တော်လဆန်း ၇ ရက် ရောက်ပြီဆိုလျှင် မန္တလေးမြို့တွင် ထင်ရှားသော ဘုရားပွဲတစ်ခုရှိလေသည်။ ထိုဘုရားဘွဲ့အမည်ကား ရွှေလေးဘုရား။ သာမန်ဘုရားများနှင့်မတူ ရွှေလေးဘုရားတွင် ထူးခြားသည့်ရာဇဝင်ရှိသည်။ ညောင်ပင် ဈေးသူဈေးသားတို့၏ မျိုးချစ်စိတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို ပြဆိုနေသော ဘုရားဖြစ်သောကြောင့်ပင်။...

ငွေပိုးမျှင်တို့ ရစ်ဖွဲ့ရာ

လေးဘက်လေးတန် ကာရံထားသည့် ထရံကာ၊ သမံတလင်း ဂိုဒေါင်ပုံစံ ခြံငယ်လေးထဲတွင် မနန်းရီတစ်ယောက် ပိုးကောင်ငယ်လေးများနှင့် အလုပ်ရှုပ်နေသည်။ သူမကိုင်တွယ်နေသည့် ပိုးကောင်ငယ်လေးများသည် မန္တလေးမြို့ အမရပူရရက်ကန်းရုံများမှ ပိုးထည်များရက်လုပ်ရန် ကုန်ကြမ်းပိုးချည်မျှင်များထုတ်ပေးသည့် ပိုးကောင်ငယ်လေးများဖြစ်သည်။ ပိုးစာပင်ဖြစ်ထွန်းသော ပြင်ဦးလွင်၊ နောင်ချို၊ ဘန့်ဘွေး၊...

ငွေပဒေသာပင်တို့သီကုံးရာ

တန်ဆောင်မုန်းလသည် ကထိန်ရာသီဟုဆိုရမလောက်ပင် မန္တလေးတစ်မြို့လုံး ရပ်ကွက်အသီးသီး၊ အသင်းအဖွဲ့အသီးသီးက ကထိန်အလှူတွေ ကျင်းပကြသော ကာလလည်းဖြစ်သည်။ မိုးလေကင်းလွတ်သောကာလ၊ မြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာတို့ ဝါတွင်းသုံးလဝါဆိုပြီးသည့်ကာလမို့ ထိုကာလတွင် သင်္ကန်းလှူဖွယ်များလှူဒါန်းသော ကထိန်အလှူသည် မြတ်သောအလှူဟုလည်း ဆိုကြသည်။ ထို့ကြောင့်လည်း သင်္ကန်းမှာကထိန်...

ပုရစ်ပေါ်ချိန်

  မိုးအကုန် သီတင်းကျွတ်ပြီဆိုလျှင် မန္တလေး၏လမ်းတွေမှာ ပုရစ်ကြော်သည်တွေ အစီအရီထွက်ပေါ်လာပြီ။ ၇၃ လမ်းမ ဆေးကျောင်းတစ်ဝိုက်ကို ဖြတ်သန်းသွားသည်နှင့် ပုရစ်ကြော်နံ့တွေ မွှေးပျံ့လို့နေသည်။ မန္တလေးနှင့် ပုရစ်၊ ပုရစ်နှင့် မန္တလေးက ခွဲ၍မရခဲ့။ မန္တလေးပုရစ်ကြော်ဆိုသည်နှင့် နိုင်ငံတစ်ဝန်းတွင် နာမည်ကြီးပြီးသား။...

တစ်ချိန်တုန်းက မီးပုံးတွေ

သီတင်းကျွတ်ရောက်တော့မည်ဆိုသည်နှင့် မန္တလေးမြို့တစ်ခွင် လမ်းမတွေပေါ် လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီ။ လျှော့ဈေးရောင်းချသည့်ဆိုင်များ၊ ဝါကျွတ် ကန်တော့ပစ္စည်း ဝယ်ယူသူများနှင့် ဈေးတိုင်းလိုလို လူအုပ်က ကြိတ်ကြိတ်တိုးပင်။ စားသောက်ကုန်၊ ကန်တော့ပစ္စည်း၊ မင်္ဂလာခန်းဝင်ပစ္စည်းစသော ဆိုင်တွေ ရောင်းရလက်မလည်သလို သီတင်းကျွတ်ရာသီကုန်ပစ္စည်းဖြစ်သော မီးပုံး၊ မီးဆိုင်း၊ မီးလည်များရောင်းချသည့်...

ဘုရားသုံးဆူအိုးပုတ်ပွဲ

သီတင်းကျွတ်ကာလနီးပြီဆိုလျှင် မန္တလေးမှာ ဘုရားပွဲရာသီတွေစတော့မည်ဆိုတာ အချက်ပေးစရာမလိုဘဲ အလိုလိုသိကြပြီ။ ဘုရားပွဲအစ ဘုရားသုံးဆူကဟူသော ဆိုရိုးအတိုင်း မန္တလေးကဘုရားပွဲရာသီသည် ဘုရားသုံးဆူ ဘုရားပွဲကစပြီး ကျင်းပလေ့ရှိသည်။ ဘုရားသုံးဆူဘုရားပွဲသည် အခြားဘုရားပွဲများနှင့်မတူ ထူးခြားချက်တစ်ခုရှိသည်။ ဘုရားပွဲမတိုင်မီတစ်လအလိုခန့်ကပင် အိုးပုတ်သည်တွေ အစုံအလင် ဈေးတန်းထွက်ကြသော ဘုရားပွဲမို့...