Tagged: ရန်ကုန်တိုင်းဒေသကြီးအစိုးရ

ရန်ကုန်မှာ ဘာတွေဖြစ်နေလဲ

ရန်ကုန်မှာ ဘာတွေဖြစ်နေလဲဟူသည့် မေးခွန်းအတွက် အထိရောက်ဆုံးအဖြေမှာ စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာကို ကြည့်ပါဟူ၍ ပြောရပေမည်။ အကြောင်းမှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာဖော်ပြချက်များကိုကြည့်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြား အချိတ်အဆက်ကို တွေ့နိုင်ပေမည်။ ထို့ပြင် မည်သည့်စီးပွားရေးလုပ်ငန်းကို အစိုးရက မည်သို့မျက်နှာသာ ပေးထားသည်ကိုလည်း တွေ့နိုင်သည်။...

ဝင်ငွေနည်းများအတွက် မြေရှင်ဖြစ်ရေး မျှော်လင့်ခြင်းများ

“ကိုယ့်ရှေ့ကလူကိုမှတ်ထား။ ကြားဖြတ်မယ်” ဟူသည့် ဆူဆူညံညံအသံများ ညံနေသည်။ ပူပြင်းသည့်နေရောင်အောက်တွင် ထောင်နှင့်ချီသည့် လူတန်းရှည်ကြီးသည် တစ်စုံတစ်ရာကိုရရှိရန် တန်းစီစောင့်ဆိုင်းနေကြသည်။ ယခင် သမဝါယမခေတ်ကကဲ့သို့ ဆန်ဝယ်ယူခွင့်ရရှိရန် တန်စီးနေခြင်းမဟုတ်၊ ထို့အတူ စစ်အစိုးရလက်ထက်က လူတစ်ဦးလျှင် နှစ်ဆယ့်ငါးကျပ်သားရောင်းချပေးသည့် စားအုန်းဆီဝယ်ယူခွင့်ရရှိရန် စီတန်းနေခြင်းလည်း...

ကျောင်းတော်က အကျိတ်အခဲနှင့် ဘီလီယံ ၅၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေး YBS စနစ်တွင် ပါဝင်ခဲ့ကြသည့် ဘတ်စ်ကားကုမ္ပဏီများသည် ယခုအခါ ဧရာဝတီဘဏ်၏ အကြွေးတောင်းမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကပင် ဧရာဝတီဘဏ်က YBS ကုမ္ပဏီများကို တရားစွဲတော့မည်ဟူသော သတင်းများသည် သတင်းထောက်အသိုင်းအဝိုင်းကြားတွင်...

ပုဒ်မနောက်က စိတ်

တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုများကို အခြားနည်းများဖြင့်မဖြေရှင်းလိုသည့်အခါ တရားစွဲဆိုကြသည်။ တရားစွဲဆိုမည် ဆိုလျှင် မည်သည့်ပုဒ်မဖြင့် မည်သည့်ဥပဒေဖြင့် စွဲဆို၍ရသလဲ စဉ်းစားရသည်။ တရားစွဲဆို၍ရနိုင်သောပုဒ်မ တစ်ခုထက်မကရှိလျှင် ထိုအထဲကမှ ထပ်မံရွေးချယ်ရသည်။ မိမိရွေးသော ပုဒ်မသည် မိမိစိတ်၊ မိမိခံယူချက်ကို...

ရန်ကုန်အစိုးရ၏မြေသိမ်းမှုပုံစံ လွှတ်တော်တွင်ဝေဖန်ခံရ

ရန်ကုန်၊ ဇွန် ၂၂ ကုန်းတွင်းဆိပ် (Dry Port)စီမံကိန်းတည်ဆောက်ရန် မြေသိမ်းသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ မြေသိမ်းမှုပုံစံနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဝေဖန်ခံရလျက်ရှိသည်။ ကုန်းတွင်းဆိပ် (Dry Port) ဟူသည် ကုန်ပစ္စည်းများကို စနစ်တကျ သိုလှောင်ထိန်းသိမ်း၍ သယ်ယူပို့ဆောင်ရ...