Tagged: လူမှုဘဝ

ကလေးငယ်များ၏ ဖုန်းစွဲလမ်းမှု – ဘေးနှင့် ဆေး

ကလေးငယ်က ဖုန်းကိုင်လိုသော်လည်း မိခင်က ပေးမကိုင်လို။ ကလေးငယ်၏ အော်ဟစ်ငိုယိုနေသံနှင့်အတူ ကလေးငယ်နှင့် မိခင်တို့အကြား ဖုန်းတစ်လုံးကို လုယက်နေကြသည်။ ရန်ကုန်မြို့ ဆူးလေမှ သင်္ဘောကျင်းဘက်သို့သွားသည့် YBS ကားတစ်စီးပေါ်မှ မြင်ကွင်းဖြစ်သည်။ ထိုမြင်ကွင်းမျိုးကို အများပြည်သူသုံး မော်တော်ယာဉ်များပေါ်တွင်သာမက နေအိမ်များ၊...

ကိုယ်ဝန်ဆောင်ဖေဖေ

အသက် ၂၅ နှစ်ဝန်းကျင်သာရှိသော သူတို့ စုံတွဲလေးကို မြင်လျှင် ‘နှစ်ယောက်လုံးချောတယ်’ ဟု မှတ်ချက်ချကြမည်သာ။ အသားဖြူဖြူ၊ ကျွဲကော်ကိုင်းမျက်မှန်လေးနှင့် အီမိုပုံစံဆံပင်ကေညှပ်ထားသော ကောင်ကလေးနှင့် ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်း ကောင်မလေးတို့သည် လှေကားပေါ်မှ ဖြေးညှင်းစွာ ဆင်းလာကြပါသည်။...

မေတ္တာ စေတနာတို့ကို အလှူခံကြသူများ

သန်လျင်မြို့နယ် အေးမေတ္တာရပ်ကွက်အတွင်း အလွမ်းဆွတ်ကျေးရွာအမည်ရှိ ခုနစ်လုံးတန်းတဲအိမ်များထဲမှ ဓနိမိုးထရံကာ တဲအိမ်တစ်လုံးတွင် အမျိုးသမီးငယ်တစ်ဦး ခပ်မှိုင်မှိုင်ထိုင်ငေးနေသည်။ သူ့နံဘေးက ခုံတစ်ခုံအထက်တွင် ဆေးလိပ်တိုများ ထည့်ထားသည့် ပန်းကန်တစ်ချပ်နှင့်အတူ သူနှင့် အရွယ်မတိမ်း မယိမ်း အမျိုးသားတစ်ဦး၏ ဓာတ်ပုံ ရှိနေသည်။ ထိုဓာတ်ပုံမှာ...

မင်္ဂလာကြိုမှတ်တမ်း အလှကောက်ကြောင်း

ဓာတ်ပုံများ၊ ဗီဒီယိုများကို အမှတ်တရအဖြစ်မှသည် မြင်ကွင်းများ၊ အဖြစ်အပျက်အကြောင်းအရာများကို မှတ်တမ်းတင်ခြင်းအထိ အကြောင်းအမျိုးမျိုးနှင့် ရိုက်ကူးကြသည်။ ထိုသို့သော အကြောင်းရင်းအမျိုးမျိုးရှိကြသူများတွင် “မှတ်တိုင်တစ်ခုအနေနဲ့ ရိုက်ဖြစ်ခဲ့တာ” ဟု ဆိုသူ ကိုမင်းထိုက်ကျော်မှာ ငွေဆောင်အထိ တကူးတက သွားရောက်ကာ ဓာတ်ပုံရိုက်ကူးခဲ့သူဖြစ်သည်။ သူရိုက်ကူးခဲ့သည့်...

မာရသွန်ဘဘ

သူ့ကို မာရသွန်ပွဲများတွင် တွေ့နိုင်သည်။ အသက် ၇၀ ကျော်ရှိပြီဖြစ်သည့် သူသည် အမြဲပန်းဝင်နေဆဲဖြစ်သည်။ မာရသွန်သမားများက ဆယ်လီ ဘဘဟုလည်း အမြတ်တနိုး ချစ်ခင်စွာ ခေါ်ဝေါ်ကြသူဖြစ်သည်။ သူဆိုသည်မှာ ဦးစောမောင်မောင်ထွေး။ ဦးစောမောင်မောင်ထွေး အကြောင်းကို ပြန်ပြာင်းပြောရမည်ဆိုလျှင် မြန်မာ့...

ဘိုင်စကုပ်အပြင်က သခင်ကြီး

၁၉၈၇ ခုနှစ်က ဖြစ်သည်။ ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးကို ချိုဖြင့်အသေခတ်ပစ်လိုက်သည်။ သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများကို လိုက်လံဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။ မင်္ဂလာတောင်ညွန့်ရဲစခန်းက...

စိတ်ဓာတ်ခြေထောက်များဖြင့် လမ်းလျှောက်ခဲ့သည်

အဖြူ၊ အစိမ်းကျောင်းဝတ်စုံလေးများကို သူငေးသည်။ ကျောင်းသွားချိန်မနက်တိုင်း လမ်းမပေါ်တွင် ကျောင်းသွားကြသည့် ရွယ်တူကလေးများကို ချိုင်းထောက်လေးနှင့်အတူ သူငေးသည်။ သူတို့နယ်မြို့ကလေးတွင် မသန်စွမ်းများအတွက် ကျောင်းမရှိ။ သာမန်ကျောင်းများကလည်း မသန်စွမ်း ကျောင်းသားတစ်ယောက်ကို သီးသန့် လက်ခံမထားနိုင်။ ဒီလိုနှင့် သူသည် ရွယ်တူကလေးများ...

“ဒါနဆန်ပါရှင်”

သီလရှင်တို့၏ နောက်ဘက်မျက်နှာစာ ကျောင်းရှေ့သို့ရောက်သည်နှင့် ညီညာ၍ ကြည်သာလှသည့် မေတ္တာပို့သံက ဆီးကြိုနေသည်။ ပရိဝုဏ်အတွင်း သို့ရောက်သည့်အခါ အဆိုပါမေတ္တာရှင်တို့ကို တွေ့ရသည်။ သီလရှင် ၇၀ ပါးခန့်က ပေါက်ပြဲရာများနှင့် ကျိုးတိုးကျဲတဲဖြစ်နေသည့် သစ်သားကြမ်းခင်းပေါ်တွင် စုဝေးထိုင်နေကြသည်။ သူတို့ ဆွမ်းသုံးဆောင်ကြရန်...

တစ်ချိန်တုန်းက မီးပုံးတွေ

သီတင်းကျွတ်ရောက်တော့မည်ဆိုသည်နှင့် မန္တလေးမြို့တစ်ခွင် လမ်းမတွေပေါ် လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီ။ လျှော့ဈေးရောင်းချသည့်ဆိုင်များ၊ ဝါကျွတ် ကန်တော့ပစ္စည်း ဝယ်ယူသူများနှင့် ဈေးတိုင်းလိုလို လူအုပ်က ကြိတ်ကြိတ်တိုးပင်။ စားသောက်ကုန်၊ ကန်တော့ပစ္စည်း၊ မင်္ဂလာခန်းဝင်ပစ္စည်းစသော ဆိုင်တွေ ရောင်းရလက်မလည်သလို သီတင်းကျွတ်ရာသီကုန်ပစ္စည်းဖြစ်သော မီးပုံး၊ မီးဆိုင်း၊ မီးလည်များရောင်းချသည့်...

နတ်ကနားပွဲယုံကြည်မှုနှင့် လူမှုဝန်းကျင်

စည်းချက်ဝါးချက်ညီညီ ထွက်ပေါ်နေသော နတ်ဒိုးသံနှင့်အညီ နတ်ကတော် (အရပ်အခေါ်) သို့မဟုတ် နတ်ဆရာက ယိမ်းထိုးကခုန်နေသည်။ ‘ထူးလည်းထူးတဲ့ … မြူးလည်းမြူးတဲ့ … တို့ကြီးကျော် …’ ဆိုသည့် တေးသွားအလိုက် ပိုးဖဲကတ္တီပါ အပေါ်ဝတ်အင်္ကျီကို တပြောင်ပြောင်တလက်လက်လုံချည်ဖြင့် တွဲဖက်ဝတ်ဆင်ကာ...