Tagged: သန်းဖေသား

သရဲနီတို့ပျော်တဲ့ ကျောင်း

မန္တလေးမြို့တော်၏ အစွန်အဖျားအကျဆုံးဟုဆိုရမည့် ဆင်းရဲသားအိမ်ထောင်စုအများဆုံးနေထိုင်ရာ ရပ်ကွက်လေးတစ်ခုထဲတွင် ကမ္ဘာကျော် ဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာအသင်း၏ အားကစားဝတ်စုံ (အနီရောင်) ကို တူညီစွာဝတ်ဆင်ပြီး စာသင်၊ စာကျက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ နီးပါးတို့ကို နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။ “သင်ကြားရေးနဲ့ပတ်သက်လို့ ဘာမှပြည့်စုံမှု...

ဆုမတောင်းကြသူများ

ညနေ ၅ နာရီ ထိုးပြီးသည်နှင့်တစ်ပြိုင်နက် မဟာမုနိဘုရားကြီးမျက်နှာသစ်တော်ရေအတွက် သနပ်ခါးသွေးနေကြသူများနှင့် ဘုရားဖူးလာသည့် ခုနစ်ရက်သား၊ သမီးများ သောက်သုံးကြရန် သောက်ရေဖြည့်နေကြသည့်အလှူရှင်များကို နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။ “ဒီကုသိုလ်လုပ်ငန်းက ထူးခြားတယ်လို့ ပြောရမယ်ထင်တယ်။ အားလုံး ကျန်းမာရေးကောင်းကြသလို ဖျားတယ်၊ နာတယ်သိပ်မရှိကြဘူး။ စီးပွားရေးလုပ်ငန်းအရလည်း...

ထာဝရ ရွေ့လျားကျောင်းတော်

‘ကံစမ်းတော့ မန်း၊ ဉာဏ်စမ်းတော့ ဆန်း’ ဟူသည့် ပြောစမှတ်စကားကို မန္တလေးမြို့တွင် နေထိုင်သီတင်းသုံးပြီး ပရိယတ္တိစာပေသင်ကြားနေကြသော ရဟန်း၊ သံဃာများအားလုံး သိရှိကြပြီးသားဖြစ်သည်။ မန္တလေးမြို့တော်တွင် ပရိယတ္တိစာပေသင်ကြားနိုင်ရေးအတွက် နေထိုင်စရာကျောင်းတိုက်နှင့် ဆွမ်းခံစားနိုင်ရေးသည် တစ်ချိန်ကခက်ခဲသော ဒုလ္လဘ တစ်ခုဖြစ်ခဲ့သည်။ စာသင်သားဘ၀ဖြင့်...

ဥယျာဉ်တန်းထဲက ဘ၀တက္ကသိုလ်

“ဒီစာကြည့်တိုက်ကြီး မဖြစ်ဖြစ်အောင် ကျွန်တော်တို့အနေနဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစိုးရကို ဆန့်ကျင်ပြီး လုပ်ခဲ့ကြရတယ်။ အဲဒီတုန်းက လူငယ်တွေကို ပညာရေးအားမပေးဘဲ နလပိန်းတုန်းဖြစ်အောင် အစိုးရက ဖိနှိပ်ချုပ်ချယ်ခဲ့တယ်” ဟု အတိတ်က ဖြစ်ရပ်များကို ပြောဆိုလိုက်သူက ပညာပျိုးခင်းစာကြည့်တိုက်တည်ထောင်သူ...

ပရဟိတဇာတ်ပို့လူငယ်များ

လောက၌ သူတော်ကောင်းတို့၏ ဥစ္စာသည် အနည်းငယ်ပင်ဖြစ်သော်လည်း တွင်းငယ်ထဲတွင်ရှိသည့်ရေကဲ့သို့ သူတစ်ပါးတို့အတွက် မှီခိုရာဖြစ်၏။ သူတော်ကောင်းမဟုတ်သော သူတို့၏ ဥစ္စာသည်ကား များပင်များသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခို၍မရ။ (လောကနီတိ) “ကိုယ်လှူလိုက်ရတဲ့နေရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လောက် အထောက်အကူပြုရာ ရောက်တယ်ဆိုရင်...

အင်းဝမြို့က နှလုံးသားဆေးခန်း

ဥပုသ်နေ့တိုင်း ကိုယ်ပိုင်ဆေးခန်းကိုပိတ်ပြီး မန္တလေးမှ အင်းဝမြို့သို့ အမြဲမပြတ်သွားရောက် ဆေးကုသပေးနေသည့် မြန်မာတိုင်းရင်းသမားတော်တစ်ဦး ရှိသည်။ ထိုသမားတော်မှာ မန္တလေးမြို့တော်အခြေစိုက် သိနေဟဆေးခန်းပိုင်ရှင် ဦးသိုက်ထွန်း ဖြစ်သည်။ “ဒီဆေးခန်းကို လာရောက်ကြတဲ့လူနာတွေဟာ ကျွန်တော်ကခေါ်လို့ လာကြတဲ့သူတွေမဟုတ်ဘူး။ မြန်မာ့တိုင်းရင်းဆေးရဲ့ စွမ်းအားကိုသိလို့ အဝေးကြီးကနေ...

ဂုဏ်ထူးဆောင်၏ ဂုဏ်ထူးဆောင်

“အခုဆို သမီးရည်မှန်းထားခဲ့ဖူးတဲ့ ငယ်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ရင်ထဲမှာ အတိုင်းမသိ ခံစားရတဲ့ပီတိက ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရလောက်အောင်ပါပဲ”ဟု ရင်တွင်းစကားဆိုလိုက်သူက မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံးကျောင်း အလှူရှင်မလေး မဖြူးခေတ်။ ၂၀၁၆ -၂၀၁၇ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရှင်နှင့် မန္တလေးတိုင်းဒေသကြီး၏...

လက်တွဲဖော်တို့၏ ဒုတိယပီတိ

“ဆေးရုံတက်ရပြီဆိုမှတော့ ဘယ်သူမဆို ငွေပါမှအဆင်ပြေတာ။ ငွေမပါရင် ဆေးဝယ်ဖို့ ဒုက္ခရောက်မယ်။ ဘ၀တူ စာပေနယ်ပယ်က လက်တွဲဖော်တွေ မျက်နှာမငယ်ရအောင် ကူညီပေးစောင့်ရှောက်ပေးတယ်ဆိုတာ တကယ်တော့ ကျွန်တော်တို့ စာပေညီအစ်ကို၊ မောင်နှမများအတွက် ဒုတိယပီတိပဲ” ဟု ဆိုသူက မန္တလေးစာပေပညာရှင်များ လူမှုကူညီရေးအစီအစဉ်၏...

ဘ၀အလင်းဆောင်ကြဉ်းပေးသူများ

“ကျွန်မ ပညာတွေသင်ကြားပြီးဆုံးသွားရင် ဆေးပညာနဲ့ ပတ်သက်တဲ့ လူမှုရေးလုပ်ငန်းတွေ ကုသိုလ်ဖြစ်ဆေးခန်းတွေထိုင်ပြီး ဆေးကုသပေးမယ်။ ဆေးကုသပေးရင်း ရရှိလာတဲ့ဝင်ငွေတွေနဲ့ ဆရာတို့ရဲ့ ပညာရေးဖောင်ဒေးရှင်းမှာ ပြန်လည်လှူဒါန်းကူညီပေးသွားဖို့လည်း ဆုံးဖြတ်ထားတယ်”ဟုဆိုလာသူက မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလေး မသဉ္ဇာဌေး။ ဆရာဝန်လောင်းဖြစ်သူ မသဉ္ဇာဌေးသည် မန္တလေးမြို့တော်အခြေစိုက် ဦးမင်းဆွေ+...